Covid-19 ကြောင့် အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်နေကြတဲ့ ကစားသမားအချို့ရဲ့ပုံရိပ်တွေ

Covid-19 ကြောင့် အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်နေကြတဲ့ ကစားသမားအချို့ရဲ့ပုံရိပ်တွေ

Covid-19 ကြောင့် ကစားသမားတွေ ခမျာ လေ့ကျင့်ရေးကွင်းလည်း မသွားရ၊ ဘောလုံးလည်း မကစားရနဲ့တိုင်ပတ်နေကြတာပါ။ အချို့ကတော့ သူတို့ ၀ါသနာပါရာလေးတွေကို နေအိမ်မှာပဲ လုပ်ကိုင်နေကြပြီး နည်းနည်း ပျင်းနေတဲ့သူတွေကတော့ ပျော်စရာ Challenge လေးတွေ ဖန်တီးရင်း အချင်းချင်း စိန်ခေါ်နေကြပါတယ်။

ဒါပေမယ့် ဒီအတိုင်းကြီးပဲ နေရင် သက်လုံကျသွားမှာစိုးတာကြောင့် နေအိမ်အတွင်းမှာပဲ လေ့ကျင့်ခန်းလုပ်နေရတဲ့ ကစားသမားတွေလည်း အများကြီးပါ။ သူတို့က သူတို့ရဲ့ ဆိုရှယ်မီဒီယာ ကွန်ယက်တွေမှာ နေအိမ်အတွင်း လေ့ကျင့်ခန်းတွေလုပ်နေကြပုံတွေကို ပရိသတ်တွေသိအောင် မျှဝေပေးခဲ့ကြတယ်။

ချယ်လ်ဆီးရဲ့ အိုဒွိုင်း ၊ အာဆင်နယ်ရဲ့ ကိုလာဆီနက်၊ ဒေးဗစ်လုဇ် ၊ မူစတာဖီ တို့နဲ့အတူ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး က နေအိမ်မှာ လေ့ကျင့်ခန်း အစီအစဉ်တွေ လုပ်ကိုင်နေတဲ့ ပုံရိပ်တွေကို ပရိသတ်တွေ သိအောင် မျှဝေပေးခဲ့ကြတာပါ။

ဒါ့အပြင် ခြံဝန်းအတွင်းမှာ စက်ဘီးစီးရင်း လေ့ကျင့်ခန်းလုပ်နေတဲ့ လာကာဇက် ၊ မိသားစုနဲ့အတူ Gym ကစားနေတဲ့ ရာမို့စ် ၊ နေအိမ်အတွင်းမှာပဲ ဘောလုံးလေ့ကျင့်ခန်းတွေလုပ်နေတဲ့ ဝီလီယံ၊ Gym ခန်းက ဓာတ်ပုံတွေ တင်လိုက်တဲ့ နေမာ တို့အပြင် နာမည်ကျော် တော်တော်များများက သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်က ဓာတ်ပုံတွေကို မျှဝေပေးခဲ့တာပါ။ ကဲ…သူတို့ရဲ့ပုံရိပ်တွေကို ကြည့်လိုက်ပါဦး..။ ဘောလုံးပွဲတွေ နားနေတုန်း အလွမ်းပြေပေါ့..။

Gym ခန်းမှာ Batman ရုပ်ကြီး ထားထားတဲ့ ကိုလာဆီနက်

 
 
 
 
 
 
 
 
 
 
 
 
 

Workout #ComeBackStronger #GibGäs #SeoKol

A post shared by Sead Kolašinac (@seadk6) on

လာကာဇက်ရဲ့ တစ်ကိုယ်တော် လေ့ကျင့်ခန်း အစီအစဉ်

မိသားစုလိုက် Gym ကစားနေတဲ့ ရာမို့စ်

 
 
 
 
 
 
 
 
 
 
 
 
 

Family workout done! @pilarrubio_oficial #SergioJr #Marco #Alejandro #FamilyGoals

A post shared by Sergio Ramos (@sergioramos) on

လီဝန်ဒေါစကီးရဲ့ လေ့ကျင့်ရေး ဗီဒီယို

 
 
 
 
 
 
 
 
 
 
 
 
 

Remember, each success is the sum of workouts repeated each day. Don't stop! #RL9

A post shared by Robert Lewandowski (@_rl9) on

ဒေးဗစ်လုဇ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်

 
 
 
 
 
 
 
 
 
 
 
 
 

@gu5santana #passion #coronaout

A post shared by David Luiz (@davidluiz_4) on

နေမာလည်း လေ့ကျင့်ခန်းတွေ လုပ်နေ

 
 
 
 
 
 
 
 
 
 
 
 
 

One more day ...

A post shared by ene10ta Érre neymarjr (@neymarjr) on

အော်တာမန်ဒီရဲ့ လေ့ကျင့်ရေး လုပ်တဲ့ အခန်းလေး

 
 
 
 
 
 
 
 
 
 
 
 
 

#home #casa #gym #coronaout #quédateencasa

A post shared by Twitter Oficial: @Notamendi30 (@nicolasotamendi30) on

ဆွာရက်ဇ်ကြီးလည်း ဒဏ်ရာခဏခဏ မရဖို့ လေ့ကျင့်ခန်းတွေ လုပ်နေရ

 
 
 
 
 
 
 
 
 
 
 
 
 

Focus on the future #siemprepositivo #enbuenasmanos

A post shared by Luis Suarez (@luissuarez9) on

ဒဏ်ရာရနေတာတောင် လေ့ကျင့်မှု မပျက်တဲ့ တော်ရဲရား

ရူဒီဂါလည်း လေ့ကျင့်ခန်းပုံရိပ်တွေ မျှဝေ


 
 
 
 
 
 
 
 
 
 
 
 
 

Stay fit. Stay at home. Stay healthy. #CoronaOut

A post shared by Antonio Rüdiger (@toniruediger) on

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly