ဗြိတိန်မင်းသား အိုင်ဒရစ် အယ်လ်ဘာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဟု ပြော

ဗြိတိန်မင်းသား အိုင်ဒရစ် အယ်လ်ဘာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဟု ပြော

မတ် ၁၇။              ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဗြိတိန် နာမည်ကျော်မင်းသား အိုင်ဒရစ် အယ်လ်ဘာက မတ်လ ၁၆ ရက်မှာ တွစ်တာကနေတဆင့် ထုတ်ဖော်အတည်ပြုသွားခဲ့ပါတယ်။

ယင်းအတွက်ကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ထုတ်ဖော်ပြောဆိုတဲ့ နာမည်ကျော်အနုပညာရှင်တွေထဲမှာ မင်းသား အယ်လ်ဘာလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဗိုင်းရပ်စ် လက္ခဏာရပ် တစ်ခုမှ မပြသသေးပေမယ့်လည်း သီးခြားခွဲကာ နေထိုင်လျက်ရှိတယ်လို့ မင်းသား အိုင်ဒရစ် အယ်လ်ဘာက ပြောပါတယ်။

“ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတစ်ယောက်နဲ့ ထိတွေ့မိခဲ့လို့ ကျွန်တော် ပြီးခဲ့တဲ့ သောကြာနေ့က ဆေးစစ်ခဲ့တာပါ၊ ခုတော့ ကျွန်တော့်မှာလည်း ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သိလိုက်ရပါတယ်၊ ခုချိန်မှာတော့ ကျွန်တော် အဆင်ပြေပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒါ အရေးကြီးတဲ့ကိစ္စပါ၊ ခင်ဗျားတို့အားလုံးလည်း လူစုလူဝေးတွေ ရှောင်ပြီး လက်ကို သေချာဆေးကြပါ” လို့ အသက် ၄၇ နှစ်အရွယ် မင်းသား အယ်လ်ဘာက တွစ်တာကနေတဆင့် ၎င်းရဲ့ ပရိသတ်တွေကို ပြောသွားပါတယ်။

ဒီမတိုင်ခင်တုန်းကလည်း မင်းသားကြီး  တွန်ဟန့်စ် နဲ့ ဇနီး ရီတာ ဝီလ်ဆင် ၊ ဂျိမ်စ်းဘွန်း မင်းသမီးဟောင်း အိုလ်ဂါ ကူရီလန်ကို တို့လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အသီးသီး ထုတ်ဖော်ထားခဲ့ပြီး ဖြစ်ပါ တယ်။

မင်းသားကြီး တွန်ဟန့်စ်တို့ ဇနီးမောင်နှံကတော့ ယခုအခါ သြစတြးလျ ကွင်းစ်လန်းပြည်နယ် ဆေးရုံကနေ ပြန်ဆင်းလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required