ဗင်နီဇွဲလားသမ္မတကို မူးယစ်ဆေးကုန်သွယ်မှုနဲ့ အမေရိကန်က စွဲချက်တင်

ဗင်နီဇွဲလားသမ္မတကို မူးယစ်ဆေးကုန်သွယ်မှုနဲ့ အမေရိကန်က စွဲချက်တင်

ဝါရှင်တန်၊ မတ် ၂၇။                ။ အမေရိကန်ဟာ ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုနဲ့ အခြား အဆင့်မြင့်အရာရှိတွေကို မူးယစ်ဆေးအကြီးအကျယ်ကုန်သွယ်မှုနဲ့ စွဲချက်တင်လိုက်ပြီး ဖမ်းဆီးနိုင်ဖို့ သတင်းအချက်အလက် ပေးသူတွေကို အမေရိကန်ဒေါ်လာ (၁၅) သန်း ဆုငွေချီးမြှင့်သွားမယ်လို့ အမေရိကန်တရားရုံးချုပ်က မတ်လ ၂၆ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

The Cartel of The Suns လို့ခေါ်တဲ့ ကိုကင်းကုန်ကူးတဲ့မူးယစ်ဂိုဏ်းကို သမ္မတ မာဒူရိုက ဦးဆောင်တယ်ဆိုပြီး အမေရိကန်တရားရုံးချုပ်က စွပ်စွဲလိုက်တာဖြစ်ပါတယ်။

အဲဒီမူးယစ်ဂိုဏ်းဟာ မူးယစ်ဆေး တန်ချိန်ပေါင်းများစွာကို နှစ် (၂၀) ကျော်မျှ အမေရိကန်ဆီ တင်ပို့ခဲ့ပြီး ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရရှိနေကြတာလည်းဖြစ်ပါတယ်။  

စုံစမ်းစစ်ဆေးချက်များအရ သူတို့အဖွဲ့ဟာ အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ကိုလံဘီယာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ (FARC) နဲ့ လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ  ကမ္ဘာ့စီးပွားရေးကျဆင်းမှုဒဏ်ကို ခံစားနေခဲ့ရပြီး သမ္မတမာဒူရိုက အမေရိကန်ကိုဖျက်ဆီးဖို့ ကိုကင်းကို လက်နက်သဖွယ် အသုံးပြုခဲ့တယ်လို့ အမေရိကန်တို့က စွပ်စွဲခဲ့တာပါ။

“မာဒူရိုနဲ့ ထိပ်တန်းအရာရှိတွေက FARC အဖွဲ့နဲ့လျှို့ဝှက်ပူးပေါင်းပြီး အမေရိကန်ထဲ မူးယစ်ဆေးတန်ပေါင်းများစွာတင်သွင်းပြီး ဖျက်ဆီးနေတာပါ” လို့ အမေရိကန်တရားသူကြီးချုပ် Bill Barr ကပြောပါတယ်။

အမေရိကန်ဟာ ဗင်နီဇွဲလားသမ္မတကို အကျင့်ပျက်ခြစားမှုနဲ့ အာဏာရှင်ဆန်အုပ်ချုပ်မှုတွေကြောင့် ကာလရှည်ကြာ စွပ်စွဲပြစ်တင်ခဲ့ပြီး မာဒူရိုက  ကြိမ်ဖန်များစွာ ငြင်းဆန်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required