ကိုရိုနာအရေး‌ပေါ်အခြေအနေတစ်ရပ်အဖြစ် စပိန်တစ်နိုင်ငံလုံး အဝင်အထွက်ပိတ်ဆို့

ကိုရိုနာအရေး‌ပေါ်အခြေအနေတစ်ရပ်အဖြစ် စပိန်တစ်နိုင်ငံလုံး အဝင်အထွက်ပိတ်ဆို့

မတ် ၁၄

စပိန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်အခြေအနေတစ်ရပ်အနေဖြင့် တစ်နိုင်ငံလုံးကို အဝင်အထွက်ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း အစိုးရက ကြေညာချက်ထုတ်ပြန်လိုက်သည်။

နိုင်ငံသားများကိုလည်း အစားအသောက်နှင့်ဆေးဝါးဝယ်ခြင်း၊ ဆေးရုံသွားခြင်း၊ အလုပ်သွားခြင်း သို့မဟုတ် အရေးပေါ်ကိစ္စရပ်များမှအပ အိမ်၌နေရန် ညွှန်ကြားသွားမည်ဟုဆိုသည်။

စပိန်ပြည်ထဲရေးဝန်ကြီးကလည်း ဒေသတွင်းနှင့် ပြည်နယ်များအပါအဝင် ရဲတပ်ဖွဲ့များအားလုံးကို ကြပ်မတ်ကိုင်တွယ် တာဝန်ပေးသွားမည်ဟု El Mundo သတင်းစာ၌ဖော်ပြထားသည်။

လုပ်ငန်းဆောင်တာများဆုံးဖြတ်ရန်အလို့ငှာ ကက်ဘိနက်အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ၌ ကျင်းပသွားရန်ရှိသည်။

စနေနေ့၌လည်း ယူကေမှ စပိန်သို့ဦးတည်ပျံသန်းလာနေသော လေယာဉ်များကိုလည်း နောက်ပြန်လှည့်ရန် ညွှန်ကြားခဲ့သည်။

စပိန်၌ ကိုရိုနာကူးစက်ခံရသူ ၅၇၅၃ ဦးရှိပြီး ထက်ဝက်ခန့်မှာ မြို့တော် မက်ဒရစ်မှဖြစ်သည်။

လာမည့်ရက်များအတွင်း ကိုရိုနာကူးစက်ခံရသူ ၁၀ ၀၀၀ ခန့်ရောက်ရှိနိုင်ကြောင်း ဝန်ကြီးချုပ် Pedro Sanchez က ယမန်နေ့က ပြောခဲ့သည်။

ဥရောပနိုင်ငံများလည်း ကိုရိုနာဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်ခဲ့သောကြောင့် စပိန်သည်လည်း အီတလီကဲ့သို့ပင် နိုင်ငံအဝင်အထွက်ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

စပိန်တွင် မြို့တော်မက်ဒရစ်နှင့် အရှေ့မြောက်ပိုင်းရှိ Catalonia ပြည်နယ်တို့၌လည်း ဘားဆိုင်များ၊ စားသောက်ဆိုင်များနှင့် တခြားမလိုအပ်သော ဆိုင်အချို့ကို ပိတ်ရန် ဒေသအာဏာပိုင်များက ယမန်နေ့ကတည်းက ညွှန်ကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly