ကိုယ်ပိုင်လုပ်ငန်းရှင်များကို လစဉ် အမြတ်အစွန်း၏ ၈၀ ရာခိုင်နှုန်း ထောက်ပံ့ရန် ဗြိတိန် စီစဉ်

ကိုယ်ပိုင်လုပ်ငန်းရှင်များကို လစဉ် အမြတ်အစွန်း၏ ၈၀ ရာခိုင်နှုန်း ထောက်ပံ့ရန် ဗြိတိန် စီစဉ်

မတ်လ ၂၇။             ။ ကိုရိုနာဗိုင်းရပ်စ်၏ ဘဏ္ဍာရေးကဏ္ဍအပေါ် သက်ရောက်မှုအား ကုစားနိုင်ရေးအတွက် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ၎င်းတို့၏ လစဉ် အမြတ်အစွန်း၏ ၈၀ ရာခိုင်နှုန်း ရရှိရန် လျှောက် ထားနိုင်ပြီဖြစ်ကြောင်း ဗြိတိန် ဘဏ္ဍာရေးမှူးချုပ်က ကြေညာသည်။

တစ်လလျှင် အများဆုံး ပေါင် ၂၅၀၀ ပေးသွားမည့် အဆိုပါ ထောက်ပံ့ငွေကို တစ်လုံးတစ်ခဲတည်း ပေးမည်ဖြစ်သော်လည်း အစောဆုံးအားဖြင့် ဇွန်လအစထိတိုင် စောင့်ဆိုင်းရမည် ဖြစ်သည်။

“ခင်ဗျားတို့ကို မေ့မထားပါဘူး။”ဟု ဘဏ္ဍာရေးမှူးချုပ် ရီရှီဆူနက်က ကိုယ်ပိုင်လုပ်ငန်းရှင်များအား ပြောသည်။

လခစားဝန်ထမ်းများအတွက် ၈၀ ရာခိုင်နှုန်း လုပ်ခလစာ အမတော်ကြေးထောက်ပံ့မှုကို ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။

ယခုကဲ့သို့ ဘဏ္ဍာရေးမှူးချုပ်က ကြေညာပြီးနောက် အချိန်ပိုင်းမှာပင် ဗြိတိန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်သော COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေသည် ပထမဆုံးအဖြစ် တစ်ရက်အတွင်း ၁၀၀ ကျော် အထိ ခုန်တက်သွားသည်။

အစောပိုင်းက အစိုးရ၏ စီးပွားရေးကုစားမှု လုပ်ငန်းစဉ်တွင် ကိုယ်ပိုင်လုပ်ငန်းရှင်များနှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များအား ထောက်ပံ့မှု မပါဝင်သဖြင့် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာ၌ ကွဲပြားခြားနားချက်များ ရှိနေသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာသည့် စီးပွားရေးကို မောင်းနှင်ရေး၌ မှန်ကန်သည့် လမ်းကြောင်းတွင် ရှိနေကြောင်း ဆူနက်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required