ဥရောပဘောလုံးပြိုင်ပွဲတွေ မေလလယ်ပိုင်းမှာ ပြန်လည်စတင်ဖို့ ရည်မှန်းထားတယ်လို့ လာလီဂါဥက္ကဋ္ဌ ဆို

ဥရောပဘောလုံးပြိုင်ပွဲတွေ မေလလယ်ပိုင်းမှာ ပြန်လည်စတင်ဖို့ ရည်မှန်းထားတယ်လို့ လာလီဂါဥက္ကဋ္ဌ ဆို
Photo: EPA

လာလီဂါဥက္ကဋ္ဌ ဂျာဗီယာ တီဘက်စ်က ယူရို ၂၀၂၀ ပြိုင်ပွဲ ရွှေ့ဆိုင်းသွားပြီးနောက် ဥရောပရဲ့ ထိပ်တန်းလိဂ်တွေနဲ့ ပြိုင်ပွဲတွေဟာ မေလလယ်မှာ ပြန်လည်စတင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဟာ ဘောလုံးကလပ်အားလုံးကို ရပ်ဆိုင်းစေခဲ့ပါတယ်။

လာမယ့် နွေရာသီကို ပြောင်းရွှေ့လိုက်တဲ့ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကြောင့် ပြင်တွင်းလိဂ်ဘောလုံးရာသီတွေကို ပိတ်သိမ်းနိုင်ဖို့ အချိန်ပိုရှိနေတာလည်းဖြစ်ပါတယ်။

"ထိခိုက်နစ်နာတဲ့ လိဂ်ပြိုင်ပွဲပေါင်း ၃၀၊ ဖလားပြိုင်ပွဲပေါင်း ၃၀ ရှိနေပြီး နိုင်ငံနဲ့ နိုင်ငံတကာအဆင့်နှစ်ခုလုံးမှာ အစီအစဉ်တစ်ခုချင်းစီကို ကျနော်တို့ ညှိနှိုင်းလုပ်ဆောင်ဖို့ရှိပါတယ်။"

"ဥရောပပြိုင်ပွဲတွေအားလုံး မေလလယ်မှာ ပြန်သွားသင့်တယ်။" တကယ်လို့ အခြေအနေတွေက ခွင့်ပြုမယ်ဆိုရင် ကျနော်တို့ ရှေ့ဆက်သွားနိုင်မှာပါ။

"ကျနော်တို့ အတူတကွ လုပ်ကိုင်ကြဖို့ လိုပါတယ်။"

ကြာသပတေးနေ့က အင်္ဂလန်နဲ့ စကော့တလန် ဘောလုံးပြိုင်ပွဲတွေဟာ သူတို့ရဲ့ ဆိုင်းငံ့ထားမှုကို ဧပြီ ၃၀ ရက်အထိ တိုးချဲ့ရွှေ့ဆိုင်းခဲ့ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)က လက်ရှိရာသီဟာ "အကန့်အသတ်မရှိ တိုးချဲ့ရွှေ့ဆိုင်း"နိုင်တယ်လို့ ဆိုပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required