ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မြင့်တက် အင်ဒိုနီးရှားတွင် အရေးပေါ်အခြေအနေ ကြေညာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မြင့်တက် အင်ဒိုနီးရှားတွင် အရေးပေါ်အခြေအနေ ကြေညာ

ဧပြီ ၁

ကမ္ဘာ့စတုတ္ထ လူဦးရေအများဆုံး အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ထပ်မံမြင့်တက်လာသဖြင့် သမ္မတ ဂျိုကိုဝီဒိုဒိုက မတ် ၃၁ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီဖြစ်သော်လည်း တစ်နိုင်ငံလုံး အဝင်အထွက်ပိတ် lockdown ချရန် တောင်းဆိုမှုများကို ပယ်ချထားသည်။

နိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး လူဦးရေ သန်း ၃၀ ခန့်နေထိုင်သော မြို့တော် ဂျကာတာအပါအဝင် အဓိကမြို့ကြီးများတွင် lockdown ချခြင်း မရှိသည့်အတွက် ဝီဒိုဒိုအစိုးရသည် ပြင်းပြင်းထန်ထန် ဝေ ဖန်ခံနေရသည်။

ပို၍ တင်းကျပ်သော လူခွဲနေထိုင်မှုထက်ပို၍ အရေးပေါ်အခြေအနေနှင့် ပတ်သက်ပြီး သမ္မတ ဂျိုကိုဝီဒိုဒိုက အနည်းအကျဉ်းသာ ပြောဆိုသောလည်း လူမှုအထောက်အပံ့များနှင့် ဝင်ငွေနည်းအလုပ်သမားများအတွက် အမတော် ကြေး ထောက်ပံ့ခြင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရန်ပုံငွေ စိုက်ထူမှုကို ကြေညာခဲ့သည်။

အရှေ့တောင်အာရှ၏ စီးပွားရေး အကြီးဆုံး အင်ဒိုနီးရှားနိုင်ငံတွင် နည်းပါးသော လုပ်ခလစာဖြင့် ခြစ်ခြုတ်စားသောက်နေရသော ပြည်သူ သန်းပေါင်းများစွာ ရှိနေသည်။

“COVID-19 ရဲ့ ရိုက်ခတ်မှုကို ကျော်လွှားနိုင်ဖို့ ပိုပြီး တင်းကျပ်တဲ့ လူခွဲနေထိုင်မှုကို ကျွန်တော်တို့ ရွေးချယ်ရတာပဲ ဖြစ်တယ်။”ဟု ဝီဒိုဒိုက သတင်းထောက်များအား ပြောသည်။

“ကျွန်တော်တို့အနေနဲ့ အခြားနိုင်ငံတွေက အတွေ့အကြုံတွေကို သင်ခန်းစာ ယူရမှာ ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတိုင်းဟာ ကိုယ်ပိုင်ဝိသေသ ရှိတာကြောင့် ထပ်တူလိုက်လုပ်လို့တော့ မရနိုင်ဘူး။”ဟု ၎င်းက ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၃၆ ဦး ရှိပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၁၅၂၈ ဦး ရှိကြောင်း အာဏာပိုင်များက မတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly