ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကို စက်တင်ဘာလသို့ ပြောင်းရွှေ့

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကို စက်တင်ဘာလသို့ ပြောင်းရွှေ့
Photo: EPA

ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအန္တရာယ်ကြောင့် စက်တင်ဘာနဲ့ အောက်တိုဘာလသို့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

Roland Garros မှာ ကျင်းပမယ့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲကို မေ ၂၄ ရက်ကနေ ဇွန် ၇ ရက်အထိ ကစားဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုရိုနာကြောင့် အခုအခါ စက်တင်ဘာ ၂၀ ကနေ အောက်တိုဘာ ၄ ရက်အထိ ပြောင်းလဲခဲ့ပါတယ်။

ဒါ့ကြောင့် နယူးယောက်မြို့က ယူအက်စ်အိုပင်းပြိုင်ပွဲ ပြီးစီးပြီး နောက်တစ်ပတ်အကြာမှာ ပြင်သစ်အိုးပင်းကို စတင်မှာဖြစ်ပါတယ်။

လက်ရှိမှာ ကမ္ဘာတစ်ဝှမ်းက ပရော်ဖက်ရှင်နယ်တင်းနစ်ပြိုင်ပွဲအားလုံးကို အနည်းဆုံး ဧပြီ ၂၀ ရက်အထိ ဆိုင်းငံ့ထားပါတယ်။

ပြင်သစ်အိုးပင်းပြိုင်ပွဲဟာ ပုံမှန်အားဖြင့် သြစတြေးလျအိုင်းပင်းပြိုင်ပွဲပြီးနောက် နှစ်တစ်နှစ်ရဲ့ ဒုတိယမြောက် ဂရင်းစလင်းပြိုင်ပွဲဖြစ်ပြီး မြေစေးကွင်းတင်းနစ်ပြိုင်ပွဲ နောက်ဆုံးပြိုင်ပွဲလည်းဖြစ်ပါတယ်။

ပြင်သစ်တင်းနစ်အဖွဲ့ချုပ်က ဒီလိုရွှေ့ဆိုင်းရတာဟာ "ပြိုင်ပွဲရဲ့ ကြိုတင်ပြင်ဆင်မှုတွေမှာ ပါဝင်သူတွေ အားလုံးရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။"လို့ ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required