သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါအခံရှိသူများ အပြင်မထွက်ရန် ဝန်ကြီးဌာန တိုက်တွန်း

သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါအခံရှိသူများ အပြင်မထွက်ရန် ဝန်ကြီးဌာန တိုက်တွန်း
ဓာတ်ပုံ - ဆုမြတ်မေဇော်

မတ်လ ၂၁ရက်။              ။အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီးသူများနှင့် နာတာရှည်ရောဂါ (ဆီးချိုရောဂါ၊ နှလုံး ရောဂါ၊ သွေးတိုး ရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ စသည်) ရှိသူများ အနေဖြင့် လက်တ လောကာလအတွင်း ပြင်ပသို့သွားရောက်ခြင်းများရှောင်ကျဉ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းလိုက်သည်။

ထို့ပြင် ရောဂါကူးစက်ရာဒေသနှင့်နိုင်ငံများမှ ပြန်လာသူများအနေဖြင့် အနီးဆုံးကျန်းမာရေးဌာနသို့ သတင်းပို့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသွားအလာကန့်သတ်ခြင်း (quarantine) နှင့် ရောဂါရှိသူအား သီး ခြားထားရှိ ကုသခြင်း (isolation) လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်သိစွာဖြင့် ပူးပေါင်းဆောင် ရွက်ကြရန် လည်း ကျန်းမာရေးနှင့်အားကစားကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြည်သူများထံမေတ္တာရပ်ခံသည့် ထုတ်ပြန်ချက်တွင် အများ ပြည်သူအနေဖြင့် တိကျစွာလိုက်နာပူးပေါင်းရမည့် အချက် ၅ချက်ကို ဖော်ပြထားပြီး ၎င်းအချက်များတွင် လက် ကို ဆပ်ပြာနှင့်ရေအသုံးပြု၍ မကြာခဏဆေးကြောခြင်း (သို့မဟုတ်) အရက်ပြန် (alcohol) အနည်းဆုံး (၆၀) ရာခိုင်နှုန်းပါဝင်သည့် လက်သန့်စင်ဆေးရည်ကိုအသုံးပြုသန့်စင်ခြင်းနှင့် အပြင်မှ ပြန်လာပြီးတိုင်း၊ အများပြည်သူ အသုံးပြုသည့်နေရာများမှ ပစ္စည်းများဖြစ်သည့် လှေကား လက်ရမ်း၊ ဓာတ်လှေ ကားခလုတ်၊ တံခါးလက်ကိုင်) များအား ကိုင်တွယ်ပြီးတိုင်း လက်ကိုဆေးကြောသန့်စင်ရန် ဖော်ပြထားသည်။

ထို့ပြင် လက်ကို မဆေးကြော၊ မသန့်စင်ဘဲ နှာခေါင်း၊ ပါးစပ်နှင့် မျက်နှာတို့ကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ရ မည်ဖြစ်ပြီး နှာချေ၊ ချောင်းဆိုး တိုင်းတွင် နှာခေါင်းနှင့် ပါးစပ်တို့ကို လုံခြုံအောင် ဖုံးအုပ်ပြီး ဖျားနာ၊ နှာချေ၊ ချောင်းဆိုးခြင်း များဖြစ်ပါက လူစုလူ ဝေးနေရာများသို့ သွားရောက်ခြင်း၊ ဘတ်စ်ကား စီးခြင်းနှင့် ခရီးသွားလာခြင်းတို့မှ ရှောင် ကြဉ်ရန်လည်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် မိမိကိုယ်တိုင်ရောဂါဖြစ်ပွားပါက အမြန်ဆုံးထိရောက်စွာကုသမှုခံယူနိုင်၍ အ သက်သေဆုံးခြင်းမှ ကာကွယ်နိုင်ပြီး မိမိ၏ မိသားစု၊ မိတ်ဆွေများနှင့် မိမိရပ်ရွာသို့ ရောဂါကူးစက်ပျံ့နှံ့ခြင်းအား ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required