ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ ချိန်ဘာလိန်ရဲ့ TikTok ဗီဒီယို

ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ ချိန်ဘာလိန်ရဲ့ TikTok ဗီဒီယို

ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရတဲ့အချိန်မှာ ဘောလုံးသမားတွေအတွက်တော့ ပျင်းစရာဖြစ်နေမှာပါ။ တချို့က နေအိမ်မှာ ကိုယ်ပိုင်လေ့ကျင့်ခန်းအစီအစဉ်တွေ လုပ်နေကြသလို တချို့ကလည်း အိမ်ထဲက အိမ်ပြင်မထွက်ပဲ အနားယူနေကြပါတယ်။

အဲဒီထဲမှာ တခြားသူတွေနဲ့မတူပဲ ထူးခြားခဲ့တာက လီဗာပူးလ်အသင်း ကွင်းလယ်လူ ချိန်ဘာလိန် ပါပဲ။ အားလပ်ရက်မှာ သူနဲ့ သူ့ရဲ့ချစ်သူဖြစ်တဲ့ အဆိုတော်မလေး ပါရီ အက်ဒ်ဝပ် တို့က TikTok ဗီဒီယိုလေးတစ်ခု ဖန်တီးခဲ့ကြပြီး အဲဒီ ဗီဒီယိုလေးက ကြည့်ရှုသူ (၃)သန်းကျော်တောင် ရှိသွားခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးက အက ဗီဒီယိုလေး တစ်ခုပါ။ ပြီးခဲ့တဲ့ စနေညတုန်းက ချိန်ဘာလိန်က သူ့ရဲ့တွစ်တာမှာ တင်လိုက်တာဖြစ်ပြီး လိုက်ဖက်ညီတဲ့ ကနေပုံလေးတွေကြောင့် ပရိသတ်တွေ သဘောကျခဲ့ကြတာပါ။

သူတို့ရဲ့ အက ကတော့ ခြေအနှုတ်အသိမ်းမြန်မြန်နဲ့ လှေကားထစ်တွေကို တက်ပြတဲ့ အက ပါပဲ။ သူတို့နှစ်ယောက်က လှေကားအောက်ခြေကနေ သီချင်းသံနဲ့အတူ တစ်ထစ်ချင်း တက်လာခဲ့ပြီး တကယ့်ကို ကြည့်ကောင်းတဲ့ ဗီဒီယိုလေး ဖြစ်ခဲ့ပါတယ်။

 
 
 
 

 
 
 
 
 
 
 
 
 

He never takes photo ops seriously... If you can’t beat em, join em!

A post shared by Perrie Edwards (@perrieedwards) on

Little Mix ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ပါရီ ကလည်း သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ဒီ ဗီဒီယို ကို တင်သွားခဲ့ပြီး အားပေးသူအများကြီး ရှိခဲ့တာပါ။

ချိန်ဘာလိန်ရဲ့ ပရိသတ်တွေကတော့ ဒဏ်ရာ မကြာခဏ ရနေတတ်တဲ့ ချိန်ဘာလိန်အနေနဲ့ ဒီလို အကမျိုး ကဖို့ ကြိုးစားတာဟာ အန္တရာယ်ရှိကြောင်းနဲ့ သူ့အနေနဲ့ နောက်ထပ် လှေကားထစ် တစ်ထစ်သာ ထပ်တက်လိုက်မယ်ဆိုရင် သေချာပေါက် ဒူးဒဏ်ရာ ရသွားနိုင်တဲ့အကြောင်းကို ဟာသလုပ်ပြီး မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

ချိန်ဘာလိန်ကသာ ဒီလို ပျော်ပျော်ရွှင်ရွှင်နဲ့ က နေနိုင်ပေမယ့် လီဗာပူးလ်အသင်းတာဝန်ရှိသူတွေနဲ့ အသင်းရဲ့ အမာခံ ပရိသတ်တွေကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လီဗာပူးလ်အသင်း ဖလားမရမှာကို စိတ်ပူနေကြပြီး ပြိုင်ပွဲကို အဆင်ပြေပြေနဲ့ ဆက်လက် ကစားနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required