နေပြည်တော်တွင် ပြည်ပက ပြန်လာသူများကို ဆေးရုံ စောင့်ကြည့် မှုပြုလုပ်

နေပြည်တော်တွင် ပြည်ပက ပြန်လာသူများကို ဆေးရုံ စောင့်ကြည့် မှုပြုလုပ်

နေပြည်တော် ၊ မတ် ၂၅

နေပြည်တော် ကောင်စီနယ်မြေ အတွင်းမှာ နေထိုင်တဲ့ ပြည်ပက ပြန်လာသူတွကို နေပြည်တော်မှာရှိတဲ့ ဆေးရုံတွေမှာ ထားရှိပြီး စောင့်ကြပ် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

မတ်လ ၂၅ရက်နေ့မှာတော့ တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၅၆ ဦးကို နေပြည်တော်က ဆေးရုံတွေမှာ ထားရှိ စောင့်ကြပ်မှုတွေ ပြုလုပ်ပေးနေတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လဲဖြစ် နေပြည်တော် ကိုဗစ် ဗော်လံတီယာ (NCVT) ရဲ့ နာယကလဲ ဖြစ်တဲ့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

နေပြည်တော် ကိုဗစ် ဘော်လံတီယာ အဖွဲ့ (NCVT) ကိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ငန်းရှင်တွေအပါအဝင် နယ်ပယ်စုံက သူတွေနဲ့ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မတ်လ ၂၅ ရက်နေ့ စာရင်းအရ ပုဗ္ပသီရိမြို့နယ်ဆေးရုံမှာ ၂၆ ဦး ဇေယျာသီရိမြို့နယ်ဆေးရုံမှာ ၁၁ ဦးနဲ့ ဒက္ခိဏ သီရိမြို့နယ်ဆေးရုံမှာ ၁၉ ဦးတို့ကို စောင့်ကြပ်ပေးနေတယ်လို့ (NCVT) ထံက သိရပါတယ်။ အခုလို ပြည်ပက ပြန်လာသူတွေကို ဆေးရုံမှာ ထားတာဟာ စနစ်တကျ ဖြစ်စေချင်တာကြောင့်ဖြစ်ပြီး သူတို့ဟာ သံသယလူနာတွေ မဟုတ်ဘူးလို့လည်း ဦးမောင်မောင်ဆွေက ဆိုပါတယ်။

လက်ရှိမှာ ပြည်ပ နိုင်ငံတွေက ပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံသားတွေကို COVID - 19 နဲ့ ပတ်သက်ပြီး စမ်းသပ် စစ်ဆေး ‌စောင့်ကြပ်မှုတွေ ပြုလုပ်နေပြီးတော့ မြန်မာနိုင်ငံမှာ COVID - 19 နဲ့ ပတ်သက်ပြီး ရောဂါပိုး ‌တွေ့ရှိသူ သုံးဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

ရိုက်ကူး/တည်းဖြတ်- သန်းထိုက်အောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly