သီပေါမြို့မှ COVID-19 စောင့်ကြည့်လူနာတွင် ပိုးမတွေ့၊ နေအိမ်ဝင်၊ထွက်မှု ပြန်လည်ရုတ်သိမ်းပေးထားဟု ဆေးရုံအုပ်ကြီး ပြော

သီပေါမြို့မှ COVID-19 စောင့်ကြည့်လူနာတွင် ပိုးမတွေ့၊ နေအိမ်ဝင်၊ထွက်မှု ပြန်လည်ရုတ်သိမ်းပေးထားဟု ဆေးရုံအုပ်ကြီး ပြော

မတ် ၂၀ ရက်။              ။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊သီပေါပြည်သူ့ဆေးရုံတွင် COVID-19 စောင့်ကြည့်လူနာတွင် ပိုးမတွေ့ရှိကြောင်း သီပေါပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာဝင်းက ပြောသည်။

“COVID -19 ပိုးမရှိပါဘူး။ သူက တီဘီပိုးတွေ့လို့  တီဘီဆေးတိုက်နေပါပြီ။ စောင့်ကြည့်သီးသန့်ခန်းမှာလည်း မထားတော့ပါဘူး။ သူ့မိသားစုဝင်တွေလည်း ဆေးရုံကို လာစောင့်လို့ ရပါပြီ” ဟု သီပေါပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာဝင်းက မဇ္စျိမသို့ပြောသည်။

ပြီးခဲ့သည့် မတ် ၁၇ရက် တရုတ်နိုင်ငံ၊ကွေ့ကျုံးမြို့တွင် အလုပ်လုပ်ပြီး တရားမဝင်လမ်းကြောင်းမှတဆင့် သီပေါမြို့သို့ ပြန်လည်ရောက်ရှိလာသည့် အသက် (၂၀)အရွယ်အမျိုးသားတစ်ဦးသည် ချောင်းဆိုခြင်း၊ဖျားနာ နေသည့်အသွင်ရှိသည့်အတွက် ၎င်းအားလိုက်ပါပို့ဆောင်ပေးသည့် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူက သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများထံသတင်းပေးခဲ့ပြီးနောက် စောင့်ကြည့်လူနာအဖြစ် သီပေါပြည်သူ့ ဆေးရုံတွင် ကုသပေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

COVID-19 စောင့်ကြည့်လူနာအဖြစ်ထားရှိစဉ်တွင်လည်း ၎င်းနေထိုင်ရာခဲ့သည့်နေအိမ်အပြင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတို့ ၏ နေအိမ်များကိုလည်း အဝင်၊အထွက် ပိတ်ထားကာ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြောင်း လည်း သိရသည်။

လက်ရှိတွင် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ၏ နေအိမ် ဝင်၊ထွက်ကန့်သတ်ထားမှုကို ရုတ်သိမ်းပေးထားကြောင်း နယ်စည်းမခြားပရဟိတအဖွဲ့(သီပေါ) ကိုမျိုးက ပြောသည်။

 “ ပိုးကမတွေ့ပါဘူး။ သူရဲ့နေထိုင်တဲ့အိမ်နဲ့  ဆိုင်ကယ်ကယ်ရီသမားတို့ရဲ့ နေအိမ်တွေက ကန့်သတ်ထား တဲ့နေရာကနေ လွတ်သွားပါပြီ။” ဟု မဇ္စျိမသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ်၊ဇန်နဝါရီ ၊၃၁ရက်မှ မတ် ၁၉ရက် ၊ညနေ ၄နာရီအထိ  ကိုရိုနာဗိုင်းရပ်စ်(COVID-19)စောင့်ကြည့်လူနာ ၁၇၃ ဦးနှင့်သံသယလူနာ ၂ ဦး စုစုပေါင်း ၁၇၅ဦးရှိပြီး ၁၅၇ ဦးတွင် ပိုးမတွေ့ရှိ ကြောင်းနှင့် ဓာတ်ခွဲနာမူနာပေးပို့ဆဲနှင့်စောင့်ဆိုင်းဆဲ ၁၈ဦး ၊ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly