Pornhub Website မှ Lockdown ချခံနိုင်ငံအချို့အား အခမဲ့ပရီမီယံကြည့်ရှုခွင့်ပေး

Pornhub Website မှ Lockdown ချခံနိုင်ငံအချို့အား အခမဲ့ပရီမီယံကြည့်ရှုခွင့်ပေး

မတ်လ ၂၅

အရွယ်ရောက်သူများအတွက် ဖျော်ဖြေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Pornhub သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့်  Lockdown ချခံနေရသည့် ပြင်သစ်နှင့် စပိန်နိုင်ငံတို့အား အခမဲ့ကြည့်ရှုခွင့်ပေးမည်ဖြစ်ကြောင်း ယခုသီတင်းပတ်၌ ကြေညာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း Lockdown ချခံအီတလီနိုင်ငံကို ယင်းအခွင့်အရေးပေးခဲ့သေးသည်။

“စောင့်ကြည့်ကန့်သတ်ကာလတွေ ထပ်တိုးလိုက်လို့ ပြင်သစ်ကမိတ်ဆွေတွေအတွက် Pornhub ပရီမီယံကို တစ်လအခမဲ့ ကြည့်ခွင့်ပေးပါတယ်။ Modelhub ဈေးကွက်ကရတဲ့ တစ်လစာရောင်းအားကိုလည်း လှူဒါန်းသွားမှာပါ” ဟု Pornhub ကုမ္ပဏီက မတ်လ ၂၄ ရက်နေ့မှာ တွစ်တာ၌ ရေးသားအသိပေးခဲ့ပြီး စပိန်နိုင်ငံအတွက်လည်း အလားတူ ပြောဆိုခဲ့သည်။

ပရီမီယံလစဉ်ကြေးမှာ ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာ ၉.၉၉ ရှိပြီး တစ်နှစ်စာပေးသွင်းသူများမှာ လစဉ်ကြေး အမေရိကန်ဒေါ်လာ ၇.၉၉ ပေးသွင်းကြရသည်။ ပရီမီယံကြေးပေးသွင်းပါက ကြော်ငြာများမပါခြင်း၊  Streaming ပိုမြန်ခြင်း၊ download မြန်ဆန်ခြင်း၊ ဗီဒီယိုအရည်သွေးကောင်းမွန်ခြင်း၊ DVD အပြည့်ပါရှိကာ  အချိန်မရွေး cancel လုပ်နိုင်မှာဖြစ်ကြောင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဥရောပတွင် ပြင်သစ်၊ စပိန်နှင့် အီတလီနိုင်ငံတို့သည် ကိုရိုနာဗိုင်းရပ်စ်ဒဏ်အခံရဆုံးနိုင်ငံများဖြစ်ပြီး အပြင်မထွက်ရအမိန့်ကို လိုက်နာနေကြရသည်။

အခမဲ့အစီအစဉ် ကြေညာပြီးနောက်ပိုင်း အဆိုပါ သုံးနိုင်ငံတွင် ၎င်းတို့ဝက်ဘ်ဆိုက်အား ကြည့်ရှုသူ သိသိသာသာ တိုးလာသည်ဟု ဆိုသည်။ မတ်လ ၁၇ ရက်က တစ်ကမ္ဘာအဝှမ်းကြည့်ရှုနှုန်းမှာ (၁၁.၆) ရာခိုင်နှုန်းသာ ရှိခဲ့ပြီး အခမဲ့ ပရီမံယံအစီအစဉ်ပေးပြီးနောက်ပိုင်းတွင် အီတလီ၌ ၅၇%၊ ပြင်သစ်၌ ၃၈% နှင့် စပိန်၌ ၆၁% အသီးသီး မြင့်တက်ခဲ့သည်။

လူများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာစိုး၍ အိမ်တွင်းပုန်းရာမှ ကြည့်ရှုနှုန်းမြင့်လာဟန်ရှိသည်။ အကြီးမားဆုံးဈေးကွက်ဖြစ်သည့် အမေရိကန်တွင်လည်း မတ်လအစောပိုင်း သီတင်းနှစ်ပတ်က သာမန်နေ့များ၌ ၂% ခန့် ရှိရာမှ မတ်လ ၁၇ ရက်၌ ၆% ထိမြင့်တက်လာခဲ့သည်ဟုဆိုသည်။ အလားတူ ကနေဒါ၊ ယူကေနှင့် နယ်သာလန်တို့တွင်လည်း ကြည့်ရှုနှုန်းများ မြင့်မားခဲ့သည်။

အခမဲ့ကြည့်ရှုခွင့်မရသော်လည်း ကြည့်ရှုနှုန်းမြင့်မားသည့်နိုင်ငံများတွင် မတ်လ ၁၇ ရက်၌ ဟောင်ကောင်က ၂၃.၄% ဖြင့် ထိပ်ဆုံးကရပ်တည်နေပြီး အိန္ဒိယက ၁၈% ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required