သက်ကြီးရွယ်အိုတွေအတွက် အစားအသောက်တွေလှူဒါန်းမယ့် မော်ရင်ဟိုရဲ့ ဗီဒီယိုဖိုင်

သက်ကြီးရွယ်အိုတွေအတွက် အစားအသောက်တွေလှူဒါန်းမယ့် မော်ရင်ဟိုရဲ့ ဗီဒီယိုဖိုင်

စပါးအသင်းရဲ့နည်းပြ မော်ရင်ဟိုကတော့ Covid-19 ကြောင့် အိမ်အပြင် မထွက်နိုင်တဲ့ သက်ကြီးရွယ်အို တွေအတွက် အစားအသောက်ဖို့ လှူဒါန်းဖို့ ပြင်ဆင်နေခဲ့တဲ့ ဗီဒီယိုလေးတစ်ခုကို တွစ်တာပေါ်ကနေ မျှဝေလိုက်ပါတယ်။

အသက် (၅၇)နှစ်အရွယ် နည်းပြကြီးဟာ မြောက်လန်ဒန်က သူ့ရဲ့နေအိမ်မှာ လှူဒါန်းမှု ပြုလုပ်ဖို့အတွက် အစားအသောက်တွေ ထုပ်ပိုးနေခဲ့တာဖြစ်ပြီး နှာခေါင်းစည်းနဲ့ လက်အိတ်တွေ စနစ်တကျ ဝတ်ဆင်ထားတာကို တွေ့နေရပါတယ်။

တွစ်တာပေါ်မှာ တွေ့ရတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ သူက ကူညီမှုလေးအနည်းငယ်လုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး အွန်လိုင်းပေါ်ကနေ အစားအသောက်တွေကို လှူဒါန်းလို့ရတယ်ဆိုတဲ့အကြောင်းနဲ့ ဒီလို လှူဒါန်းဖို့က လွယ်ကူတယ်ဆိုတဲ့အကြောင်း အားလုံးကို အသိပေးသွားခဲ့တာပါ။

ဗြိတိန်နိုင်ငံတစ်ဝန်းမှာ လက်ရှိအချိန်အထိ သေဆုံးသူ (၃၃၅)ဦး ရှိနေပြီး ရောဂါကူးစက်ခံထားရသူပေါင်းကတော့ (၆၆၅၀)ဦး ရှိနေပါတယ်။

မော်ရင်ဟိုကတော့ သူ့ရဲ့ နေအိမ်ထဲကနေ တတ်နိုင်သလောက် ကူညီပေးနေတာဖြစ်ပြီး နေအိမ်အတွင်းမှာပဲ နေတာက အန္တရာယ်အကင်းဆုံးပဲလို့ ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေ ရပ်နားထားရတဲ့အပြင် ဗြိတိန်နိုင်ငံအပြင်ဖက်ကိုလည်း ခရီးသွားခွင့်တွေပိတ်ထားခဲ့လို့ မော်ရင်ဟို တစ်ယောက် ပေါ်တူဂီ မပြန်နိုင်ဖြစ်နေပြီး နေအိမ်မှာပဲ ရောဂါ မကူးစက်အောင် ကြိုးစားနေရတာပါ။

မော်ရင်ဟို ရဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ နည်းပြကြီးဟာ အမြဲတမ်း စိတ်စေတနာကောင်းရှိသူ တစ်ဦးဖြစ်ပြီး ဒီလို ကူညီမှုလေးတွေက သူတို့ကို ကြည်နူးစေကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ပဲလေ့စ်တောင်ပံံကစားသမား ဇာဟာ ကလည်း သူ့ရဲ့ ကုမ္ပဏီပိုင်ဆိုင်တဲ့ တိုက်ခန်းတွေကို ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေအတွက် အခမဲ့နေထိုင်ခွင့်ပေးခဲ့တယ်လို့ သတင််းတွေက ဖော်ပြနေကြပါတယ်။

လက်စတာအသင်းရဲ့ဂိုးသမား ကက်စပါရှမိုက်ကယ် ကလည်း ဗြိတိန်မှာရှိတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ပရဟိတအဖွဲ့တွေအတွက် ပေါင်(၂၀၀၀၀)  လှူဒါန်းခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly