အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်တည်း လူ ၄၇၅ ဦး သေဆုံး

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်တည်း လူ ၄၇၅ ဦး သေဆုံး

မတ်လ ၁၉။              ။ အီတလီနိုင်ငံမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်တည်း လူပေါင်း ၄၇၅ ဦး သေဆုံးကြောင်း အရပ်ဖက်ကာကွယ်ရေးဌာန အကြီးအကဲ အိန်ဂျလိုဘော်ရဲလ်လီက ထုတ်ပြန်ကြေညာပါတယ်။

အခု သေဆုံးတဲ့ နှုန်းထားဟာ မနှစ်က တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ် စတင်တွေ့ရှိပြီးနောက်ပိုင်း နိုင်ငံအားလုံးထဲမှာ တစ်ရက်တည်းမှာ သေဆုံးမှု အများဆုံး နှုန်းထားလည်း ဖြစ်ပါတယ်။

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စုစုပေါင်း သေဆုံးတဲ့ နှုန်းထားဟာ ၂၉၇၈ ဦး ရှိပြီး တရုတ်နိုင်ငံပြင်ပမှာ သေဆုံးမှု အများဆုံး နိုင်ငံအဖြစ် စံချိန်တင်ထားပါတယ်။ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနှုန်းဟာလည်း ၃၅၇၁၃ ဦးအထိ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အရေး ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတာကြောင့် နိုင်ငံကို အဝင်အထွက် ပိတ်ထားရာမှာ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှုများပြားတဲ့ ဗင်းနစ်အပါအဝင် မြို့တွေဟာလည်း လူသူကင်းမဲ့ လျက်ရှိနေပြီ ဖြစ် ပါတယ်။

တစ်နေ့တည်း သေဆုံးမှုအဖြစ် ယခင်က စံချိန်တင်ခဲ့တဲ့ နိုင်ငံဟာလည်း အီတလီနိုင်ငံပဲ ဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုရိုနာကြောင့် လူ ၃၆၈ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လူဦးရေ သန်း ၆၀ ရှိတဲ့ အီတလီဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ Covid-19 ရောဂါကြောင့် ကမ္ဘာတစ်လွှား သေဆုံးမှုနှုန်းရဲ့ ၃၄ ဒသမ ၂ ရာခိုင်နှုန်း သေဆုံးနှုန်း ရှိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required