ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း Home Quarantine ယူ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း Home Quarantine ယူ

မတ်လ ၂၄ရက်။                ။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းသည် ယနေ့ မှ စတင်ကာ ၎င်းနေထိုင်ရာ နေအိမ်၌ Home Quarantine (နေအိမ်စောင့်ကြည့်၊ စစ်ဆေး၊ ခံယူမှု) ယူလိုက်ကြောင်း သိရသည်။

 ဦးနိုင်ငံလင်းသည် မတ်လ ၂၃ရက်က ဓမ္မဒူတဆေကိန္ဒာရာမကျောင်းတိုက်တွင် ထားရှိသည့်  ပြည်ပမှပြန်ရောက်လာသူများကို စောင့်ကြည့် စစ်ဆေးမှု အခြေအနေကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် အဆိုပါကျောင်း တိုက်တွင် စောင့်ကြည့်မှုခံယူနေသူတစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ယခုကဲ့သို့ စီစဉ်လိုက်ရခြင်းဖြစ်သည်။

လက်ရှိတွင် ဓမ္မဒူတဆေကိန္ဒာရာမကျောင်းတိုက်ကိုလည်း Lockdown ချလိုက်ပြီ ဖြစ်သည်။

ကျောင်းတိုက်အတွင်း ပြည်ပမှ ပြန်လာသူ ၁၀၇ ဦးကို လက်ခံထားရှိခဲ့ရာ ခြောက်ယောက်ခန်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးထံမှ  ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ညက ထုတ်ပြန်ခဲ့သည်။
 
ထို့ပြင် အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် မတ် ၁၃ရက်က ဝင်ရောက်လာခဲ့သည့် ချင်းပြည် နယ်၊ တီးတိန်မြို့၌နေထိုင်နေသည့် အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား (အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ ) အမျိုးသားတစ်ဦးတွင်လည်း COVID-19 ပိုးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေး အာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly