တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျနေပြီဖြစ်တာကြောင့် တရုတ်စူပါလိဂ်ပြိုင်ပွဲကို ဧပြီ ၁၈ မှာ ပြန်လည်စတင်ဖို့ နိုင်ငံဘောလုံးအဖွဲ့ချုပ် စီစဉ်

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျနေပြီဖြစ်တာကြောင့် တရုတ်စူပါလိဂ်ပြိုင်ပွဲကို ဧပြီ ၁၈ မှာ ပြန်လည်စတင်ဖို့ နိုင်ငံဘောလုံးအဖွဲ့ချုပ် စီစဉ်

တရုတ်နိုင်ငံအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျနေပြီဖြစ်တာကြောင့် နိုင်ငံဘောလုံးအဖွဲ့ချုပ် (CFA)က တရုတ်စူပါလိဂ်ဘောလုံးပြိုင်ပွဲကို ဧပြီ ၁၈ ရက်မှာ ပြန်လည်စတင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

၂၀၂၀ ရာသီ တရုတ်စူပါလိဂ်ပြိုင်ပွဲကို မူလက ဖေဖော်ဝါရီ ၂၂ ရက်မှာ စတင်ဖို့ ရေးဆွဲခဲ့ပေမယ့် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဒီဗိုင်းရပ်စ်ပျံ့ပွားမှုကနေ တိမ်းရှောင်ဖို့ ဒူဘိုင်းမှာ လေ့ကျင့်ရေးစခန်းဝင်နေတဲ့ ကွမ်ကျိုးအဲဗားဂရန်းအသင်းအပါအဝင် တရုတ်စူပါလိဂ်အသင်းတွေဟာ ပြည်ပကို သွားရောက် နေထိုင်ခဲ့ကာ ရာသီသစ်အတွက် ပြင်ဆင်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့တဲ့ ဝူဟန်မြို့မှာ အခြေစိုက်ထားတဲ့ Wuhan Zall အသင်းကလည်း စပိန်နိုင်ငံကို ထွက်ခွာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စပိန်ကနေ တရုတ်ကို ပြန်သွားခဲ့တဲ့ Wuhan Zall သအင်းက ဘရာဇီးလ်တိုက်စစ်မှူး လီယို ဘာတစ္စတာအိုက "အခု ဒီမှာ (စပိန်)က အန္တရာယ်ပိုများနေပါတယ်။ ဒါကြောင့် တရုတ်ကို ပြန်တာ ပိုကောင်းပါတယ်။"လို့ တရုတ်မီဒီယာကို ပြောခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ဥရောပတစ်လွှား ပျံ့နှံ့နေတာကြောင့် တရုတ်ကလပ်အသင်းတွေဟာ ဒီဗိုင်းရပ်စ်ရန်ကနေ တိမ်းရှောင်ဖို့ နိုင်ငံကို ပြန်လာဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့် ဘေဂျင်းရှိ အာဏာပိုင်တွေက ပြည်ပနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့သူတွေထံကနေ ဗိုင်းရပ်စ်ပြန်ပါမလာစေဖို့အတွက် (၁၄)ရက်ကြာ ချက်ချင်း သီးခြားခွဲထားပြီး စောင့်ကြည့်ရမယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် ပြည်ပကနေ ပြန်လာတဲ့ ကစားသမားတွေအနေနဲ့ (၁၄)ကြာ ရောဂါခြေချုပ်မိမှာဖြစ်ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly