ကိုရိုနာဗိုင်းရပ်စ် ကုစားရေး ဒေါ်လာ ဘီလီယံ ၁၀၀ အရေးပေါ်ရန်ပုံငွေအား အမေရိကန်လွှတ်တော် အတည်ပြု

ကိုရိုနာဗိုင်းရပ်စ် ကုစားရေး ဒေါ်လာ ဘီလီယံ ၁၀၀ အရေးပေါ်ရန်ပုံငွေအား အမေရိကန်လွှတ်တော် အတည်ပြု

မတ်လ ၁၉။          ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ဘဏ္ဍာရေး ထိခိုက်နစ်နာနေတဲ့ အမေရိကန် အလုပ်သမားတွေကို အကူအညီပေးရေး အရေးပေါ် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကို ဆီးနိတ်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ လွယ်လင့်တကူ ခွင့်ပြုလိုက်ပါတယ်။

အောက်လွှတ်တော်မှာ အစောပိုင်းက အတည်ပြုလိုက်ပြီး သမ္မတ ထရမ့်ထံ လက်မှတ်ထိုးဖို့ တင်ရမယ့် အခု အရေးပေါ်ရန်ပုံငွေဟာ အခမဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်တာ၊ နာမကျန်းစရိတ်ပေးတာ၊ မိသားစုခွင့်အတွက် ပေးတာ နဲ့ အမေရိကန် သန်းပေါင်းများစွာအတွက် အလုပ်လက်မဲ့ အာမခံကြေးကို ထောက်ပံ့ပေးတာတွေအတွက် သုံးစွဲမယ့် ရန်ပုံငွေပဲ ဖြစ်ပါတယ်။

အခု ရန်ပုံငွေဟာ လွှတ်တော်အမတ်တွေ ဆွေးနွေးညှိနှိုင်းမှုနဲ့ ဒီလအတွင်း လွှတ်တော်က အရေးပေါ် ခွင့်ပြုလိုက်တဲ့ ဒုတိယမြောက် အကူအညီ ရန်ပုံငွေပဲ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထိခိုက်မှုတွေကို ကုစားရေးအတွက် အမေရိကန်ပြည်သူတွေကို အရေးပေါ် စမ်းသပ်စစ်ဆေးခြင်းတွေ အပါအဝင် စီးပွားရေး စေ့ဆော်မှုတွေ လုပ်ဆောင်နိုင်ဖို့ ထရမ့်အစိုးရအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီယံ ရန်ပုံငွေ ရရှိမှာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly