အီဂျစ်၌ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် လူ ၂၀ ခန့်သေဆုံး

အီဂျစ်၌ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် လူ ၂၀ ခန့်သေဆုံး

ကိုင်ရို၊ မတ် ၁၄။           ။ အီဂျစ်နိုင်ငံမှာ  မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ (၂၀) ခန့်သေဆုံးခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း အဆိုးရွား ရာသီဥတုဖြစ်တယ်လို့  ဝန်ကြီးချုပ် Mostafa Madbouli က မတ်လ ၁၃ ရက်က ပြောပါတယ်။

ကိုင်ရိုနဲ့ ကမ္ဘာ့လှည့်ခရီးသည်တွေစည်ကားတဲ့ လက်ခ်ဇော မြို့တို့မှာလည်း လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းခြင်း ရွှေ့ဆိုင်းခြင်းတွေ ပြုလုပ်ခဲ့ကြရပါတယ်။

မတ်လ ၁၄ ရက်နေ့မှာလည်း ကျောင်းတွေနဲ့တက္ကသိုလ်တွေကို ပိတ်ကြဖို့ တာဝန်ရှိသူတွေကို မှာကြားထားပါတယ်။

အီဂျစ်နိုင်ငံဟာ ဒီလိုရာသီဥတုမျိုးမကြုံရတာ နှစ်ပေါင်း ၄၀ နီးပါးရှိပြီလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ကိုင်ရိုတောင်ပိုင်း Zaraib မှာ လူ (၅) ဦးသေဆုံးခဲ့ပြီး အိမ်တွေလည်း ရေနဲ့မျောပါသွားခဲ့ကာ ကယ်ဆယ်ရေးလုပ်သားတွေက ရေကြီးမှုဒဏ်ခံရသူတွေကို ကူညီပေးနေကြပါတယ်။

ကိုင်ရိုမှာလည်း လူနှစ်ဦး ဓာတ်လိုက်ပြီးသေဆုံးခဲ့တယ်လို့ Akhbar el-Yom သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး စနေနေ့အထိ ရာသီဥတုဆိုးရွားမယ့်ပုံပေါ်မယ်လို့ ခန့်မှန်းထားကြပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required