ချင်းပြည်နယ်အစိုးရနှင့် အင်တာဗျူး

ချင်းပြည်နယ်အစိုးရနှင့် အင်တာဗျူး

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်း တပ်မတော်နှင့် ရခိုင်တပ်(AA) တိုက်ပွဲများနှင့်အတူ စစ်ဘေးရှောင် ဒုက္ခသည်တွေ ရုတ်ချည်း တိုးမြင့်လာတဲ့အပေါ် ပြည်နယ်အစိုးရ၏ ဒုက္ခသည်အရေးနှင့် လုံခြုံရေးဆိုင်ရာများကို  ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးထက်နှင့် ဆက်သွယ်မေးမြန်းထားသည်။

မတ်လ ၁၄ရက်မှ ၁၆ရက်အထိ ပလက်ဝမြို့နယ်ရှိ ကျေးရွာအချို့တွင် တပ်မတော်နှင့် ရခိုင်တပ်(အေအေ)တို့ အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်၊ ဝက်မကျေးရွာအုပ်စု အပါအဝင် ကျေးရွာ ၁၂ရွာ မှ ဒေသခံပြည်သူများသည် ဆမီးမြို့သို့ တိုက်ပွဲရှောင်ရင်း ရောက်ရှိလာကြသည်။

ချင်းပြည်နယ်အစိုးရ၏  တိုက်ပွဲရှောင်ဒုက္ခသည်ပြည်သူများအတွက် စီစဉ်ဆောင်ရွက်ပေးထားမှုများနှင့် ဖေဖော် ဝါရီလ အကုန်ပိုင်းတွင်းမှစတင်ကာ စားနပ်ရိက္ခာပြတ်လပ်နေသည့် ပလက်ဝမြို့ပေါ်အတွက် မည်သို့သော စီစဉ် ဆောင်ရွက်ပေးထားမှုများနှင့်ပတ်သက်၍ မဇၩိမသတင်းဌာနမှ သတင်းထောက် မေရည်ငြိမ်းချမ်းက  ချင်းပြည် နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးထက်နှင့် ဆက်သွယ်မေးမြန်းထားမှုကို ကောက်နုတ်ဖော်ပြလိုက် ပါသည်။

မေး။       ။ ပလက်ဝမြို့နယ်ရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိပါသလဲရှင့်။

ဖြေ။         ။  ပလက်ဝမြို့နယ်ကတော့ တစ်လောကလိုပဲ။ ရေလမ်း၊ ကုန်းလမ်းမပွင့်သေးဘူး။ သွားရေးလာရေး လည်း မလွယ်သေးပါဘူးခင်ဗျ။ နောက် ပလက်ဝမြို့နယ်အတွင်းမှာပါတဲ့ ဆမီးပတ်ဝန်းကျင်မှာလည်း တိုက်ခိုက် မှုတွေဖြစ်ပြီး သေဆုံးတဲ့သူကလည်း ၂၁ယောက်လောက်ရှိပြီးတော့ ဒဏ်ရာရသူ ၂၉ယောက်လောက် ဆေးကု သနေရပါတယ်။ အဲဒီအပေါ်မှာကျွန်တော်တို့က ဆေးဝါးမစုံလင်တဲ့အတွက် ဆရာ၊ဆရာမလည်းမရှိ၊ ဆရာဝန် လည်းမရှိတာနဲ့ ဆမီးမှာလည်း ကုလို့မရဘူး။ အဲဒါနဲ့ကျွန်တော်တို့ မတူပီကိုပို့တယ်။ မင်းတပ်ကိုပို့တယ်။ အဲဒီက နေ ပြင်းထန်လာတဲ့လူနာတွေကို မန္တလေးကို ပို့ပါတယ်ခင်ဗျ။ မန္တလေးအထိသွားကုရတာမျိုးဖြစ်ပါတယ်။ နယ် မြေအနေအထားကတော့ သွားလို့လည်းအဆင်မပြေသေးဘူး။ ဆမီးနဲ့ ပလက်ဝသွားဖို့က ၄၂မိုင်ပဲရှိတယ်။ အဲဒီ ကြားမှာလည်း နယ်မြေမအေးချမ်းတဲ့အတွက် သွားလို့၊လာလို့ မရသေးဘူးခင်ဗျ။

မေး။       ။ပလက်ဝမြို့ပေါ်မှာက စားနပ်ရိက္ခာပြတ်နေပြီး အရင်က ဆမီးမှာရှိနေတဲ့ဆန်အိတ် ၆၀၀ကို ပလက်ဝ မြို့နဲ့ အနီးတစ်ဝိုက်ရွာတွေကို ရည်ရွယ်ထားပေမယ့် တိုက်ပွဲရှောင် ၂ထောင်ကျော်လောက်က ဆမီးကို ရောက် သွားပြီဆိုတော့ အခုလက်ရှိမှာ ပလက်ဝမြို့ပေါ်အတွက် ဘာတွေ စီစဉ်ပေးထားလဲ ။

ဖြေ။     ။ကျွန်တော်တလောကလည်း အမြဲတမ်းဖြေပါတယ်။ ရေကြောင်း၊ကုန်းကြောင်းက လုံခြုံရေးရှိမှ သွား လို့ရတဲ့ အနေအထားဖြစ်တဲ့အတွက် လုံခြံုရေးမပေးမခြင်း သွားလို့၊လုပ်လို့ မရတဲ့ အနေအထားဖြစ်ပါတယ် ခင် ဗျ။ ကျွန်တော်တို့က ပြည်ထောင်စုအစိုးရကို တင်ပြတယ်။ ပြည်ထောင်စုအစိုးရကလည်း ချင်းပြည်နယ်အစိုးရ အဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နောက်ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုရေး၊ပြည်ထဲ ရေး ဒါမျိုးတွေနဲ့ညှိနှိုင်းလုပ်ဆောင်နေတာရှိပါတယ်။ နယ်မြေကလည်း တိုက်ပွဲတွေဖြစ်နေတဲ့အတွက် အဲဒီလုံ ခြုံရေးကို မလုပ်ပေးနိုင်သေးဘူးခင်ဗျ။ စစ်တွေ၊ကျောက်တော်က သွားလို့မရတဲ့အတွက် စစ်တွေ၊ကျောက်တော် မှာ စုထားတဲ့ ဆန်အိတ်တွေပို့လို့မရဘူး။ နောက်ကျွန်တော်တို့က မင်းတပ်၊ မတူပီ၊ ဆမီး၊ ပလက်ဝလမ်းက ဆမီးထိတော့ပို့လို့ အဆင်ပြေတယ်။ ဆမီးနဲ့ ပလက်ဝကြား ၄၂မိုင်က ကြားမှာကို ဟိုတလောက မိုင်တိုင် ၁၂၀ မှာ ၁၂ဘီးကားတစ်စီး မီးရှို့ခံလိုက်ရတယ်။ အခုထိလည်း အဲဒီနားမှာ လုံခြံုရေးအခြေအနေမကောင်းတဲ့အတွက် ဘယ်လိုမှ ပို့လို့မရတဲ့အနေအထားပေါ့။ ကားတွေလည်း ဖြတ်လို့မရဘူး။ အဲဒီလိုဖြစ်နေတယ်။

မေး။   ။ ကျောက်တော်နဲ့ ပလက်ဝကားလမ်းကို အစိုးရဘက်က ဖွင့်ပေးရင် သွားလို့ရနိုင်တယ်လို့ ဒေသခံတွေက ပြောတယ်။ဘယ်လိုစီစဉ်ပေးလိုရနိုင်လဲ။

ဖြေ။      ။ အစိုးရဘက်ကလည်း မပိတ်ဘူးလို့ပြောတယ်။ AA ဘက်ကလည်း မပိတ်ဘူးပြောတယ်။ အဲဒီကြား မှာတော့ နည်းနည်းလေးကွာဟနေတာပေါ့နော်။ အမှန်က ဒီဟာက တိုက်ပွဲဖြစ်နေတာက ဖြစ်နေတာပဲ။ AAနဲ့ တပ်မတော်က ဖြစ်တာက ဖြစ်တာပဲ။ ဘယ်သူ့ဘယ်သူ့မှ ပါဝင်မပတ်သက်ဘဲ စက်လှေတွေအေးချမ်းစွာသွားခွင့် ရနိုင်ရင် ခုနက ပလက်ဝအတွက်လိုအပ်တဲ့ ဆန်၊ဆီ၊ဆား၊ရိက္ခာ အားလုံးအဆင်ပြေသွားမှာပါ။ အရင်ကတော့ နှစ်ပေါင်းမြောက်မြားစွာ ဒီလမ်းကြောင်းပဲသုံးနေကြတာ။ အခုကျမှ ဟိုကပိတ်သလို၊ဒီကပိတ်သလိုနဲ့ တကယ် တမ်းလည်း သွားလို့မရဘူး။ အဲဒီလိုဖြစ်တဲ့အတွက် အခက်အခဲဖြစ်တာပေါ့။

မေး။    ။ဆမီးမှာရောက်နေတဲ့ တိုက်ပွဲရှောင် ၂၀၀၀ကျော်အတွက် ပြည်နယ်အစိုးရက ဘယ်လိုစီစဉ်ဆောင်ရွက် ပေးထားပါလဲ။

ဖြေ။    ။ ကျွန်တော်တို့ ဒီနေ့ မနက်အထိက ၂၂၆၅ယောက်ပါနော်။ အဲဒီလောက်ရှိပါတယ်ခင်ဗျ။ အဲဒီအတွက် အဲဒါကိုကျေးရွာ ၉ရွာရှိပါတယ်။ ကျေးရွာ ၉ရွာကို သူ့အပိုင်းနဲ့သူ ဆမီးမြို့မှာ ၈နေရာခွဲပြီး စီစဉ်ဆောင်ရွက်ပေး ထားပါတယ်။ ဟိုတစ်နေ့က အထိ ၂၁၄၀ပေါ့။အခုနောက်ပိုင်းတိုးတာနဲ့ ၂၂၆၅။ အခုလည်းတစ်ယောက်စ၊ နှစ် ယောက်စ၊တစ်အိမ်၊နှစ်အိမ်။ အဲဒီလိုဝင်လာတာရှိပါတယ်။ တစ်ပတ်အတွင်းမှာ ၂၅၀၀၊ ၃၀၀၀ အတွင်းဖြစ်လာ နိုင်တယ်။ လူ၃၀၀၀စာလောက် ဆန်၊ဆီ၊ဆားပို့နိုင်အောင် သူတို့နေမှု၊ထိုင်မှုအတွက် အဆင်ပြေအောင် ကျွန်တော်တို့ကြိုးစားနေပါတယ်။

မေး။    ။ ဆေးရုံမှာ ဒဏ်ရရသူတွေပို့ထားတဲ့အခြေအနေနဲ့ အစိုးရအဖွဲ့ရဲ့ကူညီထောက်ပံ့မှုတွေကိုလည်း သိပါရစေ။

ဖြေ။   ။ မန္တလေးကိုပဲကျွန်တော်တို့လူကိုယ်တိုင် မသွားဖြစ်တာခင်ဗျ။ မင်းတပ်မှာရောက်နေတဲ့လူနာ၊ မတူပီမှာရှိ နေတဲ့ လူနာ၊ ပြည်နယ်အစိုးရအနေနဲ့ သေဆုံးတဲ့သူတွေအတွက် တစ်ဦးကို သုံးသိန်းနှုန်းထောက်ပံ့ပါတယ် ခင် ဗျ။ ဒဏ်ရာရတဲ့သူတွေအတွက် တစ်သိန်းနှုန်းထောက်ပံ့ပါတယ်။ ဒဏ်ရာရတဲ့ ၂၉ဦးစလုံးကို ထောက်ပံ့တာ ပါ။ လူတိုင်းကိုထောက်ပံ့တာပါ။ ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့။ ကျွန်တော်တို့  Personal ထောက်ပံ့တာ မျိုးလည်း လုပ်ပါတယ်။ ဆေးရုံကိုလာလှူတာတွေရှိပါတယ်။ မနက်စာ၊နေ့လည်စာ၊ ညစာလှူတာမျိုးတွေ မတူပီမှာ အဲဒီလို လုပ်နေတာတွေရှိပါတယ်။ မင်းတပ်မှာလည်း အဲဒီလိုပါပဲ။အလှူရှင်တွေ လှူဒါန်းတာတွေနဲ့ လူနာတွေကို ကျွေး တာ တွေလုပ်တယ်။ ငွေကြေးတွေလှူဒါန်းတာတွေလည်းရှိပါတယ်။

မေး။     ။ ပြည်နယ်အစိုးရအနေနဲ့ ပြည်ထောင်စုအဆင့်အစိုးရကို အကူအညီပေးဖို့ တင်ပြထားတာတွေရှိတယ် ဆိုတော့ ပြည်ထောင်စုအစိုးရကရော လက်ရှိမှာဘာတွေလုပ်ပေးနေလဲ။

ဖြေ။   ။  ပြည်ထောင်စုအစိုးရကလည်း ဒေါက်တာဝင်းမြတ်အေးတို့ဘက်ကနေ ၆လစာအတွက်ကို ဆန်၊ဆီ၊ ဆား၊ပဲ လေးမျိုးကို သုံးလစာ ၂ကြိမ်ထောက်ပံ့ဖို့ရှိပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုရဲ့ဘတ်ဂျက်နဲ့ ပြည်နယ် ရဲ့ငွေနဲ့ ဆန်တွေဝယ်ပြီးတော့ ဒေသကိုရောက်အောင်လုပ်နေပါတယ်။

မေး။   ။ ပြည်ထောင်စုအစိုးရက ထောက်ပံ့တာက ဆမီးမြို့ကိုရောက်နေတဲ့ တိုက်ပွဲရှောင် ဒုက္ခသည်တွေအတွက် လား။ ပလက်ဝမြို့ပေါ်အတွက်လား။

ဖြေ။    ။ တိုက်ပွဲရှောင်တွေအတွက်ပါ။နဂိုက သူတို့သိထားတဲ့စာရင်းတစ်ခုရှိတယ်။ အခုက နောက်ထပ်တိုးလာ တဲ့ စာရင်းတွေလည်းရှိတယ်။ ပြည်ထောင်စုက တိုးလာတဲ့အင်အားအပေါ်မှာ သူတို့လည်းတွက်ချက်ပြီးတော့ ထောက်ပံ့ပါတယ်။

မေး။    ။ ချင်းပြည်နယ်အတွက် ကိုရိုနာဗိုင်းရပ် Covid 19 နဲ့ ပတ်သက်ပြီး ဘယ်လို စီစဉ်ပေးထားလဲ။ တိုက်ပွဲ ရှောင်စခန်းမှာ  ပြည်သူတွေအနီးကပ်နေထိုင်နေရတာတွေရှိတော့ အဲဒါက စိုးရိမ်စရာကောင်းတဲ့ အခြေအနေများ ဖြစ်နေမလား။

ဖြေ။    ။ ဒီနေ့ပဲ ကျွန်တော်တို့ အင်အားဖြည့်ပြီးတော့ အကြီးအကဲတွေလည်း ဆမီးကို ရောက်အောင်သွားပြီး တော့၊ဆရာဝန်တွေလည်းတိုးပြီးတော့ အနီးကပ်စောင့်ရှောက်နိုင်အောင်၊လူတွေကို လိုအပ်တဲ့ကုသမှုတွေပေး နိုင်အောင် ဆေးဝါးအပြည့်အစုံနဲ့ လူတွေလွှတ်ထားပါတယ်။ အခုတောင် ရောက်နေလောက်ပါပြီ။ အဲဒီလိုလေး တွေ ရနိုင်တဲ့အခြေအနေပေါ်မူတည်ပြီးေတာ့ ပြည်နယ်အနေနဲ့ဆောင်ရွက်နေပါတယ်။ ပြည်နယ် အတိုင်းအတာ အနေနဲ့ကတော့ ဒီဘက်က ရှစ်မြို့နယ်က ပုံမှန် Procedure အတိုင်းသွားနေပါတယ်။ ပလက်ဝဒေသအတွက် ကတော့ နဂိုတာဝန်ချထားတဲ့ ဆရာ၊ဆရာမတွေလည်း သူ့ရွာမှာသူမနေနိုင်ဘူး။ သူတို့လည်းတိုက်ပွဲတွေဖြစ်နေ တော့ မြို့ပေါ်ကိုရှောင်တိမ်းပြီးတော့ အဆင်ပြေအောင် နေနေကြတယ်။ နယ်ကို သွားလို့မရဘူးပေါ့။ နယ်မှာ လည်းပညာရေး၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ awareness တွေ မလုပ်နိုင်ဘူး။ အားနည်းနေတယ်။ တိုက်ပွဲဖြစ် နေပြီး နယ်မြေမအေးချမ်းတဲ့အတွက်။

မေး။      ။ပြည်နယ်မှာရော ကျန်းမာရေးအတွက် အထောက်အပံ့ပစ္စည်းတွေ လိုအပ်နေတာရှိလား။

ဖြေ။      ။ ပြည်နယ်ကတော့ နိုင်ငံတော်ကချပေးတဲ့ ကျန်းမာရေးဆေးဝါးက ခွဲတမ်းနဲ့သွားတာရှိပါတယ်။မြို့နယ် အလိုက် ခွဲတမ်းနဲ့သွားတာရှိပါတယ်။ကျွန်ေတာ်တို့အခ ုစစ်ဘေးဖြစ်တဲ့ဒေသအတွက်ကို ပြည်နယ်က ထောက်ပံ့ တာရှိသလို အလှူရှင်တွေကလည်း အများကြီးပံ့ပိုးတာတွေရှိပါတယ်။ အလှူရှင်တွေကလည်း ကျန်တဲ့ Facebook(လူမှုကွန်ရက်စာမျက်နှာ)တို့ နည်းလမ်းမျိုးစုံနဲ့ ကြေညာပြီးတော့ ပြည်တွင်း၊ပြည်ပအလှူရှင်တွေက လည်း တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီတာတွေလုပ်နေတာလေးတွေရှိပါတယ်။

မေး။      ။ တပ်မတော်နဲ့ ရခိုင်တပ်(AA) တိုက်ပွဲတွေဖြစ်နေတဲ့အပေါ် အန်ကယ်ရဲ့ အမြင်သုံးသပ်ချက် လည်း သိချင်ပါတယ်။

ဖြေ။    ။ ဒါကချက်ချင်းပြီးသွားမယ့် အခြေအနေမဟုတ်ဘူးခင်ဗျ။ တိုက်ပွဲက ကြာလာတာနဲ့အမျှ လူထုက ပိုပြီး ဒုက္ခရောက်ပါတယ်။ ကျွန်တော်တို့ဒေသခံတွေကတော့ အခြားတိုင်းရင်းသားတွေနဲ့ ပြည်သူတွေကတော့ NCA လက်မှတ်ထိုးပြီးတော့ စားပွဲပေါ်မှာအဖြေရှာဆွေးနွေးစေချင်ပါတယ်။ အဖြေတစ်ခုရှာဖို့ပဲ ဒေသခံတွေက မျှော်လင့်ပါတယ်။ ဒါတွေက တိုက်နေလို့ပြီးဆုံးသွားတဲ့အေနအထားမဟုတ်ဘူး။ လက်နက်ကိုင်တွေက အခုချိန်ထိ လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်း ၇၀ကျော်အောင် ဒီအတိုင်းပဲဖြစ်နေတယ်။ ဒီလို NCA လက်မှတ်ထိုးပြီးတော့ စားပွဲပေါ်မှာမဆွေးနွေးလို့ရှိရင် ဒါကြီးက တော်တော်ကိုဆိုးဆိုးဝါးဝါးနဲ့ ထွက်လာမယ် လို့ထင်တယ်။ ကျွန်တော်တို့ဒေသကတော့ ပြောရရင် လက်ရှိအနေအထားအရ မြန်မာပြည်မှာ အဆိုးဆုံးနေရာ လို ဖြစ်နေတယ်။ ပလက်ဝ ကလေ။ ပလက်ဝက ဘင်္ဂလားဒေ့ရှ်နဲ့လည်း နီးတယ်။ နယ်နမိတ်က ၄၆ မိုင်ဘဲရှိ တယ်။ အိန္ဒိယနဲ့ လည်း ၄၅ မိုင်ရှိတယ်။ နယ်နမိတ်ဆက်စပ်မှုပေါ့နော်။ AAကလည်း အဲဒါကြောင့်ပဲ ကျွန်တော်တို့ ဒေသထဲကိုစိမ့်ဝင်ပြီးတော့ ဝင်လမ်း၊ထွက်လမ်းသာတဲ့အတွက် ဝင်နေတဲ့အနေအထားမျိုးဖြစ်မှာပါ။ စစ်ရေးသ ဘောအရ။ ကျွန်တော်တို့ လက်ရှိမှာတော့ နယ်မြေအနေအထားအရ လမ်းပန်း ဆက်သွယ်ရေးအရခံနေရတာ ပေါ့။ ပညာရေး၊ကျန်းမာရေးလည်း တော်တော်နိမ့်ကျခဲ့တယ်။ ယခင်က အေးချမ်းတုန်းကလည်း နိမ့်ကျခဲ့တယ်။ အခုချင်းပြည်နယ်နဲ့ ပလက်ဝက မတူပီလမ်းဆိုတာပေါက်တာ လေး၊ငါးနှစ်ပဲရှိသေးတယ်။ အဲဒီလိုပေါက်ပြီးတော့ ဆက်သွယ်ရေးကောင်းလာတဲ့အချိန်ကျမှ နယ်မြေမအေးချမ်းတော့ပိုပြီးတော့ မဖွံ့ဖြိုးဘူး။ စီမံကိန်းလုပ် ငန်းတွေ ဖြစ်တဲ့ ပြည်ထောင်စုဘတ်ဂျက်နဲ့လုပ်တဲ့ဟာေတွ၊ ပြည်နယ်ဘတ်ဂျက်နဲ့ လုပ်တဲ့ဟာတွေကအစ အကုန်ရပ်တန့် နေရတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ဒေသဖွံ့ဖြိုးတိုးတက်စေချင်တဲ့အတွက် စစ်ပွဲတွေရပ်ပြီး တော့ငြိမ်းချမ်း ရေးစားပွဲပေါ်မှာ အဖြေရှာပြီးတော့ မြန်မြန်လေးဖြစ်သွားစေချင်တယ်။

Mizzima Weekly