စပိန်မှာ တရုတ်တိုက်စစ်မှူး ဝူလိုင် ဗိုင်းရပ်စ်ကူးစက်ခံရ

စပိန်မှာ တရုတ်တိုက်စစ်မှူး ဝူလိုင် ဗိုင်းရပ်စ်ကူးစက်ခံရ
Photo: EPA

တရုတ်လက်ရွေးစင်ဘောလုံးကစားသမား ဝူလိုင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီး လက်ရှိမှာ သူဟာ ဘာစီလိုနာက အိမ်မှာ သီးခြားနေထိုင်နေတယ်လို့ ရင်းမြစ်တစ်ခုက စနေနေ့ (မတ် ၂၁)က ဆင်ဟွာသတင်းအေဂျင်စီကို အတည်ပြုခဲ့ပါတယ်။

လာလီဂါရဲ့ အက်စပန်ညိုအသင်းမှာ ကစားနေတဲ့ ဝူဟာ ဥရောပထိပ်သီးလိဂ် (၅)ခုထဲက ထိပ်သီးလိဂ်တစ်ခုမှာ ကစားနေတဲ့ တရုတ်ကစားသမားဖြစ်ပြီး သူဟာ ကိုရိုဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပထမဆုံး တရုတ်ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာပါတယ်။

အသက် (၂၈)နှစ်အရွယ်ရှိ တိုက်စစ်မှူး ဝူလိုင်ဟာ အက်စ်ပန်ညိုအတွက် ဒီရာသီမှာ (၇)ဂိုးအထိ သွင်းယူပေးသူဖြစ်ပြီး စပိန်လာလီဂါမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး တရုတ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။

"ဝူမှာ ရောဂါလက္ခဏာတွေ ပြသနေပြီး အခုချိန်မှာတော့ သူ့ကိုယ်သူ စပိန်က နေအိမ်မှာ သီးခြားနေပါတယ်။"လို့ ရင်းမြစ်က ဆင်ဟွာကို ပြောဆိုခဲ့ပါတယ်။

အက်စ်ပန်ညိုအသင်းက ကလပ်ဝန်ထမ်း ၆ ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပေမယ့် ရောဂါကူးစက်ခံခဲ့ရတဲ့ ကစားသမားတွေရဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

အက်စ်ပန်ညိုအသင်းဟာ စပိန်မှာ ကစားသမားအများအပြား ကူးစက်ခံနေရတဲ့ တစ်ခုတည်းသော ကလပ်မဟုတ်ပါဘူး။ ဗလင်စီယာအသင်းကလည်း ဗိုင်းရပ်စ်က ရိုက်ခတ်ခဲ့ပါတယ်။

လာလီဂါဟာ ပွဲစဉ်အားလုံးကို ဧပြီ ၄ ရက်အထိ ဆိုင်းငံထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required