ဘောလုံးသမားဘဝမှာ ထောင်ထဲရောက်ခဲ့ကြရတဲ့ ကစားသမား(၁၀)ယောက်

ဘောလုံးသမားဘဝမှာ ထောင်ထဲရောက်ခဲ့ကြရတဲ့ ကစားသမား(၁၀)ယောက်
Photo: EPA

ဘောလုံးသမားဘဝဆိုလို့ ပိုက်ဆံတွေလည်း သောက်သောက်လဲချမ်းသာ၊ အကုန်လုံးကလည်း ဘာလုပ်လုပ် ပြောမယ့်သူမရှိ။ အဲဒီလို ဘဝမျိုး ရလိမ့်မယ် မထင်ပါနဲ့။ သူတို့ဘာသာ နာမည်ဘယ်လောက်ကြီးကြီး၊ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ဥပဒေတွေကို ချိုးဖောက်ရင်တော့ ထောင်ထဲဝင်ရမှာပါပဲ။ ဘောလုံးသမားဘဝမှာ နာမည်ကြီးပေမယ့် ဥပဒေတွေကို ချိုးဖောက်လို့ ထောင်ထဲဝင်ခဲ့ရတဲ့ ကစားသမား(၁၀)ယောက်ကို သိချင်ရင်တော့ အောက်မှာ ဖတ်ကြည့်လိုက်ပါ..

(၁)။ ရော်နယ်ဒင်ဟို

ရော်နယ်ဒင်ဟို အကြောင်းကတော့ လူသိအများဆုံးဖြစ်ကြမှာပါ။ ပတ်စ်ပို့အတုကိုင်ဆောင်ပြီး ပါရာဂွေးနိုင်ငံထဲ ဝင်သွားခဲ့တဲ့ ရော်နယ်ဒင်ဟို တစ်ယောက် လက်ရှိ ပါရာဂွေးအကျဉ်းထောင်မှာ အကျဉ်းကျနေခဲ့ပြီး ထောင်ဒဏ် (၆)လလောက် ကျခံရဖို့ရှိနေပါတယ်။

(၂)။ အဒမ်ဂျွန်ဆင်

ဆန်းဒါးလန်းအသင်းရဲ့ တောင်ပံကစားသမား အဒမ်ဂျွန်ဆင် ကတော့ အသက် (၁၅)နှစ်အရွယ် မိန်းကလေးနဲ့ အတူအိပ်ခဲ့ကြောင်း တွေ့ရှိခဲ့တာကြောင့် ထောင်ဒဏ် (၆)နှစ်ကျခံခဲ့ရတာပါ။ အသက်မပြည့်သေးတဲ့ မိန်းကလေးနဲ့ အတူ အိပ်ခဲ့တဲ့ ဂျွန်ဆင် ဟာ အဲဒီအချိန်တုန်းက အင်္ဂလန်ရဲ့ အလားအလာကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်နေပြီး တစ်ပတ်ကို ပေါင်(၅၀၀၀၀)လောက် လစာရနေသူပါ။

(၃)။ အီယန်ရိုက်

အာဆင်နယ်အသင်းရဲ့ ဂန္ဓဝင်ကစားသမားကြီး အီယန်ရိုက် တစ်ယောက်လည်း ထောင်ကျခဲ့ဖူးပါတယ်။ သူကတော့ လိုင်စင်မပါပဲ ကားမောင်းတဲ့ ပြစ်မှုကို ကျုးလွန်ခဲ့တာဖြစ်ပြီီး ထောင်ထဲမှာ (၂)ပတ်နေရမယ့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

(၄)။ ချက်ဒ်အီဗန်

ရှက်ဖီးယူနိုက်တက်နဲ့ ဝေးလ်အသင်းရဲ့ တိုက်စစ်မှူးဟာ (၂၀၁၂)ခုနှစ်မှှာ အသက် (၁၉)နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ ထောင်(၅)နှစ် ချမှှတ်ခံခဲ့ရတာပါ။ ဒါပေမယ့် (၂၀၁၆)ခုနှစ်မှာတော့ သူ့ရဲ့အမှုကို ပြန်လည်စစ်ဆေးခဲ့ပြီး တရားရုံးက အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် (၂၀၁၆)အောက်တိုဘာမှ ဘောလုံးလောက ထဲကိုိ ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။

(၅)။ လီဟုချ်

ဝက်စ်ဘရွန်းအသင်းရဲ့ တိုက််စစ်မှူးဟောင်း လီဟုချ် ကတော့ ကလေး(၄)ယောက်ရဲ့ ဖခင် ဒေါက်ဂလပ်ဂရေဟမ် ကို ကားနဲ့တိုက်မိပြီး သေဆုံးသွားစေခဲ့လို့  ထောင်ဒဏ်(၃)နှစ် ကျခံခဲ့ရသူပါ။ သူက (၂၀၀၇)ခုနှစ်မှာ ဘောလုံးသမားဘဝကို ပြန်လည်စတင်နိုင်ခဲ့ပြီး အိုးလ်ဟမ်နဲ့ နော့တ်ကောင်တီအသင်းတွေမှာ ပြန်လည်ကစားခဲ့ပါတယ်။

(၆)။ လုခ်မက်ကောမစ်ခ်

ပလိုင်းမောက်အသင်းရဲ့ ဂိုးသမားဟောင်းဟာ (၂၀၀၈)ခုနှစ်မှာ အရက်မူးပြီး ကားမောင်းရာကနေ ကလေးနှစ်ယောက်ကို ကားနဲ့ တို်က်မိသွားခဲ့တာပါ။ အသင်းဖော် သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကနေ အရက်မူးပြီး ကားမောင်းပြန်လာခဲ့တဲ့ လုခ်ဟာ အသက်(၁၀)နှစ်အရွယ် အာရွန်နဲ့ (၈)နှစ်အရွယ် ဘန် တို့ ညီအစ်ကို ကို တိုက်မိခဲ့တာဖြစ်ပြီး ကလေးနှစ်ယောက်လုံးသေဆုံးသွားခဲ့တဲ့အတွက် ထောင်ဒဏ် (၇)နှှစ်နဲ့ (၄)လ ချမှတ်ခြင်းခံခဲ့ရပါတယ်။

(၇)။ တိုနီအဒမ်

အာဆင်နယ်အသင်းနဲ့အင်္ဂလန််အသင်းရဲ့ နောက်ခံကစားသမားကြီး တိုနီအဒမ်ကလည်း ထောင်ကျခဲ့ဖူးပါတယ်။ (၁၉၉၀)ခုနှစ်တုန်းက အရက်မူးပြီး ကားမောင်းရာက တစ်ဆင့် အုတ်နံရံကို ဝင်တိုက်မိခဲ့လို့ ထောင် (၄)လ ချမှတ်ခြင်းခံခဲ့ရတာပါ။ 

(၈)။ ဂျာမိန်းပင်နန့််

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမားဟောင်းဟာ (၂၀၀၅)ခူနှစ်မှာ မူးပြီး ကားမောင်းမှုနဲ့ ထောင်(၃)လ ကျခံခဲ့ရတာပါ။ သူက ဘောလုံးသမားဘဝမှာ ထင်ရာစိုင်းသူတစ်ယောက်အဖြစ် နာမည်ကြီးပြီး လက်ရှိအချိန်မှာတော့ တီဗီကြယ်ပွင့်တစ်ယောက်တောင် ဖြစ်နေပါပြီ။

(၉)။ ဒန်ကန်ဖာဂူဆန်

ရိန်းဂျားအသင်းနဲ့ အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒန်ကန်ဖာဂူဆန် ကတော့ ရိန်းဂျားအသင်းမှာ ကစားနေချိန် (၁၉၉၄)ဧပြီ မှာ ပြိုင်ဖက်ကစားသမားရဲ့မျက်နှာကို ခေါင်းနဲ့တိုက်ခဲ့လို့ ထောင်(၃)လ ချမှတ်ခြင်းခံခဲ့ရပါတယ်။ သူက ဘောလုံးကွင်းထဲက အပြုအမူအတွက် ပထမဆုံး ထောင်ကျခံရတဲ့ ကစားသမားဖြစ်လာခဲ့ပြီး ဂလက်စကိုအကျဉ်းထောင်ထဲမှာ ထောင်နန်းစံခဲ့ရတာပါ။

(၁၀)။ မာလွန်ကင်း

ဘာမမင်ဂမ်အသင်းတိုက်စစ်မှူးဟောင်း မာလွန်ကင်းကတော့ (၂၀၁၄)ခုနှစ်မှာ ရေခဲမုန့်စားရင်း ကားမောင်းရာကနေ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့လို့ ထောင်် (၁၈)လ ချမှတ််ခံခဲ့ရတာပါ။ မာလွန်ကင်းက  ဆိုင်ကယ်သမားတစ်ယောက်ကို ဝင်တိုက်မိခဲ့တာဖြစ်ပြီး အတိုက်ခံရသူဟာ အသက်သေဆုံးသွားခြင်းတော့ မရှိခဲ့ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly