ရောဂါခြေချုပ်ဖြင့်မနေလိုသော ကမ္ဘာ့လှည့်ခရီးသည်များစွာ ကျူးဘားလေဆိပ်၌ နေရပ်ပြန်ရန် စောင့်ဆိုင်းနေ

ရောဂါခြေချုပ်ဖြင့်မနေလိုသော ကမ္ဘာ့လှည့်ခရီးသည်များစွာ ကျူးဘားလေဆိပ်၌ နေရပ်ပြန်ရန် စောင့်ဆိုင်းနေ

မတ် ၂၄။                ။ ကျူးဘားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုထိန်းချုပ်ဖို့ ကမ္ဘာလှည့်ခရီးသည်တွေကို စောင့်ကြည့်စစ်ဆေးမှုမပြုလုပ်ခင် တစ်ရက်အလိုမှာ ဥရောပနိုင်ငံသား ခရီးသည်တွေဟာ ရောဂါခြေချုပ်နဲ့ မနေလိုတာကြောင့် ဟာဗားနားနိုင်ငံတကာလေဆိပ်မှာ နေရပ်ပြန်ဖို့ နာရီပေါင်းများစွာ စောင့်ဆိုင်းနေကြပါတယ်။

နယ်စပ်နိုင်ငံတွေနဲ့ တစ်စိတ်တစ်ပိုင်း အဝင်အထွက်ပိတ်ထားတဲ့ ကျူးဘားနိုင်ငံမှာ မတ်လ ၂၄ ရက်ကစလို့ ဟိုတယ်တွေမှာရှိတဲ့ နိုင်ငံခြားသား ၃၂ ၀၀၀ ကို သီးသန့်ထားရှိသွားမှာဖြစ်လို့ အိမ်ပြန်ဖို့ စောင့်နေတာဖြစ်ကြောင်း ဝန်ကြီးချုပ် Manuel Marrero က ပြောပါတယ်။

“ဟိုတယ်မှာရှိနေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို တစ်ဦးချင်းစီ သီးသန့်ထားစောင့်ကြည့်သွားမှာပါ၊ ဟိုတယ်ကနေ ထွက်လို့မရပါဘူး၊လမ်းပေါ်မှာတွေ့ရင်လည်း ဟိုတယ်ကိုပြန်ခိုင်းမှာပါ” လို့ ဝန်ကြီးချုပ် Manuel Marrero က ရုပ်မြင်သံကြားမိန့်ခွန်းမှာ သတိပေးပြောကြားခဲ့ပါတယ်။  

ကျူးဘားနိုင်ငံထဲ ပြန်ဝင်လာသူတွေကိုလည်း ခြွင်းချက်မရှိ သီးသန့်ထားစောင့်ကြည့်သွားမှာဖြစ်ပါတယ်။

ကျူးဘားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၄၀ ဦး တွေ့ရှိထားပြီး ၎င်းတို့အားလုံးဟာ နိုင်ငံတွင်း ဝင်ရောက်လာသူ သို့မဟုတ် ထိုသူနှင့် ထိတွေ့ဆက်ဆံခဲ့သူများဖြစ်ပါတယ်။ သေဆုံးသူတစ်ဦးမှာလည်း ဖျားလျက်နဲ့ ရောက်လာသူ အီတလီနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တစ်ဦး ဖြစ်ပါတယ်။

ကျူးဘားမှာ ကားအငှားဝန်ဆောင်မှုနဲ့ လေ့လာရေးခရီးတွေကိုလည်း ရပ်ဆိုင်းထားကြပါတယ်။

ကျူးဘားကျွန်းပေါ်ရောက်ရှိနေသူ ကမ္ဘာလှည့်ခရီးသည် ၃၂ ၀၀၀ အနက် ၉၄၀၀  ခန့်ဟာ သီးသန့် ငှားထားတဲ့ အခန်းနဲ့ အိမ်တွေမှာ နေနေကြပြီး သုံးပုံနှစ်ပုံလောက်ကတော့ ဟာဗားနားမြို့မှာ ရှိနေကြပါတယ်။

အစိုးရက အဆိုပါ နိုင်ငံခြားသားခရီးသည်တွေကို လေဆိပ်တွေအနီးမှာရှိတဲ့ ဟိုတယ်တွေဆီ တဖြည်းဖြည်းချင်း ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly