အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဇူလိုင်လမတိုင်ခင် ဆုံးခန်းတိုင်နိုင်ဟု ဒေါ်နယ်ထရမ့် ပြော

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဇူလိုင်လမတိုင်ခင် ဆုံးခန်းတိုင်နိုင်ဟု ဒေါ်နယ်ထရမ့် ပြော

မတ် ၁၇။              ။လူထောင်ပေါင်းများစွာကို သေဆုံးစေခဲ့ပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ ကာကွယ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံအတော်များများမှာ အားထုတ်ကြိုးပမ်းနေရလျက်ရှိနေချိန် အမေရိကန် မှာတော့ ဒီ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို လာမယ့် ဇူလိုင် ဒါမှမဟုတ် သြဂုတ်လ မတိုင်ခင် ဆုံးခန်းတိုင်သွားအောင် ထိန်းချုပ်နိုင်ဖွယ်ရာ ရှိတယ်ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုသွားခဲ့ပါတယ်။

“ ကျွန်တော့်အမြင် ပြောရရင်တော့၊ ကျွန်တော်တို့သာ အလုပ်ကို တကယ် ကောင်းကောင်း အားစိုက်လုပ်သွားမယ်ဆိုရင် လူတွေ ပြောနေကြသလိုပဲ၊ လာမယ့် ဇူလိုင်၊ သြဂုတ် မတိုင်ခင်မှာ ဒါကို ဆုံးခန်းတိုင် ရပ်ဆိုင်းသွားဖို့ လုပ်ဆောင်နိုင်ပါလိမ့်မယ်” လို့ သမ္မတ ထရမ့်က မတ်လ ၁၆ ရက်မှာ ပြောသွားပါတယ်။

အမေရိကန်မှာ ဒီကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုက ဘယ်လောက် အချိန်ကြာကြာ ဆက်ရှိနေနိုင်မလဲ ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ ထရမ့်က အထက်ပါအတိုင်း ဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် အမေရိကန်နိုင်ငံဟာလည်း စီးပွားရေး ဆုတ်ယုတ်မှုတစ်ခုကို ဦးတည်ကောင်း ဦးတည်သွားနိုင်တယ်လို့ သမ္မတ  ထရမ့်က ပြောထားခဲ့ပါသေးတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံသားတွေကိုလည်း လူ ဆယ်ဦးထက် ပိုတဲ့ လူစုလူဝေးပွဲတွေကို ရှောင်ကြဉ်ကြဖို့ ထရမ့်က တိုက်တွန်းပြောကြားသွားခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required