ဆန္ဒအလျောက်ကျရာနေရာမှာ တာဝန်ထမ်းဆောင်မည့် ဆရာဝန် ၅ဦးကို တီးတိန်ပြည်သူ့ဆေးရုံသို့ တွဲဖက်တာဝန်ပေးအပ်

ဆန္ဒအလျောက်ကျရာနေရာမှာ တာဝန်ထမ်းဆောင်မည့် ဆရာဝန် ၅ဦးကို တီးတိန်ပြည်သူ့ဆေးရုံသို့ တွဲဖက်တာဝန်ပေးအပ်

မတ် ၂၄။             ။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျရာလုပ်ငန်းတာဝန်များတွင်ထမ်းဆောင်နိုင်ရန်အတွက် မိမိဆန္ဒအလျောက် အဆိုပြုလာသည့် ဆရာဝန် ၅ ဦးကို COVID-19 ရောဂါလူနာတွေ့ ရှိထားသည့် ချင်းပြည် နယ်၊တီးတိန်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ တွဲဖက်တာဝန်ပေးအပ်ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၎င်းဆန္ဒပြုထားသည့် ဆရာဝန် ၅ ဦးကို မတ် ၂၅ ရက်မှစတင်ကာ တွဲဖက်တာဝန်ပေးအပ်ထားကြောင်း ဝန်ကြီးဌာန၏သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက “ ချင်းပြည်နယ် လိုအပ်တဲ့ စေတနာ့ဝန်ထမ်းခေါ်တယ်။လိုအပ်တဲ့နေရာမှာ တာဝန်ချမှာပါ။” မဇ္စျိမသို့ပြောသည်။

ယင်းအဆိုပြုထားသည့် ဆရာဝန်များမှာ ဒေါက်တာနုန်းမွန်းထောန်(လက်ထောက်ဆရာဝန်(ရိုး)၊ အခြေခံသင် တန်းရာထူးစု၊ကုသရေးဦးစီးဌာန)၊ဒေါက်တာ လာလ်ရမ်ဇာအို(လက်ထောက်ဆရာဝန်၊ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့)၊ဒေါက်တာဘွေမန်းလျန်(ဦးစီးအရာရှိ(လက်ထောက်ဆရာဝန်)၊ဒေါက်တာဝတ်ရည်ဝင်း(ဦးစီးအရာရှိ၊လက်ထောက်ဆရာဝန်)နှင့် ဒေါက်တာ ကောင်းမြတ်ဦး(ဦးစီးအရာရှိ၊လက်ထောက်ဆရာဝန်)တို့ဖြစ်ကြောင်း လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုရိုနာဗိုင်းရပ်စ်(CVID-19)ရောဂါပိုးကူးစက်ခံထားရသူကို မတ် ၂၃ ရက်က တွေ့ရှိခဲ့ပြီး ၎င်းလူနာသည် မတ် ၂၂ရက်က အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့်ဝင်ရောက်လာ ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၎င်းလူနာကို လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးကွင်းဆင်းသင် တန်းကျောင်းတွင် သွားလာမှုကန့်သက်စောင့်ကြပ်ကြည့်ရှု့ခဲ့ပြီးနောက် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တော ရဆေကိန္ဒာရာမကျောင်းတိုက်သို့ ပြောင်းရွှေ့စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခဲ့ကြောင်းနှင့် ၎င်းအမျိုး သား၏ ကျန်းမာရေးဓာတ်ခွဲနမူနာအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) သို့ပေးပို့စစ်ဆေး ခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ သီးခြားထားရှိ (isolation) ပြီးစောင့်ကြပ်ကုသလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင်လည်း ရန်ကုန်တွင် ပထမဦးဆုံး COVID-19 စတင်တွေ့ရှိခဲ့သည့် ဆေကိန္ဒရာမကျောင်းတိုက်ကို Lock down ချလိုက်ပြီဖြစ်သည်။

ထို့ပြင်အမေရိကန်နိုင်ငံမှ (၁၃-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာ ခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားတစ်ဦလည်း COVID-19 ပိုးတွေ့ရှိခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required