အမေရိကန်က တရုတ်နှင့်အီတလီကိုကျော်တက်ပြီး COVID-19 ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံဖြစ်လာ

အမေရိကန်က တရုတ်နှင့်အီတလီကိုကျော်တက်ပြီး COVID-19 ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံဖြစ်လာ

ဝါရှင်တန်၊ မတ် ၂၇။             ။ အမေရိကန်ဟာ ယခုအချိန်မှာ တရုတ်နဲ့အီတလီနိုင်ငံတို့ကို ကျော်တက်ကာ COVID-19 ကူးစက်ခံရမှုအမြင့်မားဆုံးနိုင်ငံဖြစ်ခဲ့ပြီး မတ်လ ၂၇ ရက် စာရင်းအရ ကူးစက်ခံရသူ (၈၅ ၅၂၀) ဦးရှိ သွားပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း အလုပ်လက်မဲ့ဦးရေလည်းများပြားလာပါတယ်။

G-20 ကမ္ဘာ့ခေါင်းဆောင်တွေကလည်း စီးပွားရေးပြိုလဲမှုတွေကို ကယ်တင်နိုင်ဖို့ အမေရိကန်ဒေါ်လာ (၅) ထရီလီယံ ထောက်ပံ့ပေးအပ်သွားမယ်လို့ ယမန်နေ့က ကတိကဝတ်ပြုခဲ့ကြပါတယ်။

ဒီနေ့အချိန်ထိ ကမ္ဘာ့လူဦးရေ (၅) သိန်းကျော်ဟာ  ဗိုင်းရပ်စ်ကူးစက်ခံနေရပြီး ကျန်းမာရေးစနစ်ကောင်းမွန်တဲ့ ချမ်းသာတဲ့နိုင်ငံတွေမှာပါ ဆိုးဆိုးရွားရွားကူးစက်ခံနေရတာဖြစ်ပါတယ်။

 အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ (၁၂၉၇) ဦးနဲ့ တစ်ကမ္ဘာလုံးမှာသေဆုံးသူ (၂၄ ၀၈၄) ဦးရှိပြီဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား (၄၀) ရာခိုင်နှုန်းခန့်ဟာ အစိုးရရဲ့ အိမ်အပြင်မထွက်ရ အမိန့်ကို လိုက်နာနေကြရပြီး သမ္မတ ထရမ့်ကလည်း နိုင်ငံသားတွေကို အိမ်ထဲမှာနေဖို့ အချင်းချင်း ခပ်ခွါခွါနေကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

 လက်ရှိအချိန်မှာတော့ COVID-19 ကြောင့် အီတလီနိုင်ငံက သေဆုံးသူ (၈၂၁၅) ဦးနဲ့ ထိပ်ဆုံးကရပ်တည်နေပြီး စပိန်နိုင်ငံက တရုတ်ကိုကျော်တက်ကာ သေဆုံးသူ (၄၃၆၅) ဦးရှိသွားပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required