ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ မာဆေးလ်အသင်း ဥက္ကဋ္ဌဟောင်း ပါပီဒတ်ဖ် သေဆုံး

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ မာဆေးလ်အသင်း ဥက္ကဋ္ဌဟောင်း ပါပီဒတ်ဖ် သေဆုံး
Photo: AFP

မာဆေးလ်အသင်းဥက္ကဋ္ဌဟောင်း ပါပီဒတ်ဖ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် အသက် ၆၈ နှစ်အရွယ်မှာ သေဆုံးခဲ့တယ်လို့ သူ့ရဲ့ မိသားစုဝင်တွေက AFP ကို မတ်လ ၃၁ ရက်၊ အင်္ဂါနေ့က ပြောပါတယ်။

ဒတ်ဖ်ဟာ အာဖရိကအလယ်ပိုင်းက ချဒ်မှာ မွေးဖွားခဲ့ပေမယ့်လည်း ပြင်သစ်နဲ့ ဆီနီဂေါနိုင်ငံသားဖြစ်ပါတယ်။ သူဟာ မာဆေးလ်အသင်းမှာ ၂၀၀၅ ကနေ ၂၀၀၉ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အသင်းကို ၂၀၁၀ မှာ လီဂူ-၁ အမှတ်ပေးဖလား ကိုင်မြှောက်နိုင်အောင် ကူညီခဲ့ပါတယ်။

သူဟာ ပြင်သစ်မှာ COVID-19 ရောဂါ ကုသမှုခံယူဖို့အတွက် အင်္ဂါနေ့အစောပိုင်းက ဒါကာ (Dakar - ဆီနီဂေါမြို့တော်)ကနေ နိုက်စ်မြို့ကို ထွက်ခွာဖို့ စီစဉ်ထားပေမယ့်လည်း လေယာဉ်ဟာ ဆီနီဂေါကနေ ဘယ်တော့မှ မထွက်ခွာနိုင်တော့ပါဘူး။

ဒတ်ဖ်ဟာ မာဆေးလ်အသင်းမှာ ဥက္ကဋ္ဌအဖြစ် တာဝန်မယူခင်က ဂျာနယ်လစ်တစ်ယောက်လည်းဖြစ်ပြီး ဘောလုံးအေးဂျင့်တစ်ယောက်လည်းဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required