ထိုင်းနိုင်ငံ ရနောင်းမြို့ ထိုင်းနယ်စပ်ဂိတ်တွင် အပူချိန်လွန်ကဲသည့် မြန်မာအလုပ်သမားနှစ်ဦးကို အဝင်မခံဘဲ ပြန်လွှတ်

ထိုင်းနိုင်ငံ ရနောင်းမြို့ ထိုင်းနယ်စပ်ဂိတ်တွင် အပူချိန်လွန်ကဲသည့် မြန်မာအလုပ်သမားနှစ်ဦးကို အဝင်မခံဘဲ ပြန်လွှတ်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ကော့သောင်း၊ မတ် (၂၀)။               ။ ထိုင်းနိုင်ငံ၊ရနောင်းမြို့နယ်ဂိတ်မှတဆင့် ကော့သောင်းနယ်စပ်ဂိတ်တွင် ဗီဇာသက်တမ်းတိုးပြီးနောက် ထိုင်းနိုင်ငံ ဘက်သို့ပြန်လည်ဝင်ရောက်သည့် အလုပ်သမားနှစ်ဦးတွင် ကိုယ်အပူချိန်မြင့်မားပြီး  ဖျားနားမှုများရှိခြင်းကြောင့် ဝင်ရောက်ခွင့်မပြုဘဲ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာလုပ်သားနှစ်ဦးကို ထိုင်းနိုင်ငံဘက်မှပြန်လည်ပို့ဆောင်ခဲ့သည့်အတွက် ကော့သောင်းမြို့ခံများကြား နှင့် လူမှုကွန်ရက်စာမျက်နှာတွင် ကိုရိုနာဗိုင်းရပ်ရောဂါ(COVID-19) ကူးစက်ခံရသူများဖြစ်ကြောင်း သတင်းအမှား များပျံနှံခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံ၊ရနောင်းမြို့နယ်ဂိတ်မှတဆင့် ကော့သောင်းနယ်စပ်ဂိတ်သို့ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်ရောဂါ(COVID-19) ကူးစက်ခံရသည်ဟုဆိုခြင်းမှာ  သတင်းအမှားသာဖြစ်ကြောင်း ကော့သောင်းမြို့ဆေးရုံအုပ် ဒေါက်တာခင်ဇော်က မဇ္ဈိမသို့ပြောသည်။

 “မြန်မာအလုပ်သမား နှစ်ဦး ကိုရိုနားဗိုင်းရပ် ရှိတယ်လို့ ကောလဟာလ သတင်း အမှားတွေ ထွက်ပေါ်တာ ဖြစ်တယ်၊ အဲ့လူ နှစ်ဦး သာမန် ရိုးရိုး ဖျားနာတဲ့ လူနာတွေ ဖြစ်တယ်၊ ဗိုင်းရပ်ပိုး ကူးစက်ခံထား ရတာမျိုး မရှိဘူး”ဟု ကော့သောင်းမြို့ ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ေဒါက်တာ ခင်ဇော်က မဇျွိမသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အလုပ်သမားနှစ်ဦးမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းမြန်မာ အလုပ် သမားများဖြစ်ပြီး ယနေ့(မတ်လ ၂၀ ရက်) နံနက်ပိုင်းက ဗီဇာသက်တမ်းတိုးရန် ကော့သောင်းနယ်စပ်ဂိတ်ကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေါက်တာခင်ဇော်က ဆက်လက်ပြောကြားသည်။

“အမှန်က သူတို့ နှစ်ယောက်က ဗီဇာ သက်တမ်း တိုးဖို့ ရောက်လာတာ ဖြစ်တယ်၊ ထိုင်းဘက်ကို ပြန်ဝင်တော့ ကိုယ်အပူရှိန်တွေ ရှိနေလို့ ပြန် အဝင်မခံတော့ဘဲ မြန်မာဘက်ကို ပြန်ပို့လိုက်တာ ဖြစ်တယ်”လို့ ဆေးရုံအုပ် ဒေါက်တာခင်ဇော်က ပြောကြား သည်။

အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သားနှစ်ဦးမှာ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်နှင့် ကော့သောင်းခရိုင်၊ကော့သောင်း မြို့နယ်တို့၌နေထိုင်သူများဖြစ်ပြီး လက်ရှိတွင် ၎င်းအလုပ်သမားနှစ်ဦးအနက် တစ်ဦးမှပြန်လည်သက်သာနေပြီး၊ ကျန်တစ်ဦးမှာဖျားနာခြင်းရှိနေ၍ ကော့သောင်း ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူလျှက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊တောင်ပိုင်း(၁၄) ခရိုင်၌ သွားရောက်နေထိုင်အလုပ်လုပ်ကိုင်ေနသူများထဲမှ အကြောင်းအမျိုးမျိုး ကြောင့် ထိုင်းအာဏာပိုင်းများကဖမ်းဆီးအေရးယူထားသူများအနက် ပြစ်ဒဏ်ကျခံပြီး၊ လွတ်ရက်စေ့လွတ် မြောက်လာသူ မြန်မာရွှေ့ပြောင်း အလုပ်သမား ကျား (၆၈) ဦး၊ မ (၃၃) ဦး စုစုပေါင်း (၁၀၁) ဦးကို ထိုအပြင် မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ရနောင်းလဝကအချုပ် IDC မှ တဆင့် ပြည်နှင်ဒဏ်ပေးခဲ့ပြီး ၎င်းပြည်နှင် ဒဏ်ပေး ခံရသူများသည် ကော့သောင်းနယ်စပ်ဂိတ်သို့ ရောက်ရှိလာကြောင်း သိရသည်။

ယင်းလွှတ်မြောက်လာသူ ၁၀၁ ဦးတွင် ဖျားနာသူတချို့ပါရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly