Covid-19 ကြောင့် နေအိမ်မှာနေရင်း ကတုံးတုံးလိုက်ရတဲ့ ဘောလုံးသမား (၃)ယောက်

Covid-19 ကြောင့် နေအိမ်မှာနေရင်း ကတုံးတုံးလိုက်ရတဲ့ ဘောလုံးသမား (၃)ယောက်

Covid-19 ကြောင့် ဘောလုံးပွဲတွေ ရွှေ့ဆိုင်းထားချိန်မှာ ဘောလုံးသမားတွေလည်း သူတို့ရဲ့နေအိမ်တွေမှာ အချိန်ကုန်နေခဲ့ရတာပါ။ အရင်ကဆို ပရိသတ်တွေရဲ့ရှေ့၊ ဘောလုံးကွင်းထဲဝင်လိုက်ချိန်မှာ သူတို့ကိုယ်သူတို့ ကြည့်လို့ကောင််းအောင် ပြင်ဆင်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာ သူတို့အတွက် အရေးကြီးဆုံးက လွတ်လပ်ပြီး ပေါ့ပါးနေဖို့ပါပဲ။ ဒီလို အတွေးတွေနဲ့ပဲ နာမည်ကျော် ဘောလုံးသမား (၃)ယောက်ဟာ ကတုံးတွေ ဖြစ်သွားခဲ့ကြပါတယ်။

မန်ယူကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ တိုက်စစ်မှူး မာရှယ်တို့ဟာ ကတုံးတွေဖြစ်သွားကြကြောင်း သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေ တစ်ဆင့် အသိပေးပြီးနောက် အခုလည်း ရီးယဲလ်ကွင်းလယ်လူ ဟာဇက်က သူ့ရဲ့အင်စတာဂရမ်ကနေ ကတုံးဖြစ်သွားပြီ ဆိုတဲ့အကြောင်း အသိပေးလိုက်ပြန်ပါတယ်။

မာရှယ်က သူ့မိန်းမရဲ့ လက်စွမ်းပြမှုနဲ့အတူ ကတုံးဖြစ်သွားကြောင်း အင်စတာဂရမ်ကနေ အသိပေးလိုက်တာဖြစ်ပြီး ဟာဇက်ကလည်း နေအိမ်အတွင်းမှာ Covid-19 အတွက် နေရချိန်၊ ဆံပင်ညှပ်သမားခေါ်ဖို့ထက် ဒီလိုမျိုး ကတုံးနဲ့သာ နေကြဖို့ တိုက်တွန်းသွားခဲ့တာပါ။

ပရိသတ်တွေကတော့ ဒါကို ကတုံးစိန်ခေါ်မှုလို့ ခေါ်နေကြပြီး ဆိုရှယ်မီဒီယာမှာ ခေတ်စားနေတဲ့ တစ်ရှူးလိပ်စိန်ခေါ်မှုထက် အဆင့်မြင့်တယ်လို့လည်း ဟာသလုပ်နေကြပါတယ်။

ဟာဇက်ရဲ႔ ပင်တိုင်ဆံပင်ညှပ်ဆရာဖြစ်တဲ့ အာမက် အယ်လ်ဆာနာဝီက ဟာဇက်တစ်ယောက် ကတုံးနဲ့ဖြစ်သွားတဲ့ ပုံစံကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်သွားခဲ့ပြီး ပရိသတ်တွေကို အသိပေးလိုက်တာပါ။

 
 
 
 

 
 
 
 
 
 
 
 
 

My bro @hazardeden_10 #haircutathome #hazard

A post shared by A STAR (@astarbarbers) on

ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်အသင်းဆီ ပြောင်းသွားခဲ့ပြီး ရီးယဲလ်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကွင်းလယ်လူဟာ လက်ရှိအချိန်မှာ Covid-19 ကြောင့် နေအိမ်မှာပဲ လေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်နေခဲ့ရပြီး ဘောလုံးပွဲတွေ ပြန်လည်စတင်မယ့်အချိန်ကို စောင့်မျှော်နေရတာပါ။

ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်အသင်းဆီကို ပေါင်သန်း(၁၃၀)နဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့်လည်း ရီးယဲလ်မှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ ဟာဇက်ဟာ ဒဏ်ရာတွေနဲ့ မကြာခဏ ရုန်းကန်နေခဲ့ရပြီး ဒီရာသီမှာ အသင်းအတွက် (၉)ပွဲကစားကာ (၁)ဂိုးသာ သွင်းနိုင်ခဲ့သေးတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required