အိမ်ကနေ အလုပ်လုပ်ကြဖို့ ဓာတ်ပုံအလန်းတွေနဲ့ တိုက်တွန်းလိုက်တဲ့ Presenter လေး

အိမ်ကနေ အလုပ်လုပ်ကြဖို့ ဓာတ်ပုံအလန်းတွေနဲ့ တိုက်တွန်းလိုက်တဲ့ Presenter လေး

အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ Sky Sports ရဲ့ အစီအစဉ်တင်ဆက်သူဟောင်း တစ်ယောက်လည်းဖြစ်၊ စီးရီးအေပြိုင်ပွဲတွေရဲ့ တင်ဆက်သူ တစ်ယောက်လည်းဖြစ်တဲ့ ဒီလက်တာ လီယော့တာ ကတော့ Covid-19 အန္တရာယ်ကြောင့် နေအိမ်ကနေ တတ်နိုင်သလောက် အလုပ်လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အသက် (၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အစီအစဉ်တင်ဆက်သူလေးဟာ သူမရဲ့ နေအိမ်မှာ အလုပ်လုပ်နေတဲ့ ချစ်စရာ ဓာတ်ပုံလေးတွေကို တင်ပြီး သူမလို နေအိမ်ကနေ အလုပ်လုပ်ကြဖို့ တိုက်တွန်းလိုက်တာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

Dopo l’allenamento non poteva mancare la crostata di mandarini #worldbakingday

A post shared by Diletta Leotta (@dilettaleotta) on

အီတလီနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတဲ့ Covid-19 ဗိုင်းရပ်စ်ကူးစက်မခံရစေဖို့ နေအိမ်ကနေ အလုပ်လုပ်ကြခြင်းဟာ အကောင်းဆုံးဖြစ်ကြောင်းနဲဲ့ တတ်နိုင်သလောက် နေအိမ်ထဲကနေ  အပြင်မထွက်ပဲ နေကြစေလိုကြောင်း ဒီလက်တာ က တိုက်တွန်းလိုက်ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

Lunedì, Smart working #iorestoacasa

A post shared by Diletta Leotta (@dilettaleotta) on

သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ တင်ထားတဲ့ ဓာတ်ပုံတွေမှာတော့ ဒီလက်တာ ကို ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေနဲ့ တွေ့ခဲ့ရပြီး နေအိမ်အတွင်းစားပွဲပေါ်မှာ ကွန်ပြူတာ တစ်လုံးနဲ့ အလုပ်လုပ်နေခဲ့တာကို မြင်ရမှာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

#distantimauniti @sportgoverno @dazn_it

A post shared by Diletta Leotta (@dilettaleotta) on

လက်ရှိအချိန်မှာ DAZN ရုပ်သံလိုင်းအတွက် အလုပ်လုပ်နေပြီဖြစ်တဲ့ ဒီလက်တာ ရဲ့  ဓာတ်ပုံလေးတွေကို ကြိုက်နှစ်သက်သူ (၆)သိန်းကျော်အထိ ရှိခဲ့ပြီး သူမရဲ့ အင်စတာဂရမ်ပရိသတ်တွေက သဘောကျကြောင်း ပြသခဲ့ကြပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

#MilanoNeverStops

A post shared by Diletta Leotta (@dilettaleotta) on

အချို့မှတ်ချက်တွေမှာ ဒီလက်တာ ကို အရမ်းလှတာပဲ လို့ ချီးကျူးထားကြသလို တချို့မှတ်ချက်တွေမှာလည်း အမြဲတမ်းစတိုင်ကျနေသူ လို့ ချီးကျူးထားကြပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

Pranzo nell’infinito

A post shared by Diletta Leotta (@dilettaleotta) on

အင်စတာဂရမ်မှာ ပရိသတ် (၆)သန်းကျော်ရှိတဲ့ ဒီလက်တာ က အီတလီနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ Covid-19 ဗိုင်းရပ်စ်ကို အတူပူးပေါင်းကာကွယ်ကြဖို့လိုကြောင်းနဲ့ တတ်နိုင်သမျှ လူစုလူဝေးကို ရှောင်ကြစေလိုကြောင်း ရေးသားသွားခဲ့ပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

Mezzanotte

A post shared by Diletta Leotta (@dilettaleotta) on

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly