Covid-19 ကြောင့် ပရိသတ်တွေကို နေအိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းခဲ့တဲ့ ဗီလာအသင်းခေါင်းဆောင် ဂရီယယ်လစ်ရှ်ကတော့ အရှက်ကွဲစရာ အဖြစ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ်ကနေ ပရိသတ်တွေကို အိမ်အပြင်မထွက်ကြပဲ အိမ်ထဲမှာသာ နေကြဖို့ တိုက်တွန်းခဲ့တဲ့ အသက် (၂၄)နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့အသင်းဖော်တွေနဲ့အတူ ပါတီပွဲတစ်ခုဆီ သွားရောက်ခဲ့တာဖြစ်ပြီး အိမ်အပြန်မှာ အသေးစား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။
သူ့ရဲ့ပေါင် ၈၀၀၀၀ ကျော်တန် Range Rover ကားက ယာဉ်တိုက်မှု ဖြစ်ထားခဲ့လို့ ပျက်စီးနေတာကို တွေ့ခဲ့ရပြီး ကားဘန်ပါတွေက ပျက်စီးနေခဲ့တာပါ။
Aston Villa are looking for Jack Grealish as police hunt for the driver of a white Range Rover that crashed into parked cars before being abandoned https://t.co/ciPo9cxEEZ
— MailOnline Sport (@MailSport) March 29, 2020
TheSun က ဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ ခေါင်းစွပ်အကျႌကို ဝတ်ဆင်ထားတဲ့ ဂရီယယ်လစ်ရှ်ဟာ သူ့ရဲ့ကားထိခိုက်မှုအတွက် စကားပြောနေတာကို တွေ့ရမှာဖြစ်ပြီး အနီးအနားမှာ ရှိသူတွေကတော့ ဒီကားဟာ အနီးအနားမှာရှိတဲ့ ကားနှစ်စီးကိုလည်း ဝင်တိုက်မိခဲ့သေးတယ်လို့ ဆိုပါတယ်။
ဂရီယယ်လစ်ရှ်အနေနဲ့ အဲဒီတိုက်မိခဲ့မှုအတွက် လျော်ကြေးပေးခဲ့ရပြီး အမှုဖွင့်အရေးယူခံရတာမျိုးတော့ မရှိဘူးလို့ သတင်းတွေက ဖော်ပြကြပါတယ်။
Jack Grealish photographed at crash scene - what we know so far @markjacko10 this just popped up from The Villa Rag, next excuse after his NHS Tweet in Saturday #Disgrace https://t.co/cVQJGUnCk8
— Neil Gibbard (@gibbardbluenose) March 30, 2020
ဂရီယယ်လစ်ရှ်နဲ့ အသင်းဖော်တွေဟာ ဆိုလီဟူးလ်အနားမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ ပါတီ ကျင်းပခဲ့ကြတာဖြစ်ပြီး တစ်ညလုံးဆူညံနေခဲ့ပြီး မနက် ၈ နာရီလောက်မှာမှ ပါတီပွဲပြီးဆုံးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
မျက်မြင်တွေကတော့ ဂရီယယ်လစ်ရှ်ဟာ ယာဉ်တိုက်မှုအတွက် စိတ်ရှုပ်နေခဲ့ပုံရခဲ့ပြီး လူတော်တော်များများ ဝိုင်းအုံမလာခင်မှာပဲ ထွက်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာချိန်မှာ ပြောပြခဲ့ကြပါတယ်။
ဆိုရှယ်မီဒီယာမှာတော့ ပရိသတ်တွေကို အိမ်မှာနေဖို့ပြောပြီး သူကိုယ်တိုင်ကတော့ ပါတီမှာ ကဲနေတဲ့ ဂရီယယ်လစ်ရှ်ရဲ့ အပြုအမူကို ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ ဒီလို အခြေအနေမျိုးမှာ ပါတီပွဲကျင်းပတာကလည်း မလုပ်သင့်တဲ့အပြုအမူ တစ်ခုပဲလို့ အများစုက ဝေဖန်နေကြတာပါ။
Jack Grealish sends message to coronavirus victim over 'lucky' Aston Villa shirt https://t.co/QLLQd2serW pic.twitter.com/FydhWZ7ggX
— Aston Villa News (@avfcnews2019) March 29, 2020