မြန်မာနိုင်ငံမှာ သတင်းတု၊ သတင်းအမှားတွေကို ထိန်းချုပ်တော့မည့် Facebook

မြန်မာနိုင်ငံမှာ သတင်းတု၊ သတင်းအမှားတွေကို ထိန်းချုပ်တော့မည့် Facebook
ပုံ- မြန်မာပြည်မှာ သတင်းတု၊ သတင်းမှားများကို ထိန်းချုပ်တော့မယ့် Facebook (ပုံ-newsfeed.org)

ရန်ကုန်၊ ဧပြီ ၁

Facebook မှ သတင်းတု၊ သတင်းအမှား ပျံ့နှံမှုလျော့ချရေးနှင့်  အများပြည်သူ ဖတ်ရှုမည့် သတင်းများ၏ အရည်အသွေး ပိုမို တိုးတက်ကောင်းမွန် လာရေးအတွက် လုပ်ငန်းစဉ်တစ်ခုအား မြန်မာနိုင်ငံတွင် စတင်နေပြီ ဖြစ်ကြောင်း ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ထိုလုပ်ငန်းစဉ်မှာ ပြင်ပ အဖွဲ့အစည်းများမှ တဆင့် အချက်အလက် စစ်ဆေးသည့် လုပ်ငန်းစဉ်ဖြစ်ကာ နိုင်ငံ တကာ အချက်အလက် စစ်ဆေးရေးကွန်ရက် (IFCN)မှ ထောက်ခံချက် ရရှိထားသည့် BOOM အဖွဲ့ဖြင့် လက်တွဲ လုပ်ကိုင်သွားမည်ဟု သိရသည်။

BOOM သည် မြန်မာနိုင်ငံအတွက် Facebook ပေါ်တွင် မြန်မာဘာသာဖြင့် ရေးသားထားသော အကြောင်းအရာ များ၊ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဓာတ်ပုံနှင့် ဗီဒီယိုများအား ဆန်းစစ်လေ့လာကာ မည်မျှတိကျ မှန်ကန် ကြောင်းကို အဆင့် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အချက်အလက် စစ်ဆေးသူများက မှားနေသည်ဟု သတ်မှတ်လိုက်သည့် အကြောင်းအရာတစ်ခုမှာ သတင်း စဉ်တွင် မြင်တွေ့ရမှု နည်းသွားမည်ဖြစ်ပြီး သတင်းအမှား ပျံ့နှံ့ရောက်ရှိမှုနှုန်းကို သိသိသာသာ လျော့ချ ပေးနိုင် မည်ဟု သိရသည်။

သတင်းအမှားများအား ထပ်ဖန်တလဲလဲ မျှဝေနေသော စာမျက်နှာနှင့် domain များမှာလည်း ၎င်းတို့၏ သတင်း ပျံ့နှံ့ ရောက်ရှိမှုနှုန်း လျော့ကျသွားသည်ကို တွေ့မြင်ရမည် ဖြစ်ကာ facebook မှ တဆင့် အခကြေးငွေ ရရှိနိုင် မှုနှင့်  ကြော်ငြာနိုင်ခွင့်တို့ ကန့်သတ်ခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly