တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ နှစ်ဦးကို ဘုရင့်နောင် Quarantine စင်တာသို့ ပို့ဆောင်ထား

တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ နှစ်ဦးကို ဘုရင့်နောင် Quarantine စင်တာသို့ ပို့ဆောင်ထား

ရန်ကုန် ၊ ဧပြီ ၁

တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိသည့် မြန်မာနိုင်ငံသား အမျိုးသမီးနှစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် သံသယရှိသဖြင့်  ၁၄ရက်ကြာ စောင့်ကြည့်ရန် လှိုင်မြို့နယ်ရှိ ဘုရင့်နောင် Quarantine စင်တာသို့ ပို့ဆောင်ထားကြောင်း သိရ သည်။

၎င်းလူနာနှစ်ဦးသည် တရုတ်နိုင်ငံ၊ ကြယ်ခေါင်ဒေသမှ အလုပ်လုပ်ကိုင်ပြီး မတ်လ၊ ၃၀ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြလေးလမ်းရှိ ၎င်းတို့၏ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု တောင်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ပြောသည်။

“ကျွန်တော်တို့ သွားစစ်တာက ၃၁ရက်နေ့မှာပေါ့ ။နေပူထဲမှာ တိုင်းလို့လားမသိဘူး ။အဖျားက တက်နေတယ် ။အဲ့တာကြောင့် စံပြဆေးရုံမှာ သွားပြကြတယ် ။အဲ့ကနေမှ စောင့်ကြည့်ဖို့ ဘုရင်နောင် ကွာလတင်း စင်တာကိုပို့ တယ်။ မနေ့ကသွားပို့တဲ့အချိန်မှာတော့ အဖျားက ပုံမှန်ပြန်ဖြစ်သွားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးကို ဘုရင့်နောင် Quarantine စင်တာတွင် ၁၄ရက်ကြာ စောင့်ကြည့်သွားမည်ဖြစ်ပြီး ၁၄ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် သံသယလက္ခဏာများ ထပ်မံပေါ်လာပါက သီးခြားစောင့်ကြည့်ပြီး ဓာတ်ခွဲစစ် ဆေးသွားမည်ဟု သိရသည်။

သံသယလူနာနှစ်ဦး နေထိုင်သွားသည့် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၁၄ရပ်ကွက်၊ မြလေးလမ်း တာဘောင်ကျူ းကျော် ပတ်ဝန်းကျင်ကိုလည်း ကူးစက်မှုမရှိစေရန် ပိုးသတ်ဆေးဖြန်းထားကြောင်း သိရသည်။

ယနေ့ ဧပြီလ ၃၁ရက်နေ့တွင် တောင်ဥက္ကလာမြို့နယ်အတွင်းသို့ ပြည်ပနိုင်ငံမှ ထပ်မံရောက်ရှိလာသည့်လူ ၃ဦးကိုလည်း စောင့်ကြည့်လူနာအဖြစ် ထားရှိရန် ပို့ဆောင်သွားမည် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ် (COVID-19)စောင့်ကြည့်လူနာ ၅၅၉ ဦး ရှိပြီး ပိုးတွေ့လူနာ ၁၅ဦး ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ်လ ၃၁ရက်နေ့ ည ၈နာရီက ထုတ်ပြန် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly