ဖိလစ်ပိုင်မှာ ပြည်သူ သန်းပေါင်းများစွာကို အိမ်ထဲမှာပဲ နေရန် သမ္မတ ဒူတာတေး အမိန့်ထုတ်

ဖိလစ်ပိုင်မှာ ပြည်သူ သန်းပေါင်းများစွာကို အိမ်ထဲမှာပဲ နေရန် သမ္မတ ဒူတာတေး အမိန့်ထုတ်

မတ်လ ၁၇။          ။ ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရတဲ့ မြင့်မားလာတဲ့ ဦးရေးကို လျှော့ချရေးအတွက် ပြင်းထန်တဲ့ လုပ်ငန်းစဉ်အဖြစ် နိုင်ငံရဲ့ လူဦးရေ ထက်ဝက်နီးပါးကို လာမည့်လအထိ အိမ်ထဲမှာပဲ နေကြဖို့ သမ္မတ ရိုဒရီဂိုဒူတာတေးက အမိန့်ထုတ်လိုက်ပါတယ်။

အမိန့် အပြည့်အဝ အသက်ဝင်ရင် မနီလာမြို့တော် အပါအဝင် ဖြစ်တဲ့ လူဇွန်အဓိကကျွန်းမကြီးက ပြည်သူ ၅၅ သန်း အများစုဟာ အိမ်ထဲမှာပဲ ခြေချုပ်မိ နေထိုင်ကြရမှာ ဖြစ်ပါတယ်။

မနီလာပြည်သူ ၁၂ သန်းအပေါ် တနင်္ဂနွေနေ့က ပြဌာန်းတဲ့ ရောဂါခြေချုပ်မှာ ခြွင်းချက်တွေ ရှိနေတာကြောင့် လူတစ်ဦးကို အခြားသူတစ်ဦးနဲ့ မထိတွေ့ မဆက်ဆံမိစေဘဲ ကွာဝေးနေအောင် ထားရှိဖို့ ပျက်ကွက်တာတွေ ရှိတာ ကြောင့် အခု စည်းမျည်းစည်းကမ်းသစ်တွေကို ထောက်ခံရတာဖြစ်တယ်လို့ ဒူတာတေးက ဆိုပါတယ်။

“ခင်ဗျားတို့မှာ ရွေးစရာ မရှိဘူး။ အိမ်မှာပဲ နေကြရမယ်။”လို့ အင်္ဂါနေ့ အစောပိုင်းမှာ စတင်အသက်ဝင်မှာ ဖြစ်တဲ့ အခု စည်းမျည်းစည်းကမ်းသစ်တွေနဲ့ ပတ်သက်ပြီး ဒူတာတေးက ပြောပါတယ်။

ဒီ စည်းမျဉ်းသစ်တွေအရ ပြည်သူအများစုဟာ အလုပ်မသွားကြရတော့မှာ ဖြစ်သလို အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေလည်း အသုံးပြုလို့ ရတော့မှာ မဟုတ်ပါ။

အမိန့်ကို မလိုက်နာသူတွေအနေနဲ့ ဖမ်းဆီးခံရမှာ မဟုတ်ပေမယ့် သတိပေးချက်တွေကို မသိကျိုးကျွန်ပြုတဲ့အတွက် ရဲအချုပ်ခန်းမှာ ထိန်းသိမ်းခံရမှာ ဖြစ်ပြီး ရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ်လို့ ဒူတာတေးက ဆိုပါတယ်။

ဒါပေမယ့် အခု အသစ်ပြဌာန်းတဲ့ စည်းမျဉ်းစည်းကမ်းသစ်တွေအရ ပြည်သူတွေအနေနဲ့ လိုအပ်ပစ္စည်းပစ္စယတွေ ဝယ်ယူဖို့ အိမ်က ထွက်ခွာနိုင်သလို လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးမှာ အလုပ်ရှိရင်လည်း သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာကူးစက်ဖြစ်ပွားသူပေါင်းဟာ ၁၄၂ ဦးအထိ ရှိနေပြီး သေဆုံးသူ ၁၂ ဦး ရှိပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required