မက်ဆီကို ပန်းချီကားတစ်ချပ် လက်ဆောင်ပေးမိရာကနေ မီလျံနာဖြစ်သွားခဲ့တဲ့ အနုပညာရှင်

မက်ဆီကို ပန်းချီကားတစ်ချပ် လက်ဆောင်ပေးမိရာကနေ မီလျံနာဖြစ်သွားခဲ့တဲ့ အနုပညာရှင်

မစ္စတာ ဘလင်းလို့ လူသိများကြတဲ့ မူရီစီယို ဘင်နီတက်ဇ်ဟာ ကိုလံဘီယာနိုင်ငံသား အနုပညာရှင်တစ်ယောက်ပါ။ သူက သလင်းကျောက်တွေကို သုံးပြီး ပုံတူပန်းချီကားတွေ ဖန်တီးတဲ့သူပါ။ သူက အဲဒီ စိတ်ကူးကို (၂၀၁၀)ခုနှစ်မှာ စတင်ခဲ့ပြီး အခြားသူတွေနဲ့မတူတဲ့ လမ်းကြောင်းတစ်ခုပေါ် လျှောက်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ မက်ဆီ တစ်ယောက် ရန်ပုံငွေပွဲတစ်ခု ကစားဖို့ ကိုလံဘီယာ ကို လာတဲ့အချိန်မှာ ဘလင်းက မက်ဆီရဲ့ပုံတူ လက်ရာတစ်ခု ဖန်တီးပြီး လက်ဆောင်ပေးလိုက်ပါတယ်။ သူ့ရဲ့အောင်မြင်မှုက အဲဒီကနေ စတာပါ။ သလင်းကျောက်ပေါင်း (၁၅၀၀၀၀)နဲ့ ပြုလုပ်ထားရတဲ့ ဒီလက်ရာအတွက် တစ်လ အချိန်ယူခဲ့ရပြီး အဲဒီ ပုံတူအတွက် မက်ဆီ့ဆီကနေ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မရခဲ့ပါဘူး။ ဒါပေမယ့် မက်ဆီက သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ဒီပုံတူကို ကြေညာပေးခဲ့တဲ့အတွက်တော့ ပိုက်ဆံထက်ပိုတဲ့ အကျိုးအမြတ်တွေ ရရှိသွားခဲ့တယ်။

 
 
 
 

 
 
 
 
 
 
 
 
 

#tbt con uno de los grandes @leomessi

A post shared by MR BLING COLOMBIA (@mrblingcolombia) on

အဓိက အကျိုးအမြတ်တွေကတော့ ဘောလုံးသမားတွေဆီကပဲ ရရှိခဲ့တာပါ။ အထူးသဖြင့် ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဘလင်းရဲ့ လက်ရာကို လိုချင်ခဲ့လို့ သူ့ရဲ့အသင်းဖော် ကွာဒရာဒိုကတစ်ဆင့် ချိတ်ဆက်ခိုင်းခဲ့ပြီး သလင်းကျောက်ပုံတူ (၃)ခုအထိ အလုပ်အပ်ခဲ့တာပါ။

သူ့ရဲ့ချန်ပီယံလိဂ်က နောက်ပြန်ကန်ချက်၊ မိသားစုဓာတ်ပုံတစ်ပုံနဲ့ ဂျူဗင်တပ်စ်အသင်းက ပုံတစ်ပုံအတွက် ရော်နယ်ဒိုက အလုပ်အပ်ခဲ့ပြီး အဲဒီအတွက် တစ်ပုံကို ပေါင် (၁၅၀၀၀၀)လောက် ရော်နယ်ဒိုက ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နေမာ၊ ပေါ့ဂ်ဘာ၊ ဘက်ခမ် စတဲ့ နာမည်ကျော်တွေက ဘလင်း ဆီမှာ အလုပ်အပ်ခဲ့ကြပြီး သူတို့ရဲ့ ပုံတွေအတွက် ပေါင်(၈၀၀၀၀)ကနေ (၁၅၀၀၀၀)အတွင်း ပေးကြတယ်လို့ ဘလင်းက ဆိုပါတယ်။

သူ့ရဲ့လက်ရာတွေက ရာနှုန်းပြည့်ကိုယ်တိုင်လုပ် လက်ရာတွေဖြစ်ပြီး အရမ်းကြီးမားတဲ့ပုံတွေအတွက်ဆိုရင်တော့ ပေါင်(၁၅၀၀၀၀)ထက် ကျော်တဲ့ ပမာဏကို သူ ရရှိလေ့ရှိပါတယ်။

သူက သလင်းကျောက်နဲ့လုပ်ထားတဲ့ ဘောလုံးတွေကို နာမည်ကျော် ဘောလုံးသမားတွေဆီကို လက်ဆောင်ပေးခဲ့ပြီး သူ့ကိုယ်သူ ပိုလို့ လူသိများအောင်လည်း လုပ်နိုင်ခဲ့တယ်။

လက်ရှိအချိန်မှာတော့ သူ့ရဲ့လက်ရာကို လိုချင်လို့ အချိန်ပေးပြီး စောင့်နေရတဲ့ဘောလုံးသမားတွေ အများကြီး ရှိနေခဲ့ပါပြီ။

 
 
 
 

 
 
 
 
 
 
 
 
 

Congratulations to my friend @sadiomaneofficiel for being the African king of soccer @liverpoolfc #sadiomane @433

A post shared by MR BLING COLOMBIA (@mrblingcolombia) on

မက်ဆီကို လက်ဆောင်ပေးလိုက်တဲ့ ပန်းချီကားတစ်ချပ်ကြောင့် အခုလို သန်းကြွယ်သူဌေးဘဝကို ရောက်သွားတဲ့ ဘလင်းဟာ အခွင့်အရေးကို ကောင်းကောင်း အသုံးချတတ်သူပဲလို့ အားလုံးက ချီးကျူးနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required