တစ်ရှူးလိပ်ကို မြေပေါ်မကျအောင် ဘယ်နှချက် ကန်နိုင်လဲလို့ စိန်ခေါ်လိုက်တဲ့ ဖာနန်ဒက်စ်

တစ်ရှူးလိပ်ကို မြေပေါ်မကျအောင် ဘယ်နှချက် ကန်နိုင်လဲလို့ စိန်ခေါ်လိုက်တဲ့ ဖာနန်ဒက်စ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးသမားတွေလည်း ဘောလုံးပွဲတွေ နားနေရပြီး ပျင်းစရာ ဖြစ်နေကြရတာပါ။ သူတို့ခမျာ လေ့ကျင့်ရေးကွင်းတောင် မသွားကြရပဲ အိမ်မှာပဲ တပိုင်တနိုင် လေ့ကျင့်ခန်းလေးတွေ လုပ်နေကြရတယ်။

ဒီလို ပျင်းစရာကောင်းတဲ့အချိန်လေးမှာပဲ မန်ယူအသင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် က သူ့ရဲ့ နေအိမ်ကနေ စိန်ခေါ်မှုတစ်ခု ပြုလုပ်လိုက်ပါတယ်။ အဲဒါကတော့ တစ်ရှူးလိပ် ကို မြေပေါ်ပြုတ်မကျအောင် ဘယ်နှချက်လောက် ကန်ပြီး ထိန်းထားနိုင်သလဲဆိုတာပါပဲ။

ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ ဖာနန်ဒက်စ်ရဲ့ ဗီဒီယိုထဲမှာတော့ အဖြူရောင်တစ်ရှူးလိပ်ကို ကြမ်းပြင်ပေါ် ပြုတ်မကျအောင် (၁၆)ချက်အထိ ထိန်းထားနိုင်တဲ့ ဖာနန်ဒက်စ်ရဲ့ စကေး ကို တွေ့ရမှာပါ။

သူ့ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့တဲ့ နောက်ထပ် ကစားသမားတစ်ယောက်ကတော့ ဖာနန်ဒက်စ်ရဲ့ ပေါ်တူဂီအသင်းဖော်လေး ဂျာအိုဖိလစ် ဖြစ်ပြီး သူကလည်း တစ်ရှူးလိပ် တစ်လိပ်နဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြခဲ့ပါတယ်။

ဒါပေမယ့် သူကတော့ (၁၀)ချက်လောက်ပဲ ထိန်းပြီး လက်နဲ့ ပြန်ဖမ်းသွားခဲ့တယ်။

ပရိသတ်တွေကတော့ တစ်ရှူးလိပ်ကို ကန်ပြီး ထိန်းထားရတာဟာ တကယ်တော့ မလွယ်ကြောင်းနဲ့ ကိုယ့်ဘာသာ လုပ်ကြည့်ရင် (၃)ချက်လောက်တောင် ကံကောင်းမှ ရနိုင်မှာဖြစ်ကြောင်း မှတ်ချက်ပေးနေကြပါတယ်။ တချို့ကလည်း ဒီလို Challenge ကို ရော်နယ်ဒင်ဟိုသာ လုပ်မယ်ဆိုရင် နေ့တစ်ဝက်လောက်တောင် လုပ်နိုင်တယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြတာပါ။

သူတို့နှစ်ယောက် ဘယ်လိုတွေ လုပ်ပြခဲ့ကြသလဲဆိုတာ အောက်မှာ ပါတဲ့ ဗီဒီယိုဖိုင်ကနေ ကြည့်ရှုလို့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly