အမျိုးသမီးအမတ်လောင်းများ၏ ရွေးကောက်ပွဲအတွက် စိုးရိမ်ပူပန်မှု အခြေအနေ

အမျိုးသမီးအမတ်လောင်းများ၏ ရွေးကောက်ပွဲအတွက် စိုးရိမ်ပူပန်မှု အခြေအနေ

ဒေါ်ဇာခြည်လင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ

ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပြည်သူ့လွှတ်တော်

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်မှုက အများလိုလားနေတဲ့တောင့်တနေတယ်။ အစ်မတို့လည်းလို လားတယ်။ တောင့်တတယ်။ လွတ်လပ်တဲ့ ညီမျှတဲ့ တရားမျှတတဲ့ဒီရွေးကောက်ပွဲ Free and Fair Election ဆိုတာကို အစ်မတို့အလိုချင်ဆုံးပဲ။ အဲ့ဒီလိုမျိုးကိုလည်း အစ်မတို့ကလိုလားတောင့်တတယ်။ ဒီနေရာမှာကိုယ်က လည်း တရားဥပဒေနဲ့အညီ တရားမျှတတဲ့ရွေးကောက်ပွဲတစ်ခု၊ ယှဉ်ပြိုင်မှုတစ်ခု ပြည်သူရဲ့အဆုံးအဖြတ်တွေက အဓိကဖြစ်တဲ့အတွက် ပြည်သူရဲ့အဆုံးအဖြတ်အတိုင်း ဆောင်ရွက်ချင်တယ်။ ဒီနေရာမှာ ယှဉ်ပြိုင်တဲ့သူပဲဖြစ် ဖြစ် တခြားအဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေကပဲဖြစ်ဖြစ် ဒီလိုမျိုးမညီမျှမှုတွေဖြစ်လာမှာစိုးရိမ်တယ်။ ဒါကြောင့်မို့လို့ အဲ့ဒါတွေကို စောင့်ကြည့်လေ့လာရေးအဖွဲ့တွေလည်း အများကြီးရှိစေချင်တယ်။

နိုဝင်ဘာလ ၈ ရက်ကတော့ ပြည်သူရဲ့အဆုံးအဖြတ်အတိုင်းပဲ။ အစ်မတို့တွေအနေနဲ့ယခင်ကတည်းကလည်း လူမှုရေးလုပ်ငန်းတွေကို တစိုက်မတ်မတ်ဆောင်ရွက်တယ်။ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားဦးမယ်။ ဒီလုပ်ငန်းတွေကို တကယ်ထဲထဲဝင်ဝင်ထိထိရောက်ရောက် ဖော်ဆောင်ရွက်နိုင်ဖို့အတွက်ကို အစ်မတို့ကလွှတ် တော်ထဲကို ရွေးကောက်ပွဲဝင်ရတာကိုး။ ဒီနိုဝင်ဘာလ ၈ ရက်မှာတော့ ပြည်သူရဲ့ရွေးချယ်မှု ပြည်သူ့ရဲ့အဆုံးအ ဖြတ်အတိုင်းပဲ အစ်မတို့လက်ခံပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒေါက်တာ သက်သက်ခိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော်

စိတ်ပူတာကတော့ ကျွန်မက ရွေးကောက်ပွဲကြီး ငြိမ်းငြိမ်းချမ်းချမ်း မပြီးသွားမှာကို စိတ်ပူတာပေါ့နော်။ ကိုယ်အောင်နိုင်မှာလား၊ မအောင်နိုင်ဘူးလားဆိုတာကတော့ ပြည်သူက ဆန္ဒမဲပေးပြီး ဆုံးဖြတ်မှာ ဆိုတော့လေ။ အဲ့ဒါကတော့ ကျွန်မတို့က အခုချိန်မှာအတတ်နိုင်ဆုံးကြိုးစားနေတယ်။ နောက်ဒီအလုပ်ကိုလုပ်ဖို့အတွက် တောက်လျှောက်ပြင်ဆင်လာတော့လေ အဲ့ဒီအပိုင်းတွေက ပြီးသွားပြီပေါ့လေ။ ဒီ ၈ ရက်နေ့အတွက် စိတ်ပူတာ ကတော့ လူတိုင်းလူတိုင်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်အသဲကြားကမဲတစ်ပြားပေးပြီးတော့မှ ပြီးပြန်ရင်လည်း ၈ ရက်နေ့နောက်ပိုင်း ထွက်လာမယ့်အဖြေကိုလည်း လူတိုင်း ကကျေကျေနပ်နပ်နဲ့လက်ခံပြီးတော့မှ ဒီအပြောင်း အလဲကို ငြိမ်းချမ်းစွာနဲ့ဖြစ်သွားဖို့ ကျွန်မက လိုလားပါတယ်ရှင့်။ပြောချင်တာကတော့ ဒီ ၂၀၁၅ ဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ သိပ်ကိုထူးခြား တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်တယ်။ ပြီးတော့ ပြည်သူ့ဆန္ဒကလည်း ပြင်းပြစွာပြောင်းလဲချင်နေပြီပေါ့။ ပြောင်းလဲနိုင်တဲ့ တကယ့်ပြည်သူ့ဆန္ဒနဲ့လျော်ညီစွာ ပြောင်းလဲနိုင်တဲ့ ဦးဆောင်နိုင်တဲ့ပါတီကလည်း ရှိနေပြီပေါ့။ အသဲကြားကမဲတစ်ပြားကို သတ္တိရှိရှိနဲ့ ပေးခြင်းအားဖြင့်  ကျွန်မတို့မြန်မာ့လူ့အသိုင်းအဝိုင်းကြီးရဲ့ တိုးတက်ဖြစ်ပေါ်ပြောင်းလဲမှုကို ပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဒေါက်တာ ညိုညိုသင်း

တစ်သီးပုဂ္ဂလအမတ်လောင်း

ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဗဟန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်

စိုးရိမ်တာကတော့ရွေးကောက်ပွဲအေးအေးချမ်းချမ်းမှပြီးပါ့မလားပေါေ့နာ်။အထူးသဖြင့်ကိုယ့်ရဲ့နယ်က ပြိုင်ဆိုင်မှုတအားပြင်းထန်တဲ့နယ်ဖြစ်တဲ့အတွက်တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင်ကြိုးစားကြရင်းနဲ့ ထိပ်တိုက်တွေ့ဆုံတာတွေ၊ အခြေအနေတင်းမာတွေများ ဖြစ်မလားလို့စိုးရိမ်ပါတယ်။နောက်ပြီးတော့ ကျွန်မရဲ့ပြိုင်ဘက်တချို့ကလည်း ရွေးကောက်ပွဲဥပဒေတွေကို ချိုးဖောက်နေကြတာ တွေ့ရတဲ့အတွက်ကြောင့်မို့ အင်မတန်မှစိုးရိမ်ပါတယ်။တည်ဆဲဥပဒေများကိုပြောင်ပြောင်တင်းတင်းကြီးချိုးဖောက်မှုများအတွက်ကို တရားဥပဒေစိုးမိုးရေးအတွက်အင်မတန်စိတ်ပူပါတယ်။နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ပြည်သူလူထုတွေဝမ်းသာရမယ့်အဖြေကို ရပါလိမ့်မယ်လို့ ထင်ပါတယ်။ပြည်သူလူထုအားလုံး ပျော်ကြရမယ့်နေ့ဟာ နိုဝင်ဘာလ ၈ ရက်နေ့ပဲလို့ မျှော်လင့်ထားပါတယ်။ဒါပေမယ့် အပျော်လွန်ပြီးတော့ ခုနကလိုပေါ့၊ အပြင်းအထန်ပေါ့၊ မဖြစ်သင့်တာတွေ မဖြစ်ရအောင်လည်း ထိန်းသိမ်းထားဖို့ လိုပါတယ်။

ဒေါ်မြင့်မြင့်စိုး(ခ) မေစိုး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဗိုလ်တစ်ထောင်မြို့နယ် ၊ ပြည်သူ့လွှတ်တော်

ရွေးကောက်ပွဲမှာ စိုးရိမ်ပူပန်တာက ကျွန်မကဗိုလ်တထောင်မြို့နယ်ဖြစ်တဲ့အတွက် ဗိုလ်တထောင်မြို့နယ်မှာ ရေတပ်ကြီးတစ်ခုရှိပါတယ်။ အဲ့ဒီဘက်မှာအစိုးရဝန်ထမ်းအိမ်ရာတွေရှိတယ်ပေါ့နော်။ ကျွန်မတို့တွေဝင်ပြီး မဲ ဆွယ်စည်းရုံးခွင့်မရတဲ့နေရာတွေလည်း ရှိတယ်ပေါ့နော်။ ကွန်တင်နာဝန်းမှာလည်း လူတွေပိုနေတာရှိတယ်။ လူ ကတော့မရှိဘူး။ မဲစာရင်းမှာပါနေတာတွေရှိတယ်။ အဲ့ဒီအတွက်တော်တော်လေးကို စိုးရိမ်မှုတွေရှိတယ်ပေါ့။ နောက်တစ်ခုက ရန်ကုန်နေပြည်သူတောင်မှ မဲ ၃ ကြိမ်ထည့်ရမယ်ဆိုတာ မသိတဲ့သူတွေလည်းအများကြီးရှိ တယ်ပေါ့။ အဲ့ဒီအတွက်လည်း ကျွန်မတို့တစ်အိမ်တက်ဆင်းပြောရတယ်ပေ့ါနော်။ အဲ့ဒါကိုတော်တော်လေးစိုးရိမ် ပါတယ်။ ပြည်သူတွေနားမလည်ဘဲနဲ့ မဲတစ်ကြိမ်ပဲထည့်မှာကိုစိုးရိမ်ပါတယ်။

ခုချိန်မှာတောင်မှ ၈ ရက်နေ့မရောက်ခင်မှာတောင် တဖြည်းဖြည်းရက်နီးလာလေလေ စိုးရိမ်ကြောင့်ကြစိတ်တွေ က နည်းနည်းပိုများလာတယ်ပေါ့နော်။ ပြည်သူတွေမဲပေးမှုက အဆင်ပြေပါ့မလား တံဆိပ်တုံးထုတာလည်း အဆင်ပြေပါ့မလားပေါ့နော်။ တုံးမှာနှစ်ထပ်ဖြစ်သွားရင်ပယ်မဲပေါ့နော်။ အဲ့လိုမျိုးတွေအတွက် ကျွန်မတို့ အများ ကြီးစိုးရိမ်ပါတယ်။

ဒေါ်နှင်းနှင်းမွှေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် ၅၊ အမျိုးသားလွှတ်တော်

မဲစာရင်းမှာတောင်မှ ကိုယ့်နာမည်ပါမပါကို သွားကြည့်ဖို့ အချိန်မပေးနိုင်တဲ့ပြည်သူတွေတော်တော်များများကိုတွေ့ရတယ်။ တချို့ကျတော့လည်း လုံးဝကိုစိတ်မဝင်စားတဲ့ပြည်သူ လူထုတွေကိုတွေ့ရတဲ့ အခါကျတော့ အဲ့နေ့မှာ မဲတကယ်ပဲသွားပေးဖြစ်ကြမလားဆိုတာတော့ ကျွန်မအနေနဲ့ တော်တော်လေးပဲစိုးရိမ်ပါတယ်။ပြည်သူတွေကမဲသွားမပေးခဲ့ဘူးဆိုရင် သူတို့ရဲ့မဲပေးခွင့်ကို ဆုံးရှုံးတဲ့အပြင် အာဏာ ရပါတီကြီးရဲ့ မဲညစ်တဲ့ မဲခိုးတဲ့မဲလိမ်တဲ့အစီအစဉ်မှာ ကိုယ်တွေက ပူးပေါင်းပါဝင်တဲ့အခြေအနေမျိုးများ ဖြစ်သွားမလားလို့ ကျွန်မတို့ စိုးရိမ်ပါတယ်။ဒါဟာ ပြည်သူတွေကို အပြစ်တင်တာ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ အရမ်းကိုစားဝတ် နေရေးခက်ခဲနေတဲ့အခါမျိုးမှာ မဲစာရင်းကိုစိတ်မဝင်စားဘူးဆိုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မတို့ကအဲ့အတွက်ကို အများကြီးပညာပေး စရာတွေ၊ ပြည်သူတွေမှာနိုင်ငံရေးအသိအမြင်နိုးကြားတတ်ကြွလာအောင် ဆောင်ရွက်ပေးဖို့အတွက်တွေ ရှေ့လျှောက်ကြုံလာရမယ့်ရွေးကောက်ပွဲတွေမှာတော့ ကျွန်မတို့ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ အများကြီးမျှော်လင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly