တစ်ရှူးလိပ်စိန်ခေါ်ပွဲမှာ မက်ဆီထက်ပိုပြီး အချက်ရေများများရခဲ့တဲ့ ဘောလုံးသမား

တစ်ရှူးလိပ်စိန်ခေါ်ပွဲမှာ မက်ဆီထက်ပိုပြီး အချက်ရေများများရခဲ့တဲ့ ဘောလုံးသမား

အိမ်ထဲမှာပဲ နေထိုင်ကြဖို့ တိုက်တွန်းနေတဲ့ ဘောလုံးသမားတွေကြားက တစ်ရှူးလိပ်စိန်ခေါ်ပွဲကြီးကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပိုမိုစိတ်ဝင်စားမှု များလာခဲ့ပါပြီ။ မန်ဒီ၊ ဖာနန်ဒက်စ်၊ ဂျာအိုဖိလစ် တို့ကနေ အစပြုလုပ်တဲ့ ဒီစိန်ခေါ်မှုကြီးကို နာမည်ကျော် ကစားသမားများစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး အခုဆိုရင် မက်ဆီ၊ ဇာဗီ တို့ပါ ပါလာခဲ့ပြီဖြစ်လို့ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာခဲ့တာပါ။

ဘောလုံးသမားတွေက တစ်ရှူးလိပ်ကို သူတို့ရဲ့ ခြေထောက်ထဲမှာ အချက်ရေများနိုင်သမျှ များများ ထိထားရမှာဖြစ်ပြီး မက်ဆီက ထိချက် (၂၀)နဲ့ အများဆုံး ဖြစ်နေခဲ့တာပါ။

ဒါပေမယ့် တွစ်တာပေါ်မှာ ဗီဒီယိုဖိုင်တွေ ကိုယ်စီ တင်လာကြရင်းကနေ မက်ဆီ ထက်ပိုပြီး အချက်ရေများများရတဲ့ ဘောလုံးသမားတစ်ယောက် ပေါ်ထွက်လာခဲ့တာကို တွေ့ခဲ့ကြရပါတယ်။ အဲဒီ ကစားသမားကတော့ လီဗာပူးလ်ရဲ့ လူငယ် ကစားသမားလေး ဟာဗေး အဲလိယော့ ပါပဲ။ သူက အချက်ရေ (၂၆)ချက်အထိရခဲ့ပြီး လက်ရှိ တစ်ရှူးလိပ်စိန်ခေါ်သူတွေထဲမှာ အချက်ရေအများဆုံး ဖြစ်နေခဲ့တာပါ။

ကြည့်ရှုသူ (၁.၅)သန်းကျော်ရှိခဲ့တဲ့ ဗီဒီယိုထဲမှာ မက်ဆီက ဇာဗီ၊ အဂွီရိုနဲ့ ဂျော်ဒီအယ်လ်ဘာ တို့ကို စိန်ခေါ်ထားခဲ့ပြီး ဇာဗီ ကလည်း မက်ဆီရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် သူက  အချက်ရေများများတော့ မလုပ်နိုင်ခဲ့ပါဘူး။

တစ်ရှူးလိပ်စိန်ခေါ်ပွဲရဲ့ ပါဝင်သူတွေထဲမှာ အဆိုးဆုံးကတော့ စပိန်ကွင်းလယ်ကစားသမား ဖာဘရီဂက်စ်ပဲဖြစ်ပြီး ထိချက် (၉)ချက်တောင် မရပဲ ပက်လက်လန်လဲသွားတာကို ပရိသတ်တွေ သဘောကျခဲ့ကြတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required