မန္တလေးတွင် ကေတီဗီ၊နိုက်ကလပ်နဲ့ဘားတွေ စီမံခန့်ခွဲမှုမျိုးစုံဖြင့် ယနေ့ညစပိတ်မည်

မန္တလေးတွင် ကေတီဗီ၊နိုက်ကလပ်နဲ့ဘားတွေ စီမံခန့်ခွဲမှုမျိုးစုံဖြင့် ယနေ့ညစပိတ်မည်

မတ်လ ၁၉။        ။ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားစေရန်အတွက် မန္တလေးတိုင်းအတွင်း လူစု လူဝေးဖြင့် ပြုလုပ်သည့် ပွဲလမ်းသဘင်များနှင့် ကေတီဗီ ၊နိုက်ကလပ် ၊မာဆက် ၊ဘား စသည်တို့ကိုလည်း မတ်လ ၁၉ ရက် ညပိုင်းမှစ၍ ပိတ်သွားမည်ဟု ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်ကပြောသည်။

၎င်းက"ဒီနေ့ညမှာ ပိတ်သွားမယ်။စီမံခန့်ခွဲမှု နည်းပေါင်းမျိုးစုံနဲ့ ကျွန်တော်တို့က ဆောင်ရွက်သွားမှာဖြစ်တယ်။"ဟုပြောသည်။

ဗိုင်းရပ်စ်အခြေအနေပေါ်မူတည်ပြီးဈေးများနှင့်တန်ခိုးကြီးဘုရားများကို ပိတ်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

"တို့အထဲမှာ ဗိုင်းရပ်စ် ရောက်ရှိလာတဲ့အပေါ် မူတည်ပြီးဆောင်ရွက်ရမယ့် ကိစ္စတွေသာဖြစ်တယ်။ဘုရားတွေမှာ ဘုရားဖူးတွေရှိတယ်။ဒါကို ဘယ်အချိန်မှာ ပိတ်ရမလဲ အဲဒါအရေးကြီးတယ်။ဆိုလိုတဲ့ အဓိပ္ပါယ်က တန်ခိုး ကြီးဘုရားတွေအပါအဝင် ဘာသာအသီးသီးရဲ့ ဘုရားကျောင်းကန်တွေရှိပါတယ်။ဘုရားကျောင်းကန်တွေပိတ်ရမယ့် အချိန်တွေက ဘယ်အခြေအနေလည်း ဒါဟာအရေးကြီးတယ်။ကိုးကွယ်ယုံကြည်မှု ဆိုင်တဲ့ ကိစ္စရပ် များလည်း ဖြစ်တဲ့အတွက် ဒါတွေက အင်မတန်မှလည်း သိမ်သိမ်မွေ့မွေ့နဲ့ ဆောင်ရွက်ရမယ့် ဖြစ်တဲ့နည်းတူ ဗိုင်းရပ်စ် ရောက်ရှိမှုနဲ့ ပျံ့ပွားမှုပေါ် မူတည်ပြီးတော့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။"ဟု ဦးဇာနည်အောင်ကပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာမှ ထိန်းချုပ်နိုင်စွမ်း မရှိသေးသရွေ့ မည်သည့် လူစုလူဝေးမှ မပြုလုပ်ရန်အတွက် အစိုးရအဖွဲ့မှ စီမံခန့်ခွဲမှုများ ပြုလုပ်သွားမည်ဟု ဦးဇာနည်အောင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required