ဆီးရီးယားမှာ ကန့်ကွက်ဆန္ဒပြမှုများကြား တူရကီနဲ့ ရုရှားတပ်တွေ ပူးတွဲကင်းလှည့်

ဆီးရီးယားမှာ ကန့်ကွက်ဆန္ဒပြမှုများကြား တူရကီနဲ့ ရုရှားတပ်တွေ ပူးတွဲကင်းလှည့်

မတ်လ ၁၆။         ။ ဆီးရီးယားအရှေ့မြောက်ပိုင်းက အဓိကအဝေးပြေးလမ်းမှာ တူရကီနဲ့ ရုရှားစစ်တပ်တွေ တနင်္ဂနွေနေ့က ပူးတွဲ ကင်းလှည့်ခဲ့ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါ ကင်းလှည့်မှုဟာ ကန့်ကွက်ဆန္ဒပြတာတွေကြောင့် တခဏတာပဲ ကြာမြင့်ခဲ့တယ်လို့ ရုရှအစိုးရရော၊ ဆီးရီးယား အတိုက်အခံတွေကပါ ပြောကြပါတယ်။

အီဒလစ်ပြည်နယ်ကို အရှေ့နဲ့ အနောက်ကို ဖောက်လုပ်ထားတဲ့ M4 အဓိကအဝေးပြေးလမ်းမကြီးမှာ ပူးတွဲကင်းလှည့်ခဲ့တာ ဖြစ်ပြီး ဒါဟာ အခုလအစောပိုင်းက တူရကီနဲ့ ရုရှားကြား လက်မှတ်ထိုး သဘောတူထားတဲ့ အပစ်ရပ် သဘောတူညီချက်တစ်စိတ်တစ်ပိုင်းအရပဲ ဖြစ်ပါတယ်။

ဆီးရီးယားအစိုးရတပ်တွေနဲ့ တူရကီစစ်တပ် တိုက်ရိုက်ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ရာမှာ တင်းမာမှုတွေ လျှော့ချနိုင်ရေးအတွက် တူရကီနဲ့ ရုရှားဟာ ဒီလ အစောပိုင်းက အပစ်ရပ် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

မြေထဲပင်လယ်ကနေ အီရတ်နယ်စပ်အထိ ဖောက်လုပ်ထားတဲ့ M4 အဝေးပြေးလမ်းမကြီးဟာ ၂၀၁၂ ခုနှစ်ကတည်းက တစ်စိတ်တစ်ပိုင်း ပိတ်ထားရတဲ့ မဟာဗျူဟာ အဝေးပြေးလမ်းမကြီးပဲ ဖြစ်ပါတယ်။

ဒီ အဝေးပြေးလမ်းမကြီးမှာ တူရကီနဲ့ ရုရှားတပ်တွေ လုံခြုံရေးပူးတွဲကင်းလှည့်တာ ဖြစ်ပေမယ့် ကန့်ကွက်ဆန္ဒပြမှုတွေ ကြုံတွေ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required