ပလက်ဝတွင် တိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှု တိုးလာနေ

ပလက်ဝတွင် တိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှု တိုးလာနေ

 မတ်လ ၁၇။       ။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌ တပ်မတော်နှင့်ရခိုင်တပ်(AA)တို့ကြား တိုက်ပွဲများဖြစ် ပေါ်နေခဲ့ပြီး နောက် လက်နက်ကျည်သင့်ကာ သေဆုံးခဲ့သည့် အရပ်သား ၂၁ ဦးနှင့် ဒဏ်ရာရသူ ၂၈ ဦး အထိ ရှိလာပြီး ဖြစ်ကြာင်း ချင်းပြည်နယ်၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၂)၏ ကိုယ်စားလှယ် ဆလိုင်းမျိုးထက်က ပြောသည်။

အဆိုပါ သေဆုံး၊ဒဏ်ရာရရှိခဲ့သူများသည်  ဝက်မကျေးရွာအုပ်စု၊ဝက်မကျေးရွာ ပြိုင်တိန်ကျေးရွာ၊မိတ်စာဝ (၂)နှင့်(၃)တို့မှ ဖြစ်ကြောင်း ဆလိုင်းမျိုးထက်က ပြောသည်။

ဒဏ်ရာရသူများအနက် မတူပီမြို့နယ်ဆေးရုံတွင် ၁၉ ဦး၊မင်းတပ်ခရိုင်ဆေးရုံတွင် လေးဦး၊ မန္တလေးဆေးရုံကြီး တွင် သုံးဦးနှင့် နှစ်ဦးကို ဆမီးတိုက်နယ်ဆေးရုံတို့သို့  ပို့ဆောင်ကုသမှုခံယူနေရကြောင်း သိရသည်။

တိုက်ပွဲများကြောင့် လူနာများလာခဲ့ပြီး ဆမီးတိုက်နယ်ဆေးရုံတွင် ဆရာဝန်နှင့် ဆေးဝါးနှင့် ခွဲစိတ်ကိရိယာများ  လုံလောက်မှုမရှိသည့် အခြေအနေနှင့်ကြုံတွေ့နေရကြောင်းလည်း သိရသည်။

 “ မတူပီ၊ မင်းတပ် မှာရှိတဲ့ ဌာနဆိုင်ရာတွေ၊ အရပ်ဘက်တွေနဲ့ ပြည်သူတွေပေါင်းပြီး အလှူတွေခံပြီးလုပ်ပေး နေတယ်။ ဆေးရုံတွေ မှာလည်း ဆေးဝါးတွေနဲ့ အခမဲ့ အတတ်နိုင်ဆုံးကုပေးနေတယ်လို့ ကြားရတယ်။ အခြေအ နေက အားလုံးအဆင်ပြေနေတယ်လို့ သိရပါတယ်။” ဟု ဆလိုင်းမျိုးထက်က ပြောသည်။

ပြည်နယ်အစိုးရက ဆေးရုံတက်နေသူအားလုံးကို တစ်ယောက်တစ်သိန်းပေးလှူထားသည်ဟု ဆလိုင်းမျိုးထက်က  ပြောသည်။

 

Photo  Credit - Salai Isaac Khen FB

မတ်လ ၁၄ ရက်နေ့၊နံနက်ပိုင်းက ပလက်ဝမြို့နယ်အတွင်းရှိ ဝက်မကျေးရွာအုပ်စုအပိုင် မိတ်စာဝ (၂) နှင့် မိတ်စာဝ (၃) တို့တွင် တပ်မတော်နှင့်ရခိုင်တပ် (အေအေ) တို့တိုက်ပွဲဖြစ်ပွားရာတွင် တပ်မတော်ဘက်မှ တိုက်လေယာဉ် များက လေကြောင်းမှပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့တိုက်ပွဲများဖြစ်ပွားမှုကြောင့် မိတ်စာဝ (၂) နှင့် မိတ်စာဝ (၃)တို့မှဒေသခံများအနေဖြင့် မိတ်စာဝ (၁) သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း သိရသည်။

သို့သော် မတ်လ ၁၅ ရက်နေ့ ညပိုင်းတွင် မိတ်စာဝ (၁) နှင့် အနီးတဝိုက် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ သည့်အတွက် ဒေသခံများအနေဖြင့် ဆမီးမြို့သို့  ထပ်မံရွှေ့ပြောင်းတိမ်းရှောင်ခဲ့ရကြောင်းလည်း ၎င်းဒေသခံ များ၏ပြော ဆိုမှုများအရ သိရသည်။

လက်ရှိအချိန်တွင် ဆမီးမြို့တွင် ဒုက္ခသည် ၁၈၅၂ ဦးရောက်ရှိနေပြီး ထပ်မံထွက်ပြေးတိမ် ရှောင်လာနေသူများ ရှိနေကြောင်းလည်း ဒေသတွင်းမှပေးပို့သောသတင်းများအရ သိရသည်။

အဆိုပါ စစ်ဘေးပြေးရှောင်လာသူများကို စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများ၊ အစိုးရပိုင်အ ဆောက်အဦများတွင် ယာယီခိုလှုံခွင့်ပြုထားကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသော အရပ်ဘက်အဖွဲ့ အစည်း များနှင့် ဒေသန္တရအုပ်ချုပ်ရေးမှူးများက မဇ္စျိမသို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required