ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်း

ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်း
Photo: EPA

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ဒီနှစ် ဇွန်လကနေ ဇူလိုင်လအထိ ကျင်းပမယ့် ယူရိုပြိုင်ပွဲကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ ယူအီးအက်ဖ်အေက မတ် ၁၇ ရက်က အရေးပေါ် ဗီဒီယိုကွန်ဖရင့်တစ်ခုပြုလုပ်ခဲ့ပြီးနောက် အခုလို ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် နိုင်ငံအတော်များများနဲ့ နယ်စပ်ဖြတ်သန်းမှုတွေကို ပိတ်ပစ်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့တစ်ဝန်းက အားကစားပြိုင်ပွဲတွေကိုလည်း ရွှေ့ဆိုင်းလိုက်ရမှုနဲ့အတူ အခုလိုအပြောင်းအလဲဖြစ်လာတာပါ။

ယူအီးအက်ဖ်အေက ဒီရွှေ့ဆိုင်းမှုဟာ ဗိုင်းရပ်စ်ပြဿာနာကြောင့် ရပ်ဆိုင်းထားရတဲ့ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေကို ရာသီပိတ်သိမ်းနိုင်ဖို့ "ဦးစားပေး" အခွင့်အရေးရှိလာလိမ့်မယ်လို့ ပြောပါတယ်။

"ယူရို ၂၀၂၀ ပြိုင်ပွဲကို အပြောင်းအလဲလုပ်လိုက်တာဟာ COVID-19 အရေးပေါ်အခြေအနေကြောင့် လက်ရှိဆိုင်းငံ့ထားတဲ့ ပြည်တွင်းပြိုင်ပွဲအားလုံးကို အပြီးသတ်နိုင်အောင် ကူညီလိမ့်မယ်။"လို့ ယူအီးအက်ဖ်အေက ပြောပါတယ်။

ဥရောပချန်ပီယံရှစ်အတွက် ကျန်ရှိနေသေးတဲ့ ဝင်ရောက်ခွင့်ခြေစစ်ပွဲတွေကို ဆုံးဖြတ်တဲ့ Playoffs ပွဲစဉ်တွေကို "ပြန်လည်သုံးသပ်ပြီး ဇွန်လ အစောပိုင်းမှာ ကစားနိုင်လိမ့်မယ်လို့" ပြောပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly