ဓနုဖြူမြို့နယ်မှ တရားလွှတ်တော်ရှေ့နေနှင့် တရားရုံးအငယ်တန်းစားရေးတို့ကို အဂတိဖြင့်အရေးယူ

ဓနုဖြူမြို့နယ်မှ တရားလွှတ်တော်ရှေ့နေနှင့် တရားရုံးအငယ်တန်းစားရေးတို့ကို အဂတိဖြင့်အရေးယူ

မတ်လ ၂၄ရက်။             ။ ဧရာဝတီတိုင်းဒေသကြီး၊ဓနုဖြူမြို့နယ်တွင် တရားလွှတ်ရှေ့နေတစ်ဦးနှင့် မြို့နယ်တရားရုံးအငယ်တန်း စားရေးတစ်ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူလိုက်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့တွင် ၎င်းတို့နှစ်ဦးအား ဓနုဖြူမြို့မရဲစခန်းတွင် တိုက်ကြားချက်ဖွင့်လှစ်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “ အမှုကိုတင်လာရင်တော့ စောင့်ကြည့်ပေးမယ်။ ဒါက မဖြစ်သင့်တဲ့ကိစ္စ၊ ရှေ့နေ၊ရှေ့ရပ်များအနေနဲ့လည်း ရှောင်ကြဉ်သင့်တဲ့ကိစ္စလို့ပဲပြောချင်တယ်” ဟု မဇ္ဈိမသို့ ပြောသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တရားလွှတ်တော်ရှေ့နေ ဦးကောင်းမြတ်ထက်နိုင်သည် ဓနုဖြူမြို့နယ်တရားရုံး ရာဇဝတ်ကြီးမှုအမှတ် ၂၅၉/ ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၇ အမှုနှင့် စပ်လျဉ်း၍ အမှုသည်ကိုယ်စား တရားရုံးရှေ့လိုက်ပါဆောင်ရွက် သည့်တာဝန်ကို ထမ်းဆောင်ရာတွင် မြို့နယ်တရားသူကြီးအား တံစိုးလက်ဆောင်အဖြစ်ပေးရန် ၎င်း၏ အမှု သည်ထံမှ ၂၀၁၉ခုနှစ်၊ဧပြီ ၁ ရက်နေ့ နှင့် ၂၀၁၉ခုနှစ်၊ဧပြီ ၅ ရက်နေ့ တို့တွင် ငွေကျပ် ငါးသိန်းကို တောင်းခံရယူခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင်၂၀၁၉ ဧပြီလ ၁ရက်နေ့တွင် ဓနုဖြူမြို့နယ်တရားရုံး၊အငယ်တန်းစာရေး ဒေါ်တင်တင်ရွှေသည် အမှု သည်အား တရားခွင်ရုံးခန်းအတွင်းခေါ်၍ စွဲဆိုထားသည့်အမှုအား တရားသေလွှတ်ပေးရန်အတွက် မြို့နယ်တရား သူကြီးအား ငွေကြေးကန်တော့ရန်တိုက်တွန်းခဲ့ကြောင်းနှင့် အမှုသည်ထံမှ ငွေကြေးတောင်းခံရယူခဲ့သည်ဟု စွပ်စွဲထားသည်။
    

 

Mizzima Weekly