COVID-19 ကာကွယ်ရန် ပိတ်ပင်ကန့်သတ်မှုလုပ်ခဲ့သည့်နိုင်ငံများ ပုံမှန်အခြေအနေပြန်ဖြစ်နိုင်ဟု Bill Gates ဆို

COVID-19 ကာကွယ်ရန် ပိတ်ပင်ကန့်သတ်မှုလုပ်ခဲ့သည့်နိုင်ငံများ ပုံမှန်အခြေအနေပြန်ဖြစ်နိုင်ဟု Bill Gates ဆို

မတ် ၂၃။             ။ Microsoft ပူးတွဲတည်ထောင်သူ Bill Gates သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့်ပတ်သက်ပြီး စိတ်အေးလက်အေးနေကြရန် မတ်လ ၁၈ ရက်က တိုက်တွန်းပြောဆိုလိုက်သည်။

“စမ်းသပ်စစ်ဆေးမှုနဲ့ အသွားအလာပိတ်ပင်မှုတွေ ကောင်းကောင်းလုပ်နေတဲ့ နိုင်ငံတွေမှာ ရက်သတ္တပတ် (၆) ပတ်ကနေ (၈) ပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်မှု ပိုနည်းလာပြီး ပုံမှန်အအခြေအနေအတိုင်းပြန်ဖြစ်လာနိုင်ပါတယ် “ ဟု Reddit ဆွေးနွေးပြောဆိုခြင်းအစီအစဉ်၏ မေးလိုရာမေးကဏ္ဍမှာBill Gates က ပြောခဲ့သည်။

Bill and Melinda Gates  ဖောင်ဒေးရှင်းသည် နှစ်ပေါင်းများစွာ ကျန်းမာရေးကဏ္ဍများ၌လည်း ကူညီထောက်ပံ့ခဲ့ကြသည်။

Gates သည် ပရဟိတလုပ်ငန်းများကို ဇောက်ချလုပ်ဆောင်လိုသည့်အတွက် ၁၉၇၅ ခုနှစ်က ပူးတွဲတည်ထောင်ခဲ့သော Microsoft ကုမ္ပဏီနှင့် Berkshire Hathaway ကုမ္ပဏီဘုတ်အဖွဲ့တို့မှ နုတ်ထွက်တော့မည်ဟုအသိ ပေးခဲ့ပြီးနောက် ယခုကဲ့သို့ COVID-19နှင့်စပ်လျဉ်း၍ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ လက်ရှိကပ်ရောဂါက ချမ်းသာတဲ့နိုင်ငံတွေမှာ အဖြစ်များတာတွေ့ရတယ်။ နှစ်လ သုံးလအတွင်းမှာ စမ်းသပ်စစ်ဆေးမှုတွေ နဲ့ shut down လို့ခေါ်တဲ့ ပိတ်ပင်ကန့်သတ်မှုလုပ်ပြီးတော့ ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့  ပြင်းပြင်း ထန်ထန် ကူးစက်မှုတွေကို ရှောင်ရှားသင့်ပါတယ်။ စီးပွားရေးပျက်စီးဆုံးရှုံးမှုဖြစ်မှာလည်း စိုးရိမ်ပါတယ်။ ဒါက ချမ်းသာတဲ့နိုင်ငံတွေလို အသွားအလာပိတ်ပင်မှုတွေ မလုပ်နိုင်ဘဲ အရင်းအနှီးလည်းနည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အပေါ် ဘယ်လိုသက်ရောက်သွားမလဲဆိုတာကို ပိုပူမိတယ်” ဟု Bill Gates က ရေးသားပြောဆိုခဲ့သည်။

လူသန်းပေါင်းများစွာကို သေဆုံးစေခဲ့သည့် စပိန်တုပ်ကွေးဖြစ်ပွားခဲ့သည်မှာ  နှစ် ၁၀၀ ပြည့်သွားပြီဖြစ်ပြီး ခရီးသွားလာမှု များလျှင်များသလောက် ရောဂါပျံ့နှံ့မှု ပိုမိုမြန်ဆန်လာမည်ဟု Gates က ဆိုသည်။   

ကမ္ဘာကြီးအနေဖြင့် ရောဂါဖြစ်ပွားမှုအတွက် ကြိုတင်ပြင်ဆင်မှုများ ပိုလုပ်ဆောင်သင့်ကြောင်း Ted Talk ဟောပြောပွဲတွင်လည်း Gates က သတိပေးပြောကြားခဲ့သည်။

ရောဂါစမ်းသပ်စစ်ဆေးမှုများ၊ ဆေးဝါးနှင့် ကာကွယ်ဆေးများကိုလည်း အရှိန်မြှင့်လုပ်ဆောင်သင့်ကြောင်း Gates က သတိပေးရေးသားခဲ့သည်။

“ရင်းနှီးမြှုပ်နှံမှုတွေ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် နည်းပညာတွေကလည်း ကောင်းကောင်း လုပ်ဆောင်နိုင်တဲ့ အနေအထားမှာရှိပါတယ် ။ နိုင်ငံတကာကလည်း ပူးပေါင်းလုပ်ဆောင်နိုင်ကြမှာပါ။ ကူးစက်ရောဂါကြိုတင်ကာ ကွယ်ရေး ဆန်းသစ်တီထွင်မှုအတွက် ပူးပေါင်းအဖွဲ့ (CEPI –Coalition for Epidemic Preparedness Innovation) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါက ကာကွယ်ဆေးဖော်ဆောင်ရာမှာ များစွာ အကျိုးပြုမှာပါ၊ ဒါပေမယ့် တစ်  ကမ္ဘာလုံးအတွက် အသင့်အနေအထား ထုတ်လုပ်နိုင်စွမ်းရှိဖို့ ငွေကြေး များများထည့်ဝင်ဖို့ လိုအပ်တယ်” လို့ Gates က ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required