ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ယူရို ၁ သိန်း လှူဒါန်းတဲ့ ပီအက်စ်ဂျီ

ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ယူရို ၁ သိန်း လှူဒါန်းတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကူညီဖို့ ပြင်သစ်ရဲ့ Secours Populaire ပရဟိတအဖွဲ့ကို ယူရို တစ်သိန်း (ပေါင် ၉၁,၀၀၀) လှူဒါန်းခဲ့ပါတယ်။

ဒီလှူဒါန်းငွေတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုဒဏ် ခံစားနေရတဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အိမ်ယာမဲ့တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

မြေပြင်မှာ လုပ်ကိုင်နေတဲ့ ဆရာဝန်တွေကို ထောက်ပံ့ဖို့နဲ့ စေတနာ့ဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့ ကူညီရာမှာ ဒီငွေတွေကို အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။

လက်ရှိမှာ ပြင်သစ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုပေါင်း ၁,၃၀၀ ကျော်နဲ့အတူ ဒါဟာ ကမ္ဘာ့ ပဥ္စမမြောက် အမြင့်ဆုံးနှုန်းဖြစ်ပါတယ်။

Secours Populaire ရဲ့ စီအီးအို သီယာရီ ရောဘတ်က "Secours Populaire Francais နဲ့ ကျနော်တို့ရဲ့ စေတနာ့ဝန်ထမ်း ၈ ထောင်ကျော်တို့က ပီအက်စ်ဂျီအသင်းရဲ့ လှူဒါန်းမှုအတွက် အများကြီး ကျေးဇူးတင်မိပါတယ်။"

"ဒီကူညီထောက်ပံ့ပေးမှုတွေက ဒီမကြုံစဖူး အကျပ်အတည်းရဲ့ အကျိုးဆက်တွေကြောင့် အထိခိုက်ခံရဆုံးသူတွေရဲ့ ဆင်းရဲဒုက္ခတွေကို သက်သာစေဖို့အတွက် အလျင်အမြန် ဆောင်ရွက်နိုင်ဖို့ Secours Populaire Francais ကို လုပ်ဆောင်နိုင်စေပါလိမ့်မယ်။"

ပီအက်စ်ဂျီအသင်းဟာ အထူးထုတ် ဘောလုံးဂျာစီကိုလည်း ထုတ်ခဲ့ပြီး ပါရီဆေးရုံးတွေအတွက် ကူညီဖို့  ယူရို နှစ်သိန်းအထိ ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly