နိုင်ဂျီးရီးယားမှာ ၁၀ နှစ်ကြာ ရပ်နားထားခဲ့ရတဲ့ Argungu ငါးဖမ်းပွဲကို ယခုနှစ်မှာ ပြန်လည်ကျင်းပ

နိုင်ဂျီးရီးယားမှာ ၁၀ နှစ်ကြာ ရပ်နားထားခဲ့ရတဲ့ Argungu ငါးဖမ်းပွဲကို ယခုနှစ်မှာ ပြန်လည်ကျင်းပ

မတ် ၁၅။            ။ နိုင်ငံတွင်း မငြိမ်မသက်မှုတွေကြောင့် နိုင်ဂျီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်နှစ်လုံးလုံး မကျင်းပဖြစ်ဘဲ ရပ်နားထားခဲ့ရတဲ့ နာမည်ကျော် Argungu နိုင်ငံတကာ ငါးဖမ်းပွဲနဲ့ ယဉ်ကျေးမှုပွဲတော်ကို မတ်လ ၁၄ ရက်မှာ ပြန်လည် ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။

Argungu မြို့မှာ လေးရက်ကြာ ကျင်းပတဲ့ ဒီ ငါးဖမ်းပွဲကတော့ အာဖရိက ဆာဟာရ ဒေသခွဲအတွင်းက သက်တမ်းအကြာဆုံး ပွဲလည်း ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၃၀ လောက်ကတည်းက ကျင်းပလာခဲ့တာလို့ သိရပါတယ်။

ဒီ ပွဲတော်ကို ကျင်းပတိုင်းလည်း ငါးဖမ်းသမား ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး စိတ်ဝင်စားသူများပြားလေ့ ရှိပါတယ်။

Argungu ငါးဖမ်းပွဲကတော့ နိုင်ဂျီးရီးယားရဲ့ အကျော်ကြားဆုံး ယဉ်ကျေးမှုပွဲတွေအနက်က တစ်ခုဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်းမှာ မငြိမ်မသက်မှုတွေ ဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆယ်နှစ်လောက်မှာ ဒီပွဲကို မကျင်းပဖြစ်ခဲ့ဘဲ အဆက်ပြတ်နေခဲ့ရာမှာ ယခုနှစ် ယင်းပွဲကို ပြန်လည်ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required