အစိုးရဝန်ထမ်းများ လုပ်ငန်းခွင် အလုပ်လုပ်မှု ထက်ဝက်လျော့ချ

အစိုးရဝန်ထမ်းများ လုပ်ငန်းခွင် အလုပ်လုပ်မှု ထက်ဝက်လျော့ချ
လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ အစိုးရဝန်းထမ်းများ နေပြည်တော်ရှိ ၎င်းတို့၏ ဌာနသို့ တာဝန်းထမ်းဆောင်ရန် ရောက်ရှိလာစဉ်။ (ဓာတ်ပုံ - အီးပီအေ)

မတ် ၂၆ရက်

နိုင်ငံတစ်ဝန်း အစိုးရဝန်ထမ်းများကို ထက်ဝက်လျော့ချ အလုပ်လုပ်စနစ်ပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်တစ်ရပ် ယမန်နေ့က ထုတ်ပြန်ခဲ့သည်။  

ညွှန်ကြားချက်အရ ကျန်အနားရသည့် ဝန်ထမ်း ၅၀ရာခိုင်နှုန်းသည် မိမိတို့၏ ဝန်ထမ်းအိမ်ရာ၊ အဆောင်နှင့်နေအိမ် စသည့်နေရာ များတွင် တာဝန်ချိန်အဖြစ်သတ်မှတ်ကာ မပျက်မကွက်နေထိုင်သွားရန်နှင့်လိုအပ်ချက်အရခေါ်ယူပါက မပျက်မ ကွက် ရုံးသို့လာရောက် တာဝန်ထမ်းဆောင်ကြရန်လည်း ပါရှိသည်။

အလှည့်ကျ ရုံးတွင် အလုပ်လုပ်နှင့် အိမ်တွင် အသင့်စောင့်ဆိုင်းစနစ်ကို သက်ဆိုင်ရာဌာနအလိုက် စီမံခွင့်ပြုထားသည်.

“ကျွန်တော်တို့ရုံးကတော့ ဒီနေ့စပြီးတော့ ဆောင်ရွက်နေပါပြီ။ ဘယ်တော့အထိလုပ်မလဲဆိုတာကတော့ နောက်ထုတ်ပြန်ချက်မထွက်မချင်းပေါ့” ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က မဇ္ဈိမ သို့ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဂယက်ကြောင့် လက်ရှိတွင် ပုဂ္ဂလိကလုပ်ငန်းအချို့၊ သတင်းမီဒီယာလုပ်ငန်း အချို့တွင်လည်း နေအိမ်တွင် အလုပ်လုပ်ခြင်း(Work from Home) ပြုလုပ်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းလျော့ချကာ ဆောင်ရွက်နေကြမှုများ ပိုတိုးလာခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင် အင်္ဂလန်နိုင်ငံမှပြန်လာသူ နှစ်ဦးနှင့် အမေရိကန်နိုင်ငံမှ ပြန်လာသူ တစ်ဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ပိုးတွေ့ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly