ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်း ယခင် တွက်ချက်ထားသည်ထက် လျော့နည်းဟု ဆို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်း ယခင် တွက်ချက်ထားသည်ထက် လျော့နည်းဟု ဆို

ဧပြီ ၁

"ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြီး လူမည်မျှ သေဆုံးထားသနည်း " ဆိုသည့်မေးခွန်းကို ဖြေကြားရာတွင် . .

 မတ် ၃၁ ရက်က ထုတ်ပြန်သော သုတေသနတစ်ရပ်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းသည် ယခင် တွက်ချက်ထားသည်ထက် လျော့နည်းနေသည် ဆိုသော်လည်း တုပ်ကွေးကြောင့် သေဆုံးနှုန်းထက်မူ ပို၍ များပြား နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

အစောပိုင်း ခန့်မှန်းချက်ထက် နည်းပါးသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းကို ကောက်ယူရာတွင် တစ်ခါတစ်ရံ ရောဂါရှာဖွေဆဲအဆင့်က သေဆုံးနှုန်းကိုပါ ထည့်တွက်ထားခြင်းဖြစ်သော်လည်း တုပ်ကွေးကြောင့် သေ ဆုံးသူနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်းထက်မူ ပိုများနေဆဲ ဖြစ်သည်။

ဗိုင်းရပ်စ် ကူးစက်မှုကို ရှာဖွေမတွေ့ရှိသည့် သေဆုံးသူဦးရေကို ထည့်မတွက်သည့် အခါမှ ကိုရိုနာကြောင့် သေဆုံးနှုန်းသည် ၁ ဒသမ ၃၃ ရာခိုင်နှုန်းရှိပြီး ယခင်ထုတ်ပြန်သည့် သေဆုံးမှုနှုန်းနှင့် ပို၍ ကိုက်ညီမှုရှိသည်ဟု Lancet ဆေးပညာဂျာနယ်က သုတေသနပြု တွေ့ရှိသည်။

ဥပမာအားဖြင့် ဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါဆိုင်ရာ အမေရိကန် အမျိုးသားသိပ္ပံကျောင်းမှ ညွှန်ကြားရေးမှူး ဒေါက်တာ အန်တိုနီဖူစီက “သေဆုံးနှုန်းကို တိုင်းတာမယ်ဆိုရင် ၂ ရာခိုင်နှုန်းလောက် ရှိလိမ့်မယ်။”ဟု မတ်လအစောပိုင်းက ပြောထားသည်။

သို့သော်လည်း ရောဂါလက္ခဏာမပြဘဲ သေဆုံးနှုန်းကိုပါ ထည့်တွက်ထားခြင်းများ ရှိနေ၍ အမှန်တကယ်နှုန်းထားက လျော့နည်းနိုင်သည်ဟု ၎င်းက အလေးအနက်ထား ပြောသည်။

ထုံးစံအားဖြင့် သေဆုံးမှုနှုန်းကို ကိုရိုနာဗိုင်းရပ်စ်လူနာများပေါ်တွင်သာ မူတည်စဉ်းစားရပြီး ယင်းက ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများ၏ အာရုံစိုက်မှုကို ဖြစ်ပေါ်စေမည်။ ရောဂါလက္ခဏာမပြသော၊ အပျော့စား ဖြစ်ပွားမှုများကို ထည့်တွက်၍ မဖြစ်ပေ။

ယခု သုတေသနက အမှန်တကယ် ဗိုင်းရပ်စ်ကူးစက်ပြီး သေဆုံးမှုနှုန်း အမှန်ကို ခန့်မှန်းနိုင်ရန် သုတေသနပညာရှင်များက ကြိုးစားခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ကူးစက်ဖြစ်ပွားသူများမှ စမ်းသပ်တွေ့ရှိလောက် အောင် ဖျားနာခြင်း မရှိသူများ မပါဘဲ လူမည်မျှသေဆုံးသည်ကို တွက်ချက်နိုင်ရန် ကြိုးစားခြင်းပင် ဖြစ်သည်။

သုတေသနပညာရှင်များက ကူးစက်ပျံ့နှံ့မှု အချက်အလက်များနှင့် ကူးစက်မှုနှင့် သေဆုံးမှု သတင်းထုတ်ပြန်ချက်များကို ပေါင်းစပ်ပြီး ယေဘုယျ သေဆုံးနှုန်းကို ၁ ရာခိုင်နှုန်း၏ သုံးပုံနှစ်ပုံ ရှိမည်ဟု ခန့်မှန်းခဲ့သည်။

ဗိုင်းရပ်စ် ကူးစက်ပြီးနောက် သေဆုံးမှုနှုန်းတွင် အသက် ၈၀ နှင့်အထက်များ၌ ၇ ဒသမ ၈ ရာခိုင်နှုန်း ရှိသည်ဟု ခန့်မှန်းသည်။ အသက် ၉ နှစ်အောက် ကလေးများ ကူးစက်သေဆုံးမှုမှာမူ အလွန်တရာ ရှားပါးပြီး ၀ ဒသမ ၀၀၁၆၁ ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုသည်။

အသက် ၄၀ အောက် အုပ်စုများတွင် သေဆုံးနှုန်းက ၀ ဒသမ ၁၆ ရာခိုင်နှုန်းထက် လုံးလုံး မပိုကြောင်း ယခု သုတေသနက ဖော်ပြထားသည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ လူငယ် ၁၀၀၀ လျှင် တစ်ဦး၊ နှစ်ဦးခန့်သာ သေဆုံးကြပြီး ငယ်ရွယ်သူများက ဘေးပိုနည်းသည်ဟု ဆိုသည်။

“မီဒီယာတော်တော်များများ အာရုံစိုက်တဲ့ အပရိက ကိစ္စတွေလည်း ရှိနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သုတေသနပြုချက်အရတော့ အသက် ၅၀ နဲအထက် ကူးစက်သူတွေဟာ ၅၀ အောက်တွေထက် ဆေးရုံတက် လာတာ ပိုများပြီး သေဆုံးမှုလည်း ပိုများနိုင်ဖွယ် ရှိတာကို တွေ့ရှိရတာပဲ ဖြစ်ပါတယ်။”ဟု သုတေသနစာတမ်းကို ရေးသားသူ Imperial College London မှ ပါမောက္ခ အက်ဇရာဂါနီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly