စဉ်ဆက်မပြတ်ငြိမ်းချမ်းရေး ရရှိဖို့ ဂေဟဗေဒစနစ်ဆိုင်ရာငြိမ်းချမ်းရေးကိုပါ ထည့်သွင်းစဉ်းစားကြပါစို့

By မစ္စတာ သီဘော ဘာရာ
19 March 2020
စဉ်ဆက်မပြတ်ငြိမ်းချမ်းရေး ရရှိဖို့ ဂေဟဗေဒစနစ်ဆိုင်ရာငြိမ်းချမ်းရေးကိုပါ ထည့်သွင်းစဉ်းစားကြပါစို့

မြန်မာနိုင်ငံဟာဆိုရင် ၂၁ရာစုအစပိုင်း လောက်ကတည်းက ကမ္ဘာပေါ်မှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို ဒုတိယအများဆုံးခံရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာဆိုရင် မြန်မာနိုင်ငံဟာ  Brazilနဲ့Indonesia ပြီးရင် သစ်တောပြုန်းတီးမှုနှုန်း တတိယအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ ၁၉၉၀နဲ့၂၀၁၅အတွင်းမှာဆိုရင်သစ်တော၁၀သန်းလောက် ဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။

ရန်ကုန်ဟာဆိုရင် ပင်လယ်ရေ မျက်နှာပြင်အောက်ရောက်ရှိသွားနိုင်တဲ့ ကမ္ဘာ့မြို့ကြီးတွေထဲကတစ်မြို့ဖြစ်ပါတယ်။ ဧရာဝတီမြစ်ဟာဆိုရင်လည်း တစ်နေ့မှာပလတ်စတစ်တန်ချိန်၉၀နီးပါးကိုလက်ခံနေရပြီး အဲ့ဒါဟာရေ နေသတ္တဝါ တွေနဲ့ရေစီးရေလာစနစ်ကို ဆိုးရွားစွာထိခိုက်စေပါတယ်။ မကွေး၊စစ်ကိုင်းနဲ့မန္တလေးလို့ခေါ်တဲ့ပူပြင်းခြောက်သွေ့သောနေရာဒေသတွေမှာဆိုရင် စိုက်ပျိုးသီးနှံများ ကြီးမားစွာဆုံးရှုံးမှုများနှင့်ပြောင်းရွှေ့အခြေ ချနေထိုင်မှုများကို ဖြစ်စေသော မုတ်သုံရာသီဥတုပြောင်းလဲမှု၊ ရေကြီးရေလျှံမှုနဲ့မိုးခေါင်မှုစသည်တို့ကြောင့် တောင်သူလယ်သမားလူဦးရေဟာဆိုရင်တဖြည်းဖြည်းလျှော့နည်းလာပါပြီ။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုတာ မြန်မာနိုင်ငံမှာအဓိကကျတဲ့ ကိစ္စရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ သို့သော်လည်းပဲ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဟာဆိုရင် မြန်မာနိုင်ငံရဲ့ အခြားကိစ္စကြီးတစ်ခုဖြစ်တဲ့    ငြိမ်းချမ်း ရေးဖြစ်စဉ်နဲ့ ဆက်စပ်ကြည့်ဖို့တော့ ခဲယဉ်းပါလိမ့်မယ်။ ၂၀၁၆ခုနှစ် ရခိုင်ပြည်နယ်မှာ နယ်မြေမငြိမ်သက်မှုတွေ စတင်ဖြစ်ပေါ်ကတည်းက မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းစာမျက်နှာတွေပေါ်မှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်မှာ သမ္မတဦးသိန်းစိန်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေကို စတင်လုပ်ဆောင်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဦးတည်နိုင်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး(NCA)ကို စတင်မူကြမ်းရေးဆွဲခဲ့ပါတယ်။

၂၀၁၆ခုနှစ်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဟာ သူမအစိုးရရဲ့ ဦးစားပေးဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ ဝ၊ကချင်နဲ့ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ NCAစာချုပ် ကိုလက်မှတ်မထိုးရသေးပါဘူး။ NCAလက်မှတ်ထိုးပြီးတဲ့ အကြီးဆုံးအုပ်စု နှစ်ခုဖြစ်တဲ့ RCSSနဲ့KNU ဟာဆိုရင်လည်း ၂၀၁၈ခုနှစ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခြင်းကို ရပ်ဆိုင်းခဲ့ပါတယ်။ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးရဲ့ နောက်ဆုံးထုတ်စာအုပ်အရ မြန်မာနိုင်ငံဟာ အာဏာရှိပုဂ္ဂိုလ်တွေ၊ အာဏာပိုင်တွေ အတူတကွယှဉ်တွဲ နေထိုင်ကြသော နေရာတစ်ခုဖြစ်သော်လည်း အရေးကြီးဆုံးပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ ‘ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု’ကိုတော့ အတူတကွဖြေရှင်းဖို့ မကြိုးစားကြပါဘူး။

ပြည်ထောင်စု အစိုးရနှင့် ရာသီဥတုပြောင်းလဲမှု

မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုကို နိုင်ငံရဲ့အဓိကကိစ္စရပ်ကြီးတစ်ခုအဖြစ် အသိအမှတ်ပြုရန်ရည်ရွယ်၍ တရားဝင်စီမံချက်များနှင့် မူဝါဒရေးရာများကိုရေးဆွဲပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီစာတမ်းတွေဟာ တိကျသေချာမှု မရှိသည့်အပြင် ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပတ်သတ်တဲ့ အကျိုးသက်ရောက်မှုတွေကို ဖြေရှင်းဖို့အတွက် ရှင်းလင်းတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေကိုလည်း မဖော်ပြထားပါဘူး။ မြန်မာနိုင်ငံဟာဆိုရင် မှန်လုံအိမ်အာနိသင်ဓာတ်ငွေ့ကို အဓိကထုတ်လွှတ်ပေးတဲ့ နိုင်ငံမဟုတ်ပါဘူး။ နိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်းဟာဆိုရင် ရေအားလျှပ်စစ်စီမံကိန်းတွေကနေ လာတာပဲဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့ ၂၀၁၁ခုနှစ်ကတည်းက ကြီးမားတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေဟာ နေရာတိုင်းမှာ ဝေဖန်ခံခဲ့ရပြီးတော့ အစိုးရအာဏာပိုင်တွေအတွက်လည်း နိုင်ငံရေးထောင်ချောက်တွေ ဖြစ်လာခဲ့ပါတယ်။ ယနေ့ခေတ်မှာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတွေအပေါ် စိတ်ဝင်စားမှုများနေကြသော်လည်း သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ရေနံနဲ့သ ဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ထည့်သွင်းစဉ်း စားထားကြပါတယ်။   အစိုးရဘက်မှ တုံ့ပြန်ဆောင်ရွက်မှုအားနည်းသော်လည်းပဲ ရန်ကုန်မြို့ဟာဆိုရင် လေထုညစ် ညမ်းမှုသိသာထင်ရှားလာနေပါပြီ။ မကြာသေးမီက ပလတ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို တားဆီးကာကွယ်ရန် စည်းရုံးလှုံ့ဆော်မှုအချို့ကို အစိုးရအာဏာပိုင်တွေကပါ ထပ်ဆင့်ထုတ် လွှင့်ပေးခဲ့ကြ ပါတယ်။ ဒါ့အပြင် ၂၀၁၉ခုနှစ်မှ စတင်၍ အော်ဂင်းနစ်အစားအစာ ထောက်ခံချက်လက်မှတ်တွေကိုလည်း ပေးအပ်ခဲ့ပါတယ်။ သို့သော်လည်းပဲ တကယ်တော့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့ သယာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေဟာ အစိုးရနဲ့သက်ဆိုင်တာ၊ အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ရင်ဆိုင်ကြုံတွေ့နေရသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဒဏ်ကို တိုက်ရိုက်ခံစားနေကြရပါတယ်။ တောတွင်း၊ တောင်ကုန်း၊ တောင်ကြားတွေမှာ အများဆုံးနေထိုင်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ဘဏ္ဍာရေးလိုအပ်ချက်တွေအတွက် မူးယစ်ဆေးဝါးကုန်သွယ်မှုတွေအပြင် တန်ဖိုးကြီးတဲ့ ကျွန်းသစ်တွေကိုလည်း တရားမဝင်တင် ပို့ရောင်းချမှုနဲ့ စွပ်စွဲခံနေကြရပါတယ်။ ၂၀၁၉ခုနှစ် ကမ္ဘာ့ဘဏ်အဆိုအရ မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးတဲ့ သစ်တောဧရိယာရဲ့ သုံးပုံနှစ်ပုံလောက်ဟာဆိုရင် တိုင်းရင်းသားဒေသတွေမှာ ရှိနေပြီး အဲ့ဒီဒေသအများစု မှာဆိုရင် အတိတ်ကကျူးလွန်ခဲ့တဲ့ အလွဲသုံးစားပြုမှုတွေနဲ့ အခုလက်ရှိအလွဲသုံးစားပြုမှုတွေအပေါ် ပြင်းထန်တဲ့ မကျေနပ်ချက်တွေရှိနေတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင် စတီကျု  (MIPS) ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးအရဆိုရင် အဓိကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစုဟာ ယနေ့ခေတ်မှာ ‘သစ်တောဌာန’ဆိုတာမျိုးကို ဖွဲ့စည်းတည် ထောင်ပေး ကြပါပြီ။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့ အတည်တကျပြောဆိုရေးသားထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေရှိသော်လည်းပဲ တစ်ခါတစ်ရံမှာတော့ အဲ့ဒီလက်နက်ကိုင် အဖွဲ့တွေဟာ တရားမဝင် ကျွန်းသစ်ကုန် ကူးမှုကို အဓိကလုပ်ဆောင် သူတွေအဖြစ် ရှိနေဆဲပဲဖြစ်ပါတယ်။ အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်တဲ့ KNU ဟာဆိုရင် သူ့ရဲ့အာဏာရ ပိုင်နက်နယ် မြေဒေသ အတွင်းမှာ ဂေဟဗေဒစနစ် ပန်းခြံတစ်ခု ဖန်တီးတည်ဆောက်ခြင်းကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဟက်တာ ၅၅၀, ၀၀၀ ကျော်ကျယ်ဝန်းတဲ့‘သံလွင် ငြိမ်းချမ်းရေး ပန်းခြံ’ ဟာဆိုရင် သက်ရှိမျိုးစိတ်တွေအတွက် ဘေးမဲ့ခိုလှုံရာ နေရာဖြစ်သည့်အပြင် ရိုးရာမြေယာ စီမံခန့်ခွဲမှုနှင့် ဂေဟဗေဒစနစ်လယ်ယာများကိုပါ ထောက်ပံ့ပေးပါတယ်။ ဘာနိုင်ငံတကာသဘောတူညီချက်ကမှ ဒီလိုလုပ်ဖို့ တွန်းအားပေးခဲ့တာ မဟုတ်ပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို မူးယစ်ဆေးဝါးနဲ့ ကျွန်းသစ်တရားမဝင်ကုန်ကူးမှုတွေကြောင့် နိုင်ငံတကာက ဖိအားပေးနေချိန်မှာ အချို့လက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့ရဲ့နယ်မြေဒေသကို ဖွံ့ဖြိုးတိုး တက်အောင်လုပ်ဖို့အတွက် တရုတ်ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေကြပါတယ်။ အဲ့ဒီရင်းနှီးမြှုပ်နှံ့မှုတွေထဲကတစ်ခု ကတော့ တစ်ရှုးငှက်ပျောစိုက်ပျိုးခင်းပဲဖြစ်ပါတယ်။ တရုတ်ဈေးကွက်အတွက် အဓိကရည်ရွယ် ထားတဲ့ အဲ့ဒီငှက်ပျောတွေဟာ ဓာတုဓာတ်မြေဩဇာ၊ ဓာတုပိုးသတ်ဆေးနဲ့ ပလတ်စတစ်ပစ္စည်းတွေ အများကြီး အသုံးပြုထားတာပါ။ အဲ့ဒီ့တစ်ရှုးငှက်ပျော စိုက်ပျိုးခြင်းအားဖြင့် ဂေဟဗေဒစနစ်ပျက်စီးခြင်း၊ ဒေသခံပြည်သူ လုထု တွေက ငှားရမ်းထားသော မြေပေါ်တွင် နောင်နှစ်အနည်းငယ်အတွင်း စိုက်ပျိုးသီးနှံများ စိုက်ပျိုး၍မရနိုင်တော့ခြင်းနှင့် မြေအောက်ရေစနစ်ကိုလည်း ဓာတုပစ္စည်းများ ရောနှောပါဝင်စေခြင်းများ ဖြစ်ပေါ်စေပါတယ်။ ကချင်တိုင်းရင်းသားအဖွဲ့အစည်းဖြစ်တဲ့ KIOနဲ့ သူရဲ့လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ KIA ဟာဒီလိုအဓိကပြဿနာအပြင် အခြားပြဿနာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

အများအားဖြင့် တောင်သူလယ်သမားလူထုကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုအတွက် ‘စိုက်ပျိုးရေးလုပ်ငန်း’ဆိုတာ အဓိကကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ RCSSရဲ့ ဌာနချုပ်ကို သွားရောက်ခဲ့တဲ့အခါမှာ နိုင်ငံခြားရေးရာဒုတိယဒါရိုက်တာ ပြောစကားအရ မတ်စောက်ပြီး တောတောင်ထူထပ်တဲ့ ရှမ်းပြည်နယ်မှာ ဝယ်လိုအားပြည့်မှီဖို့ မထုတ်လုပ်နိုင်တဲ့အတွက် ထိုင်းနိုင်ငံကနေ ဓာတုဓာတ်မြေဩဇာတွေ အများကြီးတင်သွင်းနေရခြင်းဟာ တပ်ဖွဲ့ရဲ့ ဘဏ္ဍာရေးအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ‘Loi Tai Leng’ အထက်တန်းကျောင်းကို အလည်အပတ် သွားရောက်ခဲ့တဲ့အခါ ပညာရေးဝန်ဆောင်မှုဒါရိုက်တာက RCSS ကတည်ထောင်ထားတဲ့ကျောင်းတွေမှာ အော်ဂင်းနစ်စိုက်ပျိုးရေး စီမံကိန်းအကြောင်းကို ရှင်းပြပါတယ်။ အဲ့ဒီကျောင်းတွေက ထွက်တဲ့စိုက်ပျိုး သီးနှံတွေ ဟာဆိုရင် ငွေရေးကြေးရေး အခက်အခဲရှိတဲ့ ဆရာ၊ဆရာမတွေနဲ့ အလုပ်သင်တွေအတွက် ရည်ရွယ်တာပါ။ ဒါရိုက်တာက ဘာပြောလဲဆိုတော့ အဲ့လိုဂေဟဗေဒစနစ် အလေ့အကျင့်တွေ ဖွံ့ဖြိုးတိုး တက်ဖို့ကို ဥက္ကဌ Yawd Zerk က ထောက်ပံ့ပေးခဲ့တာပါ။ အဲ့ဒီကျောင်းတွေဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်ပြီး ဗဟုသုတတွေနဲ့သတင်းအချက်အလက်တွေပါ ထည့်သွင်းသင်ကြားပေးသွားမှာပါ။   အခုလက်ရှိ ‘Loi Tai Leng’ ကျောင်းအတွက် လျှပ်စစ်မီးဟာဆိုရင် အလွန့်အလွန် အကုန်အကျများတဲ့ ဒီဇယ်မီးအားပေးစက်တွေက ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုလာပြားအချို့ကိုတော့ တပ်ဖွဲ့ရဲ့ကိုယ်ပိုင်စွမ်းအင် လုံလောက် ဖို့အတွက် တပ်ဆင်ပြီးဖြစ်ပါတယ်။ ဒီနေရာမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ကိစ္စရပ်နှစ်ခုကရောယှက်နေပါတယ်။ တစ်ခုကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်နဲ့ နောက်တစ်ခုကတော့ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရရှိရေးပဲ ဖြစ်ပါတယ်။ တကယ်တော့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအတွက် နယ်မြေဒေသကိုကာကွယ်ဖို့နဲ့ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိဖို့ဟာဆိုရင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါတဲ့ အရာတွေဖြစ်ပါတယ်။
 

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု

 အခုလက်ရှိ ၂၀၂၀ခုနှစ်မှာ အစိုးရအာဏာပိုင်တွေသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပင်လျှင် ရာသီဥတုဆိုင်ရာကိစ္စရပ်တွေနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ကတိကဝတ်ပြုဖို့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့ ကန့်သတ်ထားခြင်းမရှိတာကို ထင်ရှားစွာတွေ့မြင်ရပါတယ်။ သို့သော်လည်း စီးပွားရေးကို အခြေခိုင်စေချင်တဲ့ဆန္ဒနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဒဏ်တွေကို ခံစားလာရတာကြောင့် ရာသီဥတုနဲ့ပတ်သတ်ပြီး ကတိကဝတ်ပြုမှုတွေ လုပ်ဆောင်လာကြတာပါ။ ဒါပေမယ့် ရာသီဥတုဆိုင်ရာ ကိစ္စရပ်တွေကို အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုရဲ့ နောက်မှာ ချန်ထားခဲ့ရင်တော့ ဒါဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်အ တွက်ရော၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်ပါ အန္တရာယ် ဖြစ်စေပါတယ်။ Eco Dev NGO အရဆိုလျှင် ‘မှန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး’ရည်မှန်းချက်တွေ ပြည့်မှီဖို့ အခုလက်ရှိ၂၀၂၀ မှာကျင်း ပပြုလုပ်နေတဲ့ Nationally Determined Contributions (NDC)ဆွေးနွေးပွဲတွေဟာဆိုရင် တိုင်းရင်းသား လူမျိုးစုတွေရဲ့ မြေယာအခွင့်အရေးကို ထိခိုက်စေပါတယ်။ အကြောင်းကတော့ ပြည်ထောင်စုအစိုးရက နိုင်ငံအတွင်းသစ် တောဧရိယာကို ချဲ့ထွင်ရန် စီစဉ်မှုတွေပြုလုပ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အစီအစဉ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေကို ပူးပေါင်းဆောင်ရွက် ဖြေရှင်းခြင်းမရှိပါက ငြိမ်းချမ်းရေးဖြစ်စဉ်ကိုထိခိုက်စေနိုင်ပါတယ်။
   

သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို ငြိမ်းချမ်းရေးဖြစ် စဉ်မှာ အဓိက ထည့်သွင်းပေးခြင်းဖြင့် မတူညီတဲ့ လူမှုအသိုင်းအ၀ိုင်း၊ အဖွဲ့အစည်းတွေ ကြားက ညှိနှိုင်း ဖျန်ဖြေဆွေးနွေးမှုတွေနဲ့ စကား၀ိုင်း ဆွေးနွေးမှုတွေကို ပိုပြီးအသက်၀င်စေပါတယ်။ ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေ ရဲ့ အနာဂတ် ကို လေ့လာဆန်းစစ်ရန် သဘာ၀ ပတ်၀န်းကျင်ဆိုင်ရာ ကိစ္စရပ်ကို အဓိကထားဆောင်ရွက်ပေးခြင်းအားဖြင့် “identity” ဆိုတဲ့ ကိစ္စရပ်ကို ကျော်လွန်ပြီး ဖြေရှင်းဖို့ရာ ဖြစ်နိုင်ပါတယ်။“identity” တွေဟာလည်း အဓိကကိစ္စရပ်ဖြစ်နေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ “identity” နဲ့ပတ်သတ်ပြီး ဇာတ်ကြောင်းပြန်တာမျိုးတွေ ၊ ရေးသားတာမျိုး တွေပြုလုပ် ကြပါတယ်။ သို့သော်လည်းပဲ သူတို့ရဲ့ အခုလက်ရှိတည်ရှိမှုနဲ့ အနာဂတ် ဟာဆိုရင် သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေနဲ့ အဲ့ဒီမှာဒေသတွေမှာရှိတဲ့ သယံဇာတတွေပေါ်မှာ မှီခိုနေရပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေဟာ သူတို့ရဲ့ မြေယာတွေ ၊ နယ်မြေဒေသတွေကို ကာကွယ်ဖို့နဲ့ အစိုးရက ခေါင်းပုံဖြတ်ထားတဲ့ သဘာ၀သယံဇာတတွေကို ကာကွယ်ဖို့ အတွက် လက်နက်စွဲကိုင်တော်လှန်ကြတာပါ။ ထောက်ခံမှုတွေ ရဖို့အတွက်လည်း မိန့်ခွန်းများပြုလုပ်ကြခြင်း၊ ရိုးရာဓလေ့များကို ပြန်လည် ဖော်ထုတ်ခြင်း ၊ သမိုင်းအသစ်ကို ရေးသားပြီး ပြည်မမှ နယ်မြေခွဲခြားသတ်မှတ်ဖို့ နယ်မြေစည်းမျဉ်းတွေကို ရေးဆွဲကြပါတယ်။

အခုလက်ရှိ ဒီတပ်ဖွဲ့တွေနဲ့ တပ်မတော် နှစ်ခုလုံးဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အာမခံနိုင်ဖို့အတွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ နယ်မြေတွေဟာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု ကို တူညီစွာခံစားနေကြရလို့ပါ။ အတူတကွ အသုံးပြုနေသော မြစ်တွေကို ကာကွယ်ရန်နဲ့ သစ်တောတွေကိုစီမံရန် အတူတကွ ဆွေးနွေးကြမည်ဆိုပါက နယ်မြေပိုင်းခြားသတ်မှတ်ဖို့ လိုမှာမဟုတ်ပါဘူး။

သဘာ၀ပတ်၀န်းကျင် ဆိုတာ မတူကွဲပြားမှုတွေထဲမှာ ဆက်လက်ကြီးပွား ရှင်သန်နေဉီးမှာဖြစ်သလို ရပ်တန့်သွားမှာ လဲမဟုတ် ပါဘူး။ လေထုညစ်ညမ်းမှုဟာ လူမျိုးစုတစ်စုနဲ့ တစ်စုကြားမှာ ရှိတဲ့ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်မှုနံရံကို မသိကျိုးကျွန်ပြုနိုင်ပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဆိုတာကလည်း ကျွန်တော်တို့အားလုံး ကိုထိခိုက် စေနိုင်ပါသည်။ မတူညီတဲ့ ဘာသာစကားတွေ ရိုးရာဓလေ့တွေအပေါ် ကို အာရုံစိုက်တာထက်စာရင် ကျွန်တော်တို့အားလုံး အတူတကွ အသုံးပြုနေရတဲ့ မြေယာနဲ့သဘာ၀ပတ်၀န်းကျင်ကို ပိုမို အာရုံစိုက်မယ်ဆိုရင် အားလုံး အတွက် အကျိုးဖြစ်ထွန်းစေမှာပါ။ “ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု” လို့ ပြောလိုက်မယ်ဆိုရင် အဓိက သေချာသတ်မှတ်ထားတဲ့ နေရာဒေသဆိုတာမျိုး မရှိပါဘူး။ “ကျွန်တော်တို့ အကုန်လုံး စည်းလုံးညီညွတ်ကြရမယ်။ မဟုတ်ရင် ပိုပြီးထိခိုက် ပျက်စီးမှုတွေကြုံလာရမှာပါ”။ ဒါ့ကြောင့် စဉ်ဆက်မပြတ်ငြိမ်းချမ်းရေးအတွက် ဂေဟစနစ်နဲ့ သဘာပတ်ဝန်းကျင်ဆိုင်ရာ ငြိမ်းချမ်းရေးကို လည်း ထည့်သွင်းစဉ်းစားဆွေးနွေးသင့်ပါတယ်။     

(ဆောင်းပါးကို မစ္စတာ သီဘော ဘာရာ ရေးသား၍ မဟန်နီဝင်းနိုင် ဘာသာပြန်ဆိုသည်။)

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly