သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ကျန်းမာရေးကောင်းမွန်သည်ဟု သမ္မတရုံးပြော

သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ကျန်းမာရေးကောင်းမွန်သည်ဟု သမ္မတရုံးပြော

နေပြည်တော်၊ မတ်လ ၃၁၊

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေး ကောင်းမွန်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကာ ကောလဟလများကို ချေပလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မတ်လ ၂၃ရက်နေ့က လက်ခံတွေ့ဆုံခဲ့သူသည် “ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ညှိုနှိုင်းရေးမှူး” ဖြစ်ပြီး COVID-19 ရောဂါပိုးတွေ့ရှိမှု ကြောင့် ကုတင် ၁၀၀၀ ဆေးရုံးတွင် သီးသန့် ကုသမှုခံယူနေရသူ ဌာနေကိုယ်စားလှယ်၏ ရုံးဝန်ထမ်းဖြစ်သည် ဆိုသည့်အပေါ် အကောင့်တုများမှ ကောလ ဟာတွေ ပြန်နှံ့နေကြောင်း ဦးဇော်ဌေးကပြောသည်။

အထက်ပါ ကောလဟာလများနှင့်ပတ်သက်ပြီး “ နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရောကျန်းမာရေးကောင်းမွန်ပါတယ်။ နိုင်ငံ့တာဝန်တွေကို ပုံမှန်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါတယ်။ Self Quarantine ရော Home Quarantine ရော ဘာမှ လုပ်ဆောင်တာ မရှိပါ။ ကျန်းမာရေး အထူးကောင်းမွန်ပါတယ်” ဟု ဦးဇော်ဌေးက  သမ္မတအိမ်တော် သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ၌ COVID-19 ကူးစက်ရောဂါ ပြန်ပွားနေ့သည့်အချိန်ဖြစ်သည့်အတွက် ဧည့်သည်လက်ခံတွေ့ဆုံမှုများကို အထူးသတိထားပြီးဆောင်ရွက်နေသည်ဟု ဦးဇော်ဌေးက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required